International News

ယနေ့နံနက်ပိုင်းက တူရကီမှာ အင်းအားရစ်ချ်တာစကေး ၇.၈ အဆင့်ရှိမြေငလျင်လှုပ်ခတ်မှုဖြစ်ခဲ့

ယနေ့နံနက်ပိုင်းက တူရကီမှာ အင်းအားရစ်ချ်တာစကေး ၇.၈အဆင့်ရှိမြေငလျင်လှုပ်ခတ်မှုဖြစ်ခဲ့

ဆီးရီးယားနဲ့ ထိစပ်နေတဲ့ တူရကီအရှေ့တောင်ပိုင်းမှာဖေဖော်ဝါရီ ၆ရက်မနက်ပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ၈ အဆင့်ရှိမြေငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အဦးတွေအများကြီး ပြိုကျပြီးလူတွေ အများကြီး ဆုံးရှုံးနိုင်တယ်လို့အရာရှိတွေကပြောကြားပါတယ်။

ကနဦးစာရင်းအရတူရကီမှာ လူ ၁၀ယောက်ထက်မနည်း အသက် ဆုံး ရှုံးတယ်လို့သိရပါတယ်။ငလျင်လှုပ်ခတ်ရာနေရာဆီရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေချက်ချင်းစေလွှတ်ထားတယ်လို့တူရကီ သမ္မတအာဒိုဂန်ကတွစ်တာမှာရေးသားဖော်ပြထားပါတယ်။အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲငလျင်လိုင်း ခြောက်ခုထက် မနည်း လှုပ်ခတ်ခဲ့ပြီး

ပျက်ဆီးနေတဲ့ အဆောက်အဦးတွေထဲကို မဝင်ကြဖို့ အများပြည်သူကို ပြည်ထဲရေးဝန်ကြီး ဆူလီမန်က တိုက်တွန်းထားပါတယ်။ပျက်စီးသွားတဲ့ အဆောက်အဦးတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပြီး ဆေးရုံတင်ပို့ရေးဟာမိမိတို့ရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့်အလုပ်ဖြစ်တယ်လို့ဆူလီမန်ကပြောကြားပါတယ်။

ဆီးရီးယားအနောက်မြောက်ပိုင်းကသူပုန်တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာလည်းငလျင်ကြောင့် အခြေအနေဆိုးရွားပြီး ပြိုကျသွားတဲ့အဆောက်အဦးတွေထဲမှာပိတ်မိနေသူတွေအများကြီးရှိတယ်လို့ သိရပါတယ်။တူရကီရဲ့အဓိကမြို့တစ်မြို့ဖြစ်တဲ့ ဂါဇီယန်တပ်က ၃၃ ကီလိုမီတာအကွာမှာဗဟိုပြုပြီး ငလျင်လှုပ်ခတ်တဲ့ ဖြစ်တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကပြောကြားပါတယ်။

ဒီငလျင်ဟာဗဟိုချက်ရဲ့ ၁၈ ကီလိုမီတာအနက်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီး ၁၀မိနစ်အကြာမှာရစ်ချ်တာစကေး ၆ ဒသမ၇ အဆင့်ရှိနောက်ဆက်တွဲငလျင်လှိုင်းတစ်ခုအပါအဝင်နောက်ဆက်တွဲလှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန် ငလျင်ပညာရှင်တွေကပြောကြားပါတယ်

ငလျင်လှုပ်ခတ်မှုကိုလက်ဘနွန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကခံစားခဲ့ရပြီးအရှေ့အလယ်ပိုင်းမှာ နှင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရချိန်မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။