Local News

နေ့စဥ် ဒေါ်လာစျေး၊ရွှေစျေးနှင့် စက်သုံးဆီစျေးနှုန်းများ ( 07 FEB 2023 Tuesday )

၂၀၂၃ခုနှစ် ဖေဖော်၀ါရီလ(၇)ရက်အင်္ဂါနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိဒေါ်လာငွေလဲလှယ်နှုန်းများ၊စက်သုံးဆီစျေးနှုန်းများနှင့် ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။

ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့် ရန်ကုန် ၉၂ တစ်လီတာ ၂၀၇၅ ကျပ်၊၉၅ တစ်လီတာ ၂၁၄၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၈၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၆၅ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၁၁၅ ကျပ်၊၉၅ တစ်လီတာ ၂၁၈၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၃၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၃၁၀ကျပ်နှင့်

မန္တလေး ၉၂ တစ်လီတာ ၂၁၂၀ ကျပ်၊၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၃၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၃၁၀ ကျပ်ဖြစ်ပြီး စက်သုံးဆီစျေးနှုန်း (၃)ရက်ဆက်တိုက်တည်ငြိမ်ပြီး ယနေ့ တစ်လီတာပျမ်းမျှ ကျပ် ၆၀ ၀န်းကျင် ဖြင့်အနည်းငယ်စျေးကျပါသည်။

ပြင်ပစျေးကွက်ရှိဒေါ်လာစျေးနှုန်းများအနေဖြင့်-

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2835 ကျပ်၊ Sell – 2845 ကျပ်
စင်ကာပူဒေါ်လာ -buy 2145 ကျပ်၊ Sell -2165ကျပ်
ဂျပန်ယန်း – buy 21.60 ကျပ်၊ Sell 22.40 ကျပ်
ယူရို – buy 3040 ကျပ်၊ Sell 3070 ကျပ်

ထိုင်းဘတ်ငွေ – buy 84.75 ကျပ်၊ Sell 85.75 ကျပ်
တရုတ်ယွမ် -buy 415 ကျပ်၊ Sell 420 ကျပ်
မလေးရှားရင်ဂစ် -buy 660 ကျပ်၊Sell 670 ကျပ်
အင်္ဂလန် ပေါင် – buy 3500 ကျပ်၊ Sell 3600 ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။

ယနေ့ ကမ္ဘာ့ရွှေစျေး မှာတစ်အောင်စလျှင် 1873 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး YGEA အသင်းမှထုတ်ပြန်သည့်ရည်ညွှန်စျေးမနက်(၁၀:၀၀)နာရီအချိန်တွင်အခေါက်ရွှေတစ်ကျပ်သား ၂၂၀၆၆၀၀/- ကျပ်ဖြင့်စျေးဖွင့်ကြောင်းသိရှိရပါသည်။

ဖေဖော်၀ါရီ (၇)ရက် ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ မနက်(၉:၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၈၅၀၀၀၀/-ကျပ်၊ ဝယ်စျေး ၂၈၄၅၀၀၀/- ကျပ်နှင့် ၁၅ပဲရည် ရွှေစျေး ၂၆၇၀၀၀၀/-ကျပ်ဖြင့်စျေးဖွင့်ပြီး မနက်(၁၁:၅၀)နာရီအချိန်တွင်အခေါက်ရွှေရောင်းစျေး -၂၈၄၅၀၀၀/-ကျပ်၊ဝယ်စျေး ၂၈၄၀၀၀၀/- ကျပ်နှင့်

၁၅ပဲရည် ရွှေစျေး ၂၆၇၅၀၀၀/-ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ဖေဖော်၀ါရီလ (၆)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင် ရန်ကုန်စျေးရောင်းစျေး ၂၈၄၅၀၀၀/- ကျပ်၊ ဝယ်စျေး ၂၈၄၀၀၀၀/- ကျပ်ဖြင့်စျေးပိတ်၍ အမေရိကန် တစ်ဒေါ်လာ sell 2855 ကျပ်၊ buy 2840ကျပ်ဖြင့်စျေးပိတ်ပြီး

ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် 1876 US ဒေါ်လာဖြင့်စျေးပိတ်သွားပါသည်။အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရှိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။