အမျိုးသမီးများအသက် ကရမက်တဲ့ ကရမက်က ဘာတွေကောင်းလဲ
“နံ့သာဖြူ နံ့ သာနီ အကျော်စမ္မာ ကရမက်ဆိုတဲ့ နံ့သာငါး မျိုးစာရင်းဝင်”
ကရမက် အကြောင်းရှင်းပြပါရစေ
ကရမက်ကအေးခါး အရသာနဲ့ အပူကို စုပ်ယူပေးနိုင် တဲ့ဆေးပါ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်း ပူတွေဟာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်။
တစ်ချို့က အပူအစပ်စား အအေးသောက်လို့ မထွက်ရတဲ့ အခိုးတွေစုဖွဲ့ တာ တစ်ချို့က ကံ စိတ်ဥတု အာဟာရ တစ်မျိုးမျိုးကြောင့် အကြိတ် အဖု ရည်ကြည်အိတ်နဲ့ ဆီးအိမ်နားက စုဖွဲ့ပူလို့ ခြေဖဝါးကစူးတာမျိုး
မီးယပ်အမျိုးမျိုးနဲ့ ရာသီသွေးဆုံးခါ နီးဖြစ်တဲ့ အရေပြားပေါ်က အကွက်တွေ ခန္ဓာကိုယ်ယားယံတာတွေ ပျောက်ကင်းစေ ပါတယ်။
ရေကိုဝအောင်ချိူး ပြီးရင် ကရမက်လေး ရေကြဲလေးလိမ်း အပူထွက်ပြီး အပူအောင်းတာသက်သာတော့ အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်။
ရေကိုဝအောင်ချိုးပြီး ကရမက်လေး ကိုသွေးပြီး လျက်ပေးရင်လည်း လျှာကနေတစ်ကိုယ်လုံးကအကြောတွေ ဆီရောက်ပြီး ကျန်းမာသက်ရှည် အပူအခိုးကင်းစေ ပါတယ်။
သွေးလိမ်းတာပဲဖြစ်ဖြစ်သောက် တာပဲဖြစ်ဖြစ် သလိပ်ကြေစေတယ် နှလုံးရောဂါ ဆီးရောဂါနဲ့ ညောင်းကျရောဂါတွေလည်း ပျောက်ကင်းစေပါတယ် အပူများသူတွေ နေပူမီးပူထဲ အလုပ်လုပ်ရသူတွေအတွက် အကောင်းဆုံးက ကရမက်ပါ။
နေ့စဉ် ကရမက်လေးအသုံးပြုဖို့ တိုက်တွန်းပါရစေ…
ဆေးဖက်အသုံးဝင်ပုံ
“ဆီး ( ပူ၊ နည်း၊ ဝါ) ၊ ကျောက်ကပ်တွင်း အပူအောင်းပြီး ခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်း”အတွက် ကရမက်ကို ဆန်ဆေးရည် ဒုတိယရေကြည် နှင့် ရောသွေးပါ။ ဟင်းစားဇွန်း (၁) ဇွန်းခန့်၊ တစ်နေ့ (၃) ကြိမ် တစ်ပတ်ခန့် သောက်ပါရန်။
“ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊ အရေပြား၌ အဖု၊ အပိန့်ထွက်ခြင်းအတွက်” ကရမက်၊ ဧကရာဇ်မြစ် (၂) မျိုးရောသွေး။ သကြားကော်ဖီဇွန်း (၁) ဇွန်း ရောစပ်၍ ဟင်းစားဇွန်း (၁) ဇွန်း နံနက်၊ ည သောက်ပေးပါ။
“ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများ” အတွက် ကရမက်၊ ဇီးစေ့အဆန်၊ သကြား ဆတူရော အမှုန့်ပြု၍ ကော်ဖီဇွန်း (၁) ဇွန်း တစ်နေ့ (၂) ကြိမ်၊ ရေကျက်အေးဖြင့် သောက်ပါ။
“သွေးစုနာ၊ အနာစာဥ၊ အဖုအကျိတ်နာ “အတွက် ကရမက်၊ နံ့သာဖြူ၊ ဇာတိပ္ဖိုလ်သီးအဆန် (၃) မျိုး ရောသွေး၍ တစ်နေ့ (၄) (၅) ကြိမ် လိမ်းပေးပါ။
“မီးယပ်သွန်၊ မီးယပ်လွန်၊ သားအိမ်တွင် အနာချို့ ယွင်းချက် ရှိသူများ အတွက်” ကရမက်သွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင် နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း (၁) ဇွန်း ရောစပ်ပြီး တစ်နေ့ (၃) ကြိမ် ရေကျက်အေးဖြင့်သောက် ပါ။
“အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက်” ကရမက်သွေးရည် ဟင်းစားဇွန်း (၁)ဇွန်းတွင်၊ မီးကွင်း ဂမုန်းသတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သကြား ဟင်းစားဇွန်း (၁) ဇွန်း ရောစပ်ကာ တစ်နေ့ (၃) ကြိမ် တိုက်ပေးပါ။
“မီးယပ်ဖြူဆင်းလျှင် “ကရမက်ကို ဆန်ဆေးရည် ဒုတိယအရည်နှင့် ရောသွေး။ ဆေးရည် ဟင်းစားဇွန်း (၁) ဇွန်းတွင် သကြားဇွန်း တစ်ဝက်၊ သံပုရာရည် ဇွန်းတစ်ဝက်၊ ထို (၃) မျိုးပေါင်းပြီး ဟင်းစားဇွန်း (၂) ဇွန်းခန့်အား နံနက်၊ ညသောက်ပါ။
“ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက်” ကရမက်၊ ဥပသကာမြစ် (၂) မျိုးသွေးရည် ဟင်းစားဇွန်း (၁) ဇွန်းတွင် သံပုရာရည် ဇွန်းတစ်ဝက်စပ်၊ တနေ့(၂)ကြိမ် စွဲသောက်ပါ။
“အပူလောင်နာများအတွက် “ကရမက် ပျစ်ပျစ်သွေး၊ တရော်ကင်ပွန်းရည်နှင့် စပ်၍ မကြာခဏလိမ်းပေးပါ။
“အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊ အညှော်မိ၊ မန်းဝင်၊ အနာရောင်ခြင်းအတွက်” ကရမက်၊ ဇာတိပ္ဖိုလ်သီးအဆံ ကိုရောသွေးပြီး နိုင်နိုင်လိမ်းပေး ပါက ယူပစ်သလို သက်သာပါမည်။
“ကလေးများ အနာမီး၊ အနာစက်ရောဂါများ အတွက်” ကရမက်၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီး အနာကို မကြာခဏ လိမ်းပေးက သက်သာပျောက် ကင်းဧ။်။
“ဆီးအိမ်တွင် ဆီးရှိပြီး၊ ဆီးခုံရောင်တင်း၍ ဆီးပူ၊ ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်း အတွက် “ကရမက်ကို ဆန်ဆေးရည် ပထမအရည်နှင့် ရောသွေး၊ ဆီးခုံနှင့် ဆီးသွားအင်္ဂါတွင် နိုင်နိုင်လိမ်းအုံပေးပါက ချက်ခြင်းဆီး သွားနိုင်ပါမည်။
“ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ မီးတွင်းခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်ရိုးကိုက်၍ ခေါင်းအုံ၊ ခေါင်းမကြည် လင်ခြင်း အတွက် “ကရမက် အစကို ဓားဖြင့်အနည်းငယ်ခြစ်ယူပြီး နနွင်းမှုန့်နှင့် ဆတူရော၍ မီးခဲပေါ် တင်ပြီး အငွေ့မှိုင်းကို ရှူပေးလျှင် ချက်ခြင်းသက်သာဧ။်။
“အနာရွတ်ဖြူခြင်း၊ မီးယပ် ကွက်ပေါ်ပြီး အဖြူကွက်၊ ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက် “ကရမက်၊ နံ့သာနီ ရောသွေး၍ တစ်နေ့ (၃) ကြိမ်ခန့် လိမ်းပေးပါ။
“ကလေး၊ လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်း အတွက် “ကရမက်၊ နံ့သာဖြူ (၂) မျိုး ရောသွေး၍ နဖူးကို (ပထမ) စလိမ်းပါ။ (၅) မိနစ်ခန့်စောင့် ပါက အပူများ ထွက်ပါမည်။
(ဒုတိယ) နဖူးနှင့် ချိုင်းနှစ်ဖက် လိမ်းပါ။ (၅) မိနစ်ခန့် စောင့်ပါ။
(တတိယ) ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆေးရည် နိုင်နိုင် လိမ်းခြင်း အားဖြင့် အပူများ ပြင်ပသို့ လမ်းကြောင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။
{မှတ်ချက်} အပူကြီးသောသူများ ဆေးရည်ကို ခန္ဓာကိုယ် အနှံ့သို့ တစ်ခါထဲ မလိမ်းရန်။ ခန္ဓာကိုယ်ဧ။် အပူနှင့် ပြင်ပမှဆေးရည် ဆေးငွေ့တို့ ရုတ်တရက် ထိတွေ့ပါက
ရေနွေးပူ ထည့်သောဖန်ခွက်ကို ရုတ်ခြည်းရေအေးထည့် သကဲ့သို့ ” အပူအအေး ဝိရောဓိဓာတ်ပြင်းထန်ပြီး” ဖန်ခွက်လန့်၍ကွဲ သကဲ့သို့ ခန္ဓာကိုယ် သည်လည်း ရုတ်တရက် ရှော့ခ်ဖြစ်ပြီး ဦးနှောက်အာရုံကြောထိခိုက်ခြင်း၊
သတိမလည်ခြင်း များဖြစ်တတ် ပါ၍ ဦးနှောက်နှင့် အနီးဆုံးနေရာဖြစ် သည့် နဖူးမှစ၍ အပူဓာတ်ကို စတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါဧ။်။
Credit
အမ်ိဳးသမီးမ်ားအသက္ ကရမက္တဲ့ ကရမက္က ဘာေတြေကာင္းလဲ
“နံ့သာျဖဴ နံ့ သာနီ အေက်ာ္စမၼာ ကရမက္ဆိုတဲ့ နံ့သာငါး မ်ိဳးစာရင္းဝင္”
ကရမက္ အေၾကာင္းရွင္းျပပါရေစ…
ကရမက္ကေအးခါး အရသာနဲ႔ အပူကို စုပ္ယူေပးနိုင္ တဲ့ေဆးပါ ေရဓါတ္ခမ္းေျခာက္ အပူမ်ားလို႔ျဖစ္လာတဲ့ ခႏၶာကိုယ္တြင္းေအာင္း ပူေတြဟာ အသြင္သ႑ာန္ အမ်ိဳးမ်ိဳးနဲ႔ ျပတတ္ၾကပါတယ္။
တစ္ခ်ိဳ႕က အပူအစပ္စား အေအးေသာက္လို႔ မထြက္ရတဲ့ အခိုးေတြစုဖြဲ႕ တာ တစ္ခ်ိဳ႕က ကံ စိတ္ဥတု အာဟာရ တစ္မ်ိဳးမ်ိဳးေၾကာင့္ အႀကိတ္ အဖု ရည္ၾကည္အိတ္နဲ႔ ဆီးအိမ္နားက စုဖြဲ႕ပူလို႔ ေျခဖဝါးကစူးတာမ်ိဳး
မီးယပ္အမ်ိဳးမ်ိဳးနဲ႔ ရာသီေသြးဆုံးခါ နီးျဖစ္တဲ့ အေရျပားေပၚက အကြက္ေတြ ခႏၶာကိုယ္ယားယံတာေတြ ေပ်ာက္ကင္းေစ ပါတယ္။
ေရကိုဝေအာင္ခ်ိဴး ၿပီးရင္ ကရမက္ေလး ေရၾကဲေလးလိမ္း အပူထြက္ၿပီး အပူေအာင္းတာသက္သာေတာ့ အဖုအႀကိတ္ အရည္ၾကည္အိတ္ စတာေတြ သက္သာတယ္။
ေရကိုဝေအာင္ခ်ိဳးၿပီး ကရမက္ေလး ကိုေသြးၿပီး လ်က္ေပးရင္လည္း လၽွာကေနတစ္ကိုယ္လုံးကအေၾကာေတြ ဆီေရာက္ၿပီး က်န္းမာသက္ရွည္ အပူအခိုးကင္းေစ ပါတယ္။
ေသြးလိမ္းတာပဲျဖစ္ျဖစ္ေသာက္ တာပဲျဖစ္ျဖစ္ သလိပ္ေၾကေစတယ္ ႏွလုံးေရာဂါ ဆီးေရာဂါနဲ႔ ေညာင္းက်ေရာဂါေတြလည္း ေပ်ာက္ကင္းေစပါတယ္ အပူမ်ားသူေတြ ေနပူမီးပူထဲ အလုပ္လုပ္ရသူေတြအတြက္ အေကာင္းဆုံးက ကရမက္ပါ။
ေန႔စဥ္ ကရမက္ေလးအသုံးျပဳဖို႔ တိုက္တြန္းပါရေစ…
ေဆးဖက္အသုံးဝင္ပုံ
“ဆီး ( ပူ၊ နည္း၊ ဝါ) ၊ ေက်ာက္ကပ္တြင္း အပူေအာင္းၿပီး ခါးနာျခင္း၊ ဆီးအေရာင္ေနာက္ျခင္း၊ ဆီးတြင္ေသြးပါျခင္း”အတြက္ ကရမက္ကို ဆန္ေဆးရည္ ဒုတိယေရၾကည္ ႏွင့္ ေရာေသြးပါ။ ဟင္းစားဇြန္း (၁) ဇြန္းခန႔္၊ တစ္ေန႔ (၃) ႀကိမ္ တစ္ပတ္ခန႔္ ေသာက္ပါရန္။
“ဓာတ္မတည့္မႈေၾကာင့္ ေသြးယားျခင္း၊ အေရျပား၌ အဖု၊ အပိန႔္ထြက္ျခင္းအတြက္” ကရမက္၊ ဧကရာဇ္ျမစ္ (၂) မ်ိဳးေရာေသြး။ သၾကားေကာ္ဖီဇြန္း (၁) ဇြန္း ေရာစပ္၍ ဟင္းစားဇြန္း (၁) ဇြန္း နံနက္၊ ည ေသာက္ေပးပါ။
“ရင္တုန္၊ ႏွလုံးခုန္၊ မူးေဝ၍ အိပ္မေပ်ာ္သူမ်ား” အတြက္ ကရမက္၊ ဇီးေစ့အဆန္၊ သၾကား ဆတူေရာ အမႈန႔္ျပဳ၍ ေကာ္ဖီဇြန္း (၁) ဇြန္း တစ္ေန႔ (၂) ႀကိမ္၊ ေရက်က္ေအးျဖင့္ ေသာက္ပါ။
“ေသြးစုနာ၊ အနာစာဥ၊ အဖုအက်ိတ္နာ “အတြက္ ကရမက္၊ နံ့သာျဖဴ၊ ဇာတိပၹိဳလ္သီးအဆန္ (၃) မ်ိဳး ေရာေသြး၍ တစ္ေန႔ (၄) (၅) ႀကိမ္ လိမ္းေပးပါ။
“မီးယပ္သြန္၊ မီးယပ္လြန္၊ သားအိမ္တြင္ အနာခ်ိဳ႕ ယြင္းခ်က္ ရွိသူမ်ား အတြက္” ကရမက္ေသြးရည္ ဟင္းစားဇြန္း(၁) ဇြန္းတြင္ နႏြင္းမႈန႔္စစ္စစ္ ေကာ္ဖီဇြန္း (၁) ဇြန္း ေရာစပ္ၿပီး တစ္ေန႔ (၃) ႀကိမ္ ေရက်က္ေအးျဖင့္ေသာက္ ပါ။
“အပူဝမ္းသြားျခင္း၊ ေသြးဝမ္းသြားျခင္းအတြက္” ကရမက္ေသြးရည္ ဟင္းစားဇြန္း (၁)ဇြန္းတြင္၊ မီးကြင္း ဂမုန္းသတၱဳရည္ ဟင္းစားဇြန္း (၁) ဇြန္း၊ သၾကား ဟင္းစားဇြန္း (၁) ဇြန္း ေရာစပ္ကာ တစ္ေန႔ (၃) ႀကိမ္ တိုက္ေပးပါ။
“မီးယပ္ျဖဴဆင္းလၽွင္ “ကရမက္ကို ဆန္ေဆးရည္ ဒုတိယအရည္ႏွင့္ ေရာေသြး။ ေဆးရည္ ဟင္းစားဇြန္း (၁) ဇြန္းတြင္ သၾကားဇြန္း တစ္ဝက္၊ သံပုရာရည္ ဇြန္းတစ္ဝက္၊ ထို (၃) မ်ိဳးေပါင္းၿပီး ဟင္းစားဇြန္း (၂) ဇြန္းခန႔္အား နံနက္၊ ညေသာက္ပါ။
“ခႏၶာကိုယ္ အနံ့ဆိုးျခင္းအတြက္” ကရမက္၊ ဥပသကာျမစ္ (၂) မ်ိဳးေသြးရည္ ဟင္းစားဇြန္း (၁) ဇြန္းတြင္ သံပုရာရည္ ဇြန္းတစ္ဝက္စပ္၊ တေန႔(၂)ႀကိမ္ စြဲေသာက္ပါ။
“အပူေလာင္နာမ်ားအတြက္ “ကရမက္ ပ်စ္ပ်စ္ေသြး၊ တေရာ္ကင္ပြန္းရည္ႏွင့္ စပ္၍ မၾကာခဏလိမ္းေပးပါ။
“အမ်ိဳးသမီးကိုယ္အဂၤါပူျခင္း၊ အေညႇာ္မိ၊ မန္းဝင္၊ အနာေရာင္ျခင္းအတြက္” ကရမက္၊ ဇာတိပၹိဳလ္သီးအဆံ ကိုေရာေသြးၿပီး နိုင္နိုင္လိမ္းေပး ပါက ယူပစ္သလို သက္သာပါမည္။
“ကေလးမ်ား အနာမီး၊ အနာစက္ေရာဂါမ်ား အတြက္” ကရမက္၊ ၾသဇာသီးအေျခာက္၊ အုန္းဆီႏွင့္ေရာေသြးၿပီး အနာကို မၾကာခဏ လိမ္းေပးက သက္သာေပ်ာက္ ကင္းဧ။္။
“ဆီးအိမ္တြင္ ဆီးရွိၿပီး၊ ဆီးခုံေရာင္တင္း၍ ဆီးပူ၊ ဆီးေအာင့္၊ ဆီးမသြားနိုင္ျခင္း အတြက္ “ကရမက္ကို ဆန္ေဆးရည္ ပထမအရည္ႏွင့္ ေရာေသြး၊ ဆီးခုံႏွင့္ ဆီးသြားအဂၤါတြင္ နိုင္နိုင္လိမ္းအုံေပးပါက ခ်က္ျခင္းဆီး သြားနိုင္ပါမည္။
“ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ မီးတြင္းေခါင္းကိုက္ျခင္း၊ ဇက္ေၾကာထိုးျခင္း၊ မ်က္ရိုးကိုက္၍ ေခါင္းအုံ၊ ေခါင္းမၾကည္ လင္ျခင္း အတြက္ “ကရမက္ အစကို ဓားျဖင့္အနည္းငယ္ျခစ္ယူၿပီး နႏြင္းမႈန႔္ႏွင့္ ဆတူေရာ၍ မီးခဲေပၚ တင္ၿပီး အေငြ႕မွိုင္းကို ရႉေပးလၽွင္ ခ်က္ျခင္းသက္သာဧ။္။
“အနာရြတ္ျဖဴျခင္း၊ မီးယပ္ ကြက္ေပၚၿပီး အျဖဴကြက္၊ ၾကက္ဖင္ကြက္၊ ညႇင္းေပါက္ျခင္းအတြက္ “ကရမက္၊ နံ့သာနီ ေရာေသြး၍ တစ္ေန႔ (၃) ႀကိမ္ခန႔္ လိမ္းေပးပါ။
“ကေလး၊ လူႀကီး အဖ်ားႀကီး၍ ကိုယ္ပူႀကီးျခင္း အတြက္ “ကရမက္၊ နံ့သာျဖဴ (၂) မ်ိဳး ေရာေသြး၍ နဖူးကို (ပထမ) စလိမ္းပါ။ (၅) မိနစ္ခန႔္ေစာင့္ ပါက အပူမ်ား ထြက္ပါမည္။
(ဒုတိယ) နဖူးႏွင့္ ခ်ိဳင္းႏွစ္ဖက္ လိမ္းပါ။ (၅) မိနစ္ခန႔္ ေစာင့္ပါ။
(တတိယ) ခႏၶာကိုယ္ တစ္ကိုယ္လုံး ေဆးရည္ နိုင္နိုင္ လိမ္းျခင္း အားျဖင့္ အပူမ်ား ျပင္ပသို႔ လမ္းေၾကာင္းသင့္စြာ ထြက္ခြာနိုင္ပါလိမ့္မည္။
{မွတ္ခ်က္} အပူႀကီးေသာသူမ်ား ေဆးရည္ကို ခႏၶာကိုယ္ အႏွံ့သို႔ တစ္ခါထဲ မလိမ္းရန္။ ခႏၶာကိုယ္ဧ။္ အပူႏွင့္ ျပင္ပမွေဆးရည္ ေဆးေငြ႕တို႔ ႐ုတ္တရက္ ထိေတြ႕ပါက
ေရေႏြးပူ ထည့္ေသာဖန္ခြက္ကို ႐ုတ္ျခည္းေရေအးထည့္ သကဲ့သို႔ ” အပူအေအး ဝိေရာဓိဓာတ္ျပင္းထန္ၿပီး” ဖန္ခြက္လန႔္၍ကြဲ သကဲ့သို႔ ခႏၶာကိုယ္ သည္လည္း ႐ုတ္တရက္ ေရွာ့ခ္ျဖစ္ၿပီး ဦးေႏွာက္အာ႐ုံေၾကာထိခိုက္ျခင္း၊
သတိမလည္ျခင္း မ်ားျဖစ္တတ္ ပါ၍ ဦးေႏွာက္ႏွင့္ အနီးဆုံးေနရာျဖစ္ သည့္ နဖူးမွစ၍ အပူဓာတ္ကို စတင္ထြက္ခြာေစျခင္းပင္ ျဖစ္ပါဧ။္။
Credit