ကျောက်ကြေနည်း (၁၃) နည်း (ကျောက်တည်နေသူများအတွက် မျှဝေပေးလိုက်ပါတယ်နော်)..
၁။ ကျောက် ကွဲရွက်ကို အခြာက်လှန်းလ္ဘက်ခြောက်လို ခပ်သောက် အရွက်စိုကို ထမင်းနဲ့ အတို့ မြုတ်လို လုပ္စား ၁၀ ရက်စွဲသောက် သဲခြေကျောက်တောင် ပျော်က်တယ်။
၂။ အုန်းသီး စိမ်းထဲကို ငရုတ်ကောင်း မှုန့်ထည့် ပြီးစားပါ။ သောက်ပေးပါ။
၃။ ကျောက် ဖရုံသီးကို ခြစ်ယူပီး သကြားလေး နဲနဲ ထဲ့ အရည်ကို ညှစ်ပီးသောက် ရင်ပျောက် ပါ တယ်။
၄။ ကိုယ်တွေ့ပါ တပင်တိုင်မြနန်းဆေး ကိုသောက်ပါ။ ကျောက် ကြွေသွား ပါလိမ့်မည်။
၅။ ဖလံတောင်ဝှေး နှင့်ရေ ကြက် ချက်စားရင် ပျောက်ပါတယ်..။
၆။ သံမနိုင် ကျောက်မနိုင် ပင်ပြုတ်သောက် လည်းရပါတယ် ။
၇။ ကျွဲ နှာခေါင်းချိတ်ပင်ကိုဆန်ဆေးရည်နဲ့ပြစ်ပြစ်သွေးတနေ့နှစ်ကြိမ်သောက် ဆီးကျောက်ပျော်ကျပါတယ်
၈။ သည်းခြေ အိတ်မှာကျောက်တည်တာဆို ပန်းသီးစားတဲ့နည်းသုံးပါ လက်တွေ့ပျောက်ခဲ့ဘူးတာပါ။ ဆေးနည်း မသိခဲ့ရင်ပြောပေးပါမယ်. ပန်းသီးကို တနေ့ ၅ လုံး ၆ လုံး စားပါ ၆ရက်ဆက္တိုက္စားပါ။
၆ ရက်မြောက်နေ့မှာ ညစာ မစားဘဲ ညေန ၆နာရီမြာ ဆားခါး(ဆေးဆိုင်တွေမှာရပါတယ်) တဇွန်းသောက်ပါ။ ည 8 နာရီမြာ ဆားခါးတဇွန်းထပ်သောက်ပါ။ ည ဆယ္နာရီမွာ သံလွင်ဆီ / နှမ်းဆီ လက်ဘက်ရည်ပန်းကန်သေးတလုံးစာသောက်ပါ။ ဝမ်းသွားပါမယ်။ ဝမ်းထဲမွာ ကျောက်ကြေတွေပါသွားပါတယ်။
ကျောက်ကြီးရင်၂ခါ ၃ခါလောက်လုပ်ပါ။ တကယ်ပျောက်ပါတယ်။ လက်တွေ့ပါ။ နိုင်ငံခြားဆေးခန်းတခုမှာပြတော့ ကျောက်ကကြီးနေပြီမို့ တပတ်အတွင်းခွဲခိုင်းတာပါ။ ပန်းသီးနည်းတွေ့ပြီး စားကြည့်ရာက သက်သာသြားတာပါ။
၉။ ဆီးလမ်းကြောင်းကျောက်တည်ပျောက်ဆေးနည်း(ကျောက်ကပ်တွင်ကျောက် တည်ပါက ဤနည်းနှင့် မဆိုင်ပါ) အုန်း သီး(ဇွန်းခြစ်) ကိုအဝလှပ်ပါ ။ ယမ်းစိမ်းငရုတ်ကောင်းတစ် စေ့ ခန့်အမှုန့် ကြိတ်ပြီး အုန်းသီးထဲ ထဲ့ ပါ။ နာရီဝက္ထားပါ ။
ပြီးလျှင် အရည် အဖတ် အကုန် စား ပါ ။၁ နေ့ ၁ ကြိမ် သောက်ပါ။ ကျောက်ကြီးလျှင်၃ ရက် သောက် ပါ။ ယုံကြည် စိတ်ချစွာသောက်ပါ။ ကျွန်တော့ သူ ငယ်ချင်း လက်တွေ့ ပျောက်၍ သူ့အားမေးပြီး တင်ပြခြင်းဖြစ်ပါသည်။
၁၀။ ဆီးကျောက်တည်တာဆို ကြက်သွန်နီ အကွင်း လိုက်လှီးပြီး သကြားနဲ့ ရေတ ဖန်ခွက် စိမ်သောက်ပါ။
၁၁။ ဝက်သားနဲ့ဗေဒါရွက်ချက်စားငါးပြေ မနဲ့ စောင်းလျားသီးချက်စားပါ လက် တွေ့ပါ။
၁၂။ ငါးပုံသားကျောက်ကိုမီးဖုတ်ပီးအမူတ်ကြိတ်ပီးသောက်ပီးရင်အုန်းရည်သောက်ရပါတယ်။
၁၃။ ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ်ကျောက်တည် တာဆိုရင် ကျောက်ဖယုံသီးကို သဘေ်ာသီးခြစ်နဲ့ခြစ်ပြီး အရည်ကို ညစ်သောက်ပါ။ မ နက်တစ်စိပ်ညနေတစ်စိပ်သောက်ပါ။ တစ်လုံးကိုနှစ်ရက်သောက်လို့ရပါတယ်။
ကျောက်ဖယုံရည်က အရသာဆိုးပါတယ်။ သောက်ခါစ အကျင့်မရခင်မှာအရည်သောက်ပြီးလျှင် သကြား ထန်း လျက် စသဖြင့် အနည်းငယ်စားပြီး ခံ တွင်းအရသာဆိုးတာကို ဖြေနိုင်ပါတယ် .
ကိုယ်တွေ့မို ပြောပြလိုက်တာပါ။ ကျောက်ကြွေတဲ့အထိသောက်ရပါမယ်။ ကျောက်ကြွေတဲ့အခါ ဆီးနောက်ပါတယ်။ အမျိုးသားဆိုပါက ဆီးလမ်း ကြောင်းကျဉ်းတာမို့ကျောက်ကြွေချိန် ဆီးလမ်းကြောင်းနာကျဉ်တတ်ပါတယ်။
Credit – မူရင်း