Knowledge

စိန်အတုအစစ် မိမိ ကိုယ်တိုင် အိမ်တွင် အလွယ်တစ်ကူ ခွဲခြားနည်း..

ဒီတစ်ခါတော့ စိန် အတု အစစ် အကြမ်းအားဖြင့် မိမိ ကိုယ်တိုင် ဒီလို အချက် (၅) ချက်ဖြင့် ခွဲခြားလို့ ရပါတယ် ။

(၁) စိန်ကို ရေထဲနစ်ပြီး စမ်းသပ်ကြည့်ပါ။ စိန်အစစ်က သိပ်သည်းဆမြင့်သောကြောင့်.. ရေအောက်ထိ မြုပ်သွားရင် စိန်အစစ်ဖြစ်ပြီး မမြုပ်ပဲ ပေါ်နေတယ်ဆိုရင်တော့ အတုလို့ ယူဆလို့ရပါတယ်။

(၂) စိန်ကို အာငွေ့ရိုက်နည်းဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။ စိန်အစစ်မှာ အပူကို အလျင်အမြန်စုပ်ယူနိုင်သောကြောင့် အာငွေ့မှာ ချက်ချင်း ပျောက်သွားပြီး အနည်းငယ်ကြာမှ ပျောက်သွားရင်တော့ အတုဖြစ်နိုင်ချေ များပါတယ်။

(၃) စာအုပ်ကိုနောက်မှာထားပြီး စိန်ကိုကွယ်ပြီး ဖတ်ကြည့်ပါ။ စိန်အစစ်မှာ အလင်းယိုင်စေတတ်လို့ စာများဖတ်လို့ရမှာမဟုတ်ပဲ စာများဖတ်လို့ရနေသေးရင်တော့ အတုလို့ ယူဆလို့ရပါတယ်။

(၄) စာရွက်အဖြူ တစ်ရွက်ပေါ်မှာ အမဲရောင်အစက်ချပြီး အဲ့အစက်ပေါ်မှာ စိန်အပြားကို ကပ်ပြီး အချွန်ဘက်ကနေ ကြည့်ကြည့်ပါ။

စိန်အစစ်မှာ အလင်းယိုင်လို့ အစက်ကိုမြင်ရမှာမဟုတ်ပဲ မြင်နေရသေးပါက စိန်အတုလို့ ယူဆနိုင်ပါတယ်။

(၅) စိန်ကို စက္ကန့် အနည်းငယ်လောက် အပူပေးထားပါ။ ပြီးရင် ရေထည့်ထားတဲ့ ခွက်ထဲသို့အပူပေးထားတဲ့.. စိန်ကို ထည့်လိုက်ပါ။

ကွဲထွက်သွားရင် အတုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့စိန်အစစ်မှာ မာဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက် အပူပေးလဲ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

မူ ရင်း ရေး သား သူ နှင့် ဓာတ် ပုံ ပိုင် ရှင် များ အား လေ းစား စွ ာဖြင့် Credit ပေးပါသည်။