အငယ်ဆုံး သားသမီးလေးတွေဟာ ကြီးပွားအောင်မြင်မယ့် သူတွေ ဖြစ်ကြောင်း လေ့လာတွေ့ရှိ..
မိသားစုထဲမှာ ကလေးဆန်ပြီး ဂျစ်ကန်ကန်လေးတွေ လုပ်တတ်တဲ့၊ အနိုင်ကျင့် တတ်တာ အငယ်ဆုံး သားသမီးလေး တွေပါ ။
သုတေသန ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အရ အငယ်ဆုံးလေးတွေ ဟာ မောင်နှမတွေ အားလုံးထဲမှာ ကြီးပွားအောင်မြင် နိုင်ခြေ
အများဆုံး သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ အကြောင်းရင်းတွေကတော့…..
(၁) စူးစမ်း လေ့လာလို စိတ် ပိုရှိတယ်။
အငယ်ဆုံး သားသမီးလေးတွေဟာ စွန့်စားရဲတဲ့စိတ် ပိုရှိပါတယ်။ အရာရာကို စူးစမ်းလေ့လာလို စိတ်ရှိပြီး သတ္တိလည်း ပိုရှိကြပါတယ်။
သူတို့နဲ့ သင့်တော်မယ့် နေရာ၊ သူတို့အရည်အချင်းနဲ့ ကိုက်ညီမယ့် အလုပ်ကို ရအောင် ရှာဖွေချင်တဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် အောင်မြင်နိုင်ခြေပိုများရတာပါ။
(၂) ပျော်ပျော်နေတတ်တယ်။
အငယ်ဆုံး သားသမီးတွေဟာ ပျော်ပျော်နေတတ်ပြီး အနားမှာရှိတဲ့သူတွေကို ပျော်ရွှင်စေနိုင်ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ..
အကြီးဆုံး သားသမီးတွေဟာ တည်ကြည်တဲ့စိတ် ရှိပြီး အငယ်ဆုံး သားသမီးတွေကတော့ ပျော်ပျော်နေတတ်တဲ့ သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သူတို့ရဲ့ ပျော်ပျော်နေတတ်တဲ့ အကျင့်နဲ့ ရယ်စရာတွေ ဖန်တီးနိုင်တဲ့ အရည်အချင်းကြောင့် လူချစ်လူခင်များပြီး လိုအပ်တဲ့အခါ ကူညီမယ့်သူတွေ ရှိနေတာကြောင့် ပိုပြီးအောင်မြင်နိုင်ခြေ များရတာပဲ ဖြစ်ပါတယ်။
(၃) ပိုအေးဆေးတယ်။
YouGov ကပြုလုပ်တဲ့ သုတေသနတစ်ခုမှာ အငယ်ဆုံး သားသမီးတွေဟာ တခြားမွေးချင်း မောင်နှမတွေထက် ပိုပြီးအေးဆေးကြတာကို တွေ့ရပါတယ်။
ဒါကြောင့် အရေးအကြောင်း တစ်ခုခုဆိုရင် ပျာယာခတ် နေတာမျိုးမဖြစ်ပဲ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြေရှင်းမယ့် သူတွေဖြစ်တာကြောင့် အမှားနည်းပြီး ပိုတိကျတာကြောင့် အောင်မြင်နိုင်ခြေပိုများပါတယ်။
(၄) အပေါင်းအသင်း ဝင်ဆန့်တယ်။
Sulloway ရဲ့ တွေ့ရှိချက် အရ အငယ်ဆုံး သားသမီးလေးတွေ ဟာ ပေါင်းသင်း ဆက်ဆံရေး ပိုပြီးကောင်းမွန်ကြ ပါတယ်။ ခင်မင်ရ လွယ်တယ်၊
အလိုက် သိတယ်၊ စကားတတ် တယ် နောက်ပြီး သူတစ်ပါးနဲ့ တည့်အောင် ပေါင်းနိုင် တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင် ထားကြ ပါတယ် ။
ဒါကြောင့် အပေါင်းအသင်းများပြီး ရောက်လေရာမှာ မျက်နှာပွင့် တာကြောင့် အောင်မြင် နိုင်ခြေပို များရတာပါ။
(၅) ဖန်တီးနိုင်စွမ်း ပိုမြင့်တယ်။
အငယ်ဆုံး သားသမီးလေ းတွေဟာ တီထွင် ဖန်တီး နိုင်စွမ်း ပိုမြင့်မားကြ ပါတယ်။ သူများနဲ့ မတူပဲ ကွဲထွက်နေ ရတာမျိုး ကို ကြိုက် နှစ်သက်ပြီး
လုပ်တာချင်း အတူတူမှာ တောင် နည်းနည်းလေးပိုပြီး ဆန်းသစ် နိုင်တဲ့ သူတွေ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ပဲ အငယ်ဆုံး သားသမီးလေး တွေဟာ အနုပညာ လုပ်ငန်းတွေ၊
ဒီဇိုင်းရေးဆွဲ တာတွေမှာ သူများတွေ ထက်ပိုပြီး ထွန်းပေါက်အောင် မြင်နိုင်ခြေ ပိုများပါ တယ် နော်..။
Unicode
Credit – E.m E.m



