Health Care

သင်ဟာ ဆံပင်ရှည်ထားသူဆိုရင် အိပ်ရာဝင်ချိန်မှာ ဒီနည်း (၆)ခုနဲ့ ဆံပင်ကို ဂရုစိုက်ပါ

သင်ဟာ ဆံပင်ရှည်ထားသူဆိုရင် အိပ်ရာဝင်ချိန်မှာ ဒီနည်း (၆) ခုနဲ့ ဆံပင်ကို ဂရုစိုက်ပါ

သင့်ရဲ့ အသားအရေကို ဂရုစိုက်သလို ဆံပင်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ညအိပ်ခါနီး အချိန်မှာ အသားအရေတွေ၊ မျက်နှာအတွက် ခရင်မ်တွေ၊ lotion တွေလိမ်းကြပေမယ့် ဆံပင်ကို ထိန်းသိမ်းဖို့ မေ့နေတတ်ကြပါတယ်။

ဆံပင်ကို စည်းပြီး မအိပ်ရင် မနက်အိပ်ယာထတဲ့အခါမှာ ရှုပ်ပွနေပြီး ကြည့်ရဆိုးစေပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ တခြား ဘယ်လိုအရာတွေပါ ထိခိုက်စေလဲ ဆိုတာကို love media ကနေ အောက်မှာ ဖော်ပြပေးသွားပါမယ်နော်။

၁။ အရင်ဆုံး ဆံပင်တွေက ရှုပ်ယှက်ခတ်နေပါမယ်။

အိပ်တဲ့အခါမှာ ဆံပင်မစည်းတာက ဆံပင်တွေကို ထုံးသွားစေနိုင်ပါတယ်။ ခေါင်းအုံးနဲ့ ဆံပင်ကလည်း တောက်လျှောက်ပွတ်တိုက် နေမိပါမယ်။

ဒါကြောင့် မနက်နိုးလာလို့ မှန်ကြည့်တဲ့အခါမှာ ဆံပင်တွေ ရှုပ်ပွတာကို အရင်မြင်နေရပါလိမ့်မယ်။ ကြာလာတဲ့အခါမှာတော့ ဆံပင်ကို မလှမပ ဖြစ်သွားစေပါတယ်။

၂။ ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။

သင်ဟာ ဝက်ခြံပေါက်လွယ်တတ်တဲ့သူ တစ်ဦးဆိုရင်တော့ အိပ်နေတဲ့အချိန်မှာ ဆံပင်ကို စည်းပြီးအိပ်တာက အကောင်းဆုံးပါပဲ။

သင့်ဆံပင်မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေ၊ ခေါင်းလိမ်းဆီတွေက သင့်ချွေးပေါက်တွေကို ပိတ်သွားစေနိုင်ပြီးတော့ ဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။

ပြီးတော့ အသားအရေကိုလည်း ခြောက်သွေ့စေပြီးတော့ ယားယံစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ရှည်တဲ့သူ အများစုဟာ ကျောကုန်းမှာ ဝက်ခြံတွေ ပေါက်နေတတ်ပြီးတော့ အိပ်တဲ့အခါမှာ ဆံပင်ကို သေချာလေး စည်းပြီးမှ အိပ်သင့်ပါတယ်။

၃။ ဆံပင်ရှည်တာကို ကြန့်ကြာစေတယ်။

သင့်ဆံပင်တွေ ရှုပ်ယှက်ခတ်နေတဲ့အခါမှာ cuticle ဟာ ကြီးလာပါတယ်။ တကယ်လို့ စည်းထားမယ် ဆိုရင်တော့ မလှမပဖြစ်နေတဲ့ ဆံသားတွေက ဖြည်းဖြည်းချင်းပြန်ပေါက်လာပြီး

ဆံပင်ရှည်တာကို အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်နေချိန်မှာ ဆံပင်စည်းထားတယ် ဆိုရင် သင့်ကို ဆံပင်အရှည် မြန်စေပါလိမ့်မယ်။

၄။ ဆံပင်အရောင် ဖျော့သွားနိုင်တယ်။

ဆံပင်အတွက် အကောင်းစား ဆေးတွေကို သုံးမယ်ဆိုရင် ဆံကေသာတွေ လှလာမယ်လို့ သင်ထင်နေပါလိမ့်မယ်။ တကယ်တော့ ဆေးအကောင်းစားတွေ သုံးနေတာနဲ့ပဲ ဆံပင်က မလှပနိုင်ပါဘူး။ဆေးတွေ

အသုံးပြုတာက ဆံပင်အစိုဓာတ်ကိုကုန်ခမ်းသွားစေ နိုင်ပါတယ်။ အိပ်တဲ့အခါမှာ ဆံပင်ကို ဖားလျားချထားတာကြောင့် ခေါင်းအုံးနဲ့ဆံပင်နဲ့ ပွတ်တိုက်မှုတွေဖြစ်လာပြီး ပွတ်တိုက်မှု

ပိုများလေလေ၊ အစိုဓာတ် အငွေ့ပျံလေလေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဆံပင်အရောင်တွေလည်း ဖျော့သွားစေပါတယ်။

၅။ ဆံပင်ကို နှစ်ခွဖြစ်စေတယ်။

ဆံပင်နှစ်ခွ ဖြစ်နေတာက စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဆံပင်တိုင်းသာ နှစ်ခွဖြစ်နေရင် တော်တော်ကို ကြည့်ရဆိုးစေ ပါတယ်။

အိပ်ရာမဝင်ခင်မှာ ဆံပင်ကို မစည်းထားဘူးဆိုရင် ညဘက်မှာ ဟိုဘက်ဒီဘက်လှည့်နေတာဟာ သင့်ဆံကေသာကို ကွဲအက်ခြင်းတွေကို ဖြစ်စေနိုင် ပါတယ်။

တကယ်လို့ သင်က ဆံပင်ကို စည်းမအိပ်ချင်ဘူး ဆိုရင်တော့ ပိုးသားခေါင်းအုံးစွပ်ကို သုံးသင့်ပါတယ်။

၆။ အိပ်စက်တာကိုလည်း ထိခိုက်စေပါတယ်။

ဆံပင်ကို စည်းထားတာက ညဘက်အိပ်တာကို အထောက်အကူ ဖြစ်စေတဲ့အပြင် မနက် အိပ်ယာထရင်လည်း လန်းဆန်းစေပါတယ်။

မစည်းထားဘူး ဆိုရင်တော့ ဆံပင်တွေက မျက်နှာပေါ်ကို ကျလာပြီးတော့အိပ်ရတာကို အနှောင့် အယှက် ဖြစ်စေပါတယ်။

သင့်ဆံပင် ကို ဂရုစိုက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဆံပင်ကို ညင်သာစွာ ဖြီးပြီး ကျစ်ဆံမြီး ကျစ်ပြီး အိပ်တာပဲ ဖြစ်ပါတယ်။

Bonus: အိပ်နေတဲ့အချိန်မှာ သင့်ဆံပင်ကို ဘယ်လို ဂရုစိုက်မလဲ။

ပုံစံမမှန်တဲ့ အိပ်စက်ခြင်းတွေက သင့် ဆံပင်ကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ သင်အိပ်နေတဲ့ အချိန်မှာ သင့်ဆံပင်ကို ဂရုစိုက်ဖို့ လွယ်ကူတဲ့ နည်းလမ်းများစွာရှိပါတယ်။

– ခေါင်းကို ပဝါနဲ့ပတ်ပါ။ ဖဲပဝါတွေ၊ ပိုးသားတွေက သင့်ဆံပင်နှစ်ခွ ဖြစ်တာကနေ ကာကွယ်ပေးပြီးတော့ ဆံပင်က အစိုဓာတ်တွေကိုလည်း မစုတ်ယူပါဘူး။

– သင့်ဆံပင်ကို ကျစ်ပြီး မျှော့ကြိုးနဲ့မချည်ဘဲ အစား ခေါင်းစည်းကြိုးအပျော့လေးနဲ့ ချည်ပါ

– ကျစ်ဆံမြီး အမြဲကျစ်ပေးပါ။ ညဘက် အိပ်ယာဝင်တဲ့အခါမှာ မျက်နှာပေါ်ကိုလည်း ဆံပင်တွေ မကျတော့သလို အိပ်ယာထတဲ့ အခါမှာလည်း ဆံပင်က လှိုင်းတွန့်လေးတွေလို သဘာဝအတိုင်း ဖြစ်နေပါလိမ့်မယ်။

Zombie (lovemedia)

သင္ဟာ ဆံပင္ရွည္ထားသူဆိုရင္ အိပ္ရာဝင္ခ်ိန္မွာ ဒီနည္း (၆) ခုနဲ႔ ဆံပင္ကို ဂ႐ုစိုက္ပါ

သင့္ရဲ႕ အသားအေရကို ဂ႐ုစိုက္သလို ဆံပင္ကိုလည္း ဂ႐ုစိုက္သင့္ပါတယ္။ ညအိပ္ခါနီး အခ်ိန္မွာ အသားအေရေတြ၊ မ်က္ႏွာအတြက္ ခရင္မ္ေတြ၊ lotion ေတြလိမ္းၾကေပမယ့္ ဆံပင္ကို ထိန္းသိမ္းဖို႔ ေမ့ေနတတ္ၾကပါတယ္။

ဆံပင္ကို စည္းၿပီး မအိပ္ရင္ မနက္အိပ္ယာထတဲ့အခါမွာ ရႈပ္ပြေနၿပီး ၾကည့္ရဆိုးေစပါတယ္။ ဒါတင္မဟုတ္ေသးပါဘူး။ တျခား ဘယ္လိုအရာေတြပါ ထိခိုက္ေစလဲ ဆိုတာကို love media ကေန ေအာက္မွာ ေဖာ္ျပေပးသြားပါမယ္ေနာ္။

၁။ အရင္ဆုံး ဆံပင္ေတြက ရႈပ္ယွက္ခတ္ေနပါမယ္။

အိပ္တဲ့အခါမွာ ဆံပင္မစည္းတာက ဆံပင္ေတြကို ထုံးသြားေစႏိုင္ပါတယ္။ ေခါင္းအုံးနဲ႔ ဆံပင္ကလည္း ေတာက္ေလွ်ာက္ပြတ္တိုက္ ေနမိပါမယ္။

ဒါေၾကာင့္ မနက္ႏိုးလာလို႔ မွန္ၾကည့္တဲ့အခါမွာ ဆံပင္ေတြ ရႈပ္ပြတာကို အရင္ျမင္ေနရပါလိမ့္မယ္။ ၾကာလာတဲ့အခါမွာေတာ့ ဆံပင္ကို မလွမပ ျဖစ္သြားေစပါတယ္။

၂။ ဝက္ၿခံ ျဖစ္ေစႏိုင္ပါတယ္။

သင္ဟာ ဝက္ၿခံေပါက္လြယ္တတ္တဲ့သူ တစ္ဦးဆိုရင္ေတာ့ အိပ္ေနတဲ့အခ်ိန္မွာ ဆံပင္ကို စည္းၿပီးအိပ္တာက အေကာင္းဆုံးပါပဲ။

သင့္ဆံပင္မွာ ကပ္ေနတဲ့ ဖုန္မႈန႔္ေတြ၊ ေခါင္းလိမ္းဆီေတြက သင့္ေခြၽးေပါက္ေတြကို ပိတ္သြားေစႏိုင္ၿပီးေတာ့ ဝက္ၿခံေတြကိုျဖစ္ေစႏိုင္ပါတယ္။

ၿပီးေတာ့ အသားအေရကိုလည္း ေျခာက္ေသြ႕ေစၿပီးေတာ့ ယားယံေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆံပင္ရွည္တဲ့သူ အမ်ားစုဟာ ေက်ာကုန္းမွာ ဝက္ၿခံေတြ ေပါက္ေနတတ္ၿပီးေတာ့ အိပ္တဲ့အခါမွာ ဆံပင္ကို ေသခ်ာေလး စည္းၿပီးမွ အိပ္သင့္ပါတယ္။

၃။ ဆံပင္ရွည္တာကို ၾကန႔္ၾကာေစတယ္။

သင့္ဆံပင္ေတြ ရႈပ္ယွက္ခတ္ေနတဲ့အခါမွာ cuticle ဟာ ႀကီးလာပါတယ္။ တကယ္လို႔ စည္းထားမယ္ ဆိုရင္ေတာ့ မလွမပျဖစ္ေနတဲ့ ဆံသားေတြက ျဖည္းျဖည္းခ်င္းျပန္ေပါက္လာၿပီး

ဆံပင္ရွည္တာကို အေထာက္အကူ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အိပ္ေနခ်ိန္မွာ ဆံပင္စည္းထားတယ္ ဆိုရင္ သင့္ကို ဆံပင္အရွည္ ျမန္ေစပါလိမ့္မယ္။

၄။ ဆံပင္အေရာင္ ေဖ်ာ့သြားႏိုင္တယ္။

ဆံပင္အတြက္ အေကာင္းစား ေဆးေတြကို သုံးမယ္ဆိုရင္ ဆံေကသာေတြ လွလာမယ္လို႔ သင္ထင္ေနပါလိမ့္မယ္။ တကယ္ေတာ့ ေဆးအေကာင္းစားေတြ သုံးေနတာနဲ႔ပဲ ဆံပင္က မလွပႏိုင္ပါဘူး။ေဆးေတြ

အသုံးျပဳတာက ဆံပင္အစိုဓာတ္ကိုကုန္ခမ္းသြားေစ ႏိုင္ပါတယ္။ အိပ္တဲ့အခါမွာ ဆံပင္ကို ဖားလ်ားခ်ထားတာေၾကာင့္ ေခါင္းအုံးနဲ႔ဆံပင္နဲ႔ ပြတ္တိုက္မႈေတြျဖစ္လာၿပီး ပြတ္တိုက္မႈ

ပိုမ်ားေလေလ၊ အစိုဓာတ္ အေငြ႕ပ်ံေလေလ ျဖစ္လာပါတယ္။ ဒါ့ေၾကာင့္ ဆံပင္အေရာင္ေတြလည္း ေဖ်ာ့သြားေစပါတယ္။

၅။ ဆံပင္ကို ႏွစ္ခြျဖစ္ေစတယ္။

ဆံပင္ႏွစ္ခြ ျဖစ္ေနတာက စိတ္အေႏွာက္အယွက္ ျဖစ္ေစပါတယ္။ ဆံပင္တိုင္းသာ ႏွစ္ခြျဖစ္ေနရင္ ေတာ္ေတာ္ကို ၾကည့္ရဆိုးေစ ပါတယ္။

အိပ္ရာမဝင္ခင္မွာ ဆံပင္ကို မစည္းထားဘူးဆိုရင္ ညဘက္မွာ ဟိုဘက္ဒီဘက္လွည့္ေနတာဟာ သင့္ဆံေကသာကို ကြဲအက္ျခင္းေတြကို ျဖစ္ေစႏိုင္ ပါတယ္။

တကယ္လို႔ သင္က ဆံပင္ကို စည္းမအိပ္ခ်င္ဘူး ဆိုရင္ေတာ့ ပိုးသားေခါင္းအုံးစြပ္ကို သုံးသင့္ပါတယ္။

၆။ အိပ္စက္တာကိုလည္း ထိခိုက္ေစပါတယ္။

ဆံပင္ကို စည္းထားတာက ညဘက္အိပ္တာကို အေထာက္အကူ ျဖစ္ေစတဲ့အျပင္ မနက္ အိပ္ယာထရင္လည္း လန္းဆန္းေစပါတယ္။

မစည္းထားဘူး ဆိုရင္ေတာ့ ဆံပင္ေတြက မ်က္ႏွာေပၚကို က်လာၿပီးေတာ့အိပ္ရတာကို အေႏွာင့္ အယွက္ ျဖစ္ေစပါတယ္။

သင့္ဆံပင္ ကို ဂ႐ုစိုက္ဖို႔ အေကာင္းဆုံး နည္းလမ္းကေတာ့ ဆံပင္ကို ညင္သာစြာ ၿဖီးၿပီး က်စ္ဆံၿမီး က်စ္ၿပီး အိပ္တာပဲ ျဖစ္ပါတယ္။

Bonus: အိပ္ေနတဲ့အခ်ိန္မွာ သင့္ဆံပင္ကို ဘယ္လို ဂ႐ုစိုက္မလဲ။

ပုံစံမမွန္တဲ့ အိပ္စက္ျခင္းေတြက သင့္ ဆံပင္ကို အနည္းနဲ႔အမ်ား ထိခိုက္ေစပါတယ္။ သင္အိပ္ေနတဲ့ အခ်ိန္မွာ သင့္ဆံပင္ကို ဂ႐ုစိုက္ဖို႔ လြယ္ကူတဲ့ နည္းလမ္းမ်ားစြာရွိပါတယ္။

– ေခါင္းကို ပဝါနဲ႔ပတ္ပါ။ ဖဲပဝါေတြ၊ ပိုးသားေတြက သင့္ဆံပင္ႏွစ္ခြ ျဖစ္တာကေန ကာကြယ္ေပးၿပီးေတာ့ ဆံပင္က အစိုဓာတ္ေတြကိုလည္း မစုတ္ယူပါဘူး။

– သင့္ဆံပင္ကို က်စ္ၿပီး ေမွ်ာ့ႀကိဳးနဲ႔မခ်ည္ဘဲ အစား ေခါင္းစည္းႀကိဳးအေပ်ာ့ေလးနဲ႔ ခ်ည္ပါ။

– က်စ္ဆံၿမီး အၿမဲက်စ္ေပးပါ။ ညဘက္ အိပ္ယာဝင္တဲ့အခါမွာ မ်က္ႏွာေပၚကိုလည္း ဆံပင္ေတြ မက်ေတာ့သလို အိပ္ယာထတဲ့ အခါမွာလည္း ဆံပင္က လႈိင္းတြန႔္ေလးေတြလို သဘာဝအတိုင္း ျဖစ္ေနပါလိမ့္မယ္။

Zombie (lovemedia)