Knowledge

ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်ရှိ မြန်မာနိုင်ငံထုတ် ငါးပြားစေ့အကြောင်း.


Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး Captain Jack Sparrow နဖူးပေါ်မှာ

တွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ ။

အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow piece of eight လို့ခေါ်ပါတယ်။

ဒင်္ဂါးလေး တစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။ Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီး..

ဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။

Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ် ဒါပေမယ့် သူမရခဲ့ပါဘူး..

နောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီး

ရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ဒါက piece of eight အကြောင်းပါ ။

စကားမစပ် မိတ်ဆွေတို့ သတိထားမိပါသလား သေချာကြည့်ကြည့်ပါ အဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်

ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ်။

Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုက ဖြစ်ပါတယ်တဲ့။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာ..။

သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါ

ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး..

မြန်မာ့ငါးပြား မရှိတော့တဲ့အတွက် သူကံဆိုးသွားရတာ ဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင်

မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက်လိုက်ရပါတယ်။

Credit to Original

=============

Zawgyi


Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး Captain Jack Sparrow နဖူးပေါ်မှာ

တွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ ။

(Jack Sparrow piece of eight)

အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow piece of eight လို့ခေါ်ပါတယ်။

ဒင်္ဂါးလေး တစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။ Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီး

ဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။

Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ် ဒါပေမယ့် သူမရခဲ့ပါဘူး

နောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီး

ရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ဒါက piece of eight အကြောင်းပါ ။

စကားမစပ် မိတ်ဆွေတို့ သတိထားမိပါသလား သေချာကြည့်ကြည့်ပါ အဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်

ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ်။

Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုက ဖြစ်ပါတယ်တဲ့။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာ..

သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါ

ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး

မြန်မာ့ငါးပြား မရှိတော့တဲ့အတွက် သူကံဆိုးသွားရတာ ဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင်..။

မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက်လိုက်ရပါတယ် ။

Credit to Original