အသားထူထူ အစေ့နဲနဲ ပြွတ်ခဲနေအောင်သီးစေတဲ့ သင်္ဘောပင်စိုက်ပျိုးနည်းလမ်းကောင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး သင်္ဘော အစေ့ကို ၁ ရက်နေလှန်းပြီး ပျိုးပင်ဖောက်ပါ။အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါခွဲစိုက်မယ့်နေရာအတွက်အောက်
ပါအတိုင်းလုပ်ဆောင်ပေးရပါမယ်။
၁။ တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲတူးပြီးတွင်းထဲကိုသစ်ရွက်ခြောက်ဖြစ်စေကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။နှစ်ကြိမ်ပြုလုပ်
ရန်လိုအပ်ပါသည်။ပြာကျပြီးတာနဲ့တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။
၂။ အပင်စိုက်မယ့်တွင်းအောက်ခြေမှာထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီးထုံးပေါ်မှာ မြေဆွေးလက်ငါးသစ်ခန့်ထည့်ပါ။
၃။ လ္ဘက်ရည်ဆိုင်တွေမှာစွန့်ပစ်စုပုံထားကြတဲ့နှပ်ပြီးသားအချိုခြောက်အဖတ်တွေကိုယူနွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေ
လှန်းပါ။ပြီးလျှင်တွင်းထဲသို့တစ်ထွာခန့်ထပ်ဖြည့်ပါ။၄င်း အပေါ်မှထပ်မံ၍မြေဆွေးအပြည့်ထည့်လိုက်ပြီးပျိုးပင်ကိုစိုက်ပျိုးပါ။
၄။ ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါအပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။နံနက်စောစောနှင့်နေဝင်ပြီး
ချိန်၌တစ်နေ့နှစ်ကြိမ်ရေမှန်မှန်လောင်းရပါမယ်။
အဝါရောင်အသားရှိတဲ့သင်္ဘောသီးကိုအနီရောင်ဖြစ်စေချင်ရင်တော့အောက်ခြေမှာဖြူးထားတဲ့ထုံးမှုန့်ကို မီးသွေးအမှုန့်နဲ့ဆတူရောစပ်ပြီး
စိုက်ပါ။
thai agriculture magazine
အသားထူထူ အေစ့နဲနဲ ႁပြတ္ခဲေနေအာင္သီးေစတဲ့ သေဘၤာပင္စိုက္ပ်ိဳးနည္းလမ္းေကာင္းေလးကို ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။
အရင္ဆုံး သေဘၤာ အေစ့ကို ၁ ရက္ေနလွန္းၿပီး ပ်ိဳးပင္ေဖာက္ပါ။အဲ့ဒီပ်ိဳးပင္ေလး (၇-ရက္)ျပည့္တဲ့အခါခြဲစိုက္မယ့္ေနရာအတြက္ေအာက္
ပါအတိုင္းလုပ္ေဆာင္ေပးရပါမယ္။
၁။ တြင္းဝ တစ္ေပ၊ အနက္တစ္ေပခြဲတူးၿပီးတြင္းထဲကိုသစ္ရြက္ေျခာက္ျဖစ္ေစေကာက္ရိုးေျခာက္ျဖစ္ေစ ထည့္ၿပီးမီးရွို႔ပါ။ႏွစ္ႀကိမ္ျပဳလုပ္
ရန္လိုအပ္ပါသည္။ျပာက်ၿပီးတာနဲ႔တြင္းထဲကို ေရအျပည့္ေလာင္းၿပီး တစ္ညထားပါ။
၂။ အပင္စိုက္မယ့္တြင္းေအာက္ေျခမွာထုံးမႈန္႔ငါးဆယ္သားခန္႔ျဖဴးၿပီးထုံးေပၚမွာ ေျမေဆြးလက္ငါးသစ္ခန္႔ထည့္ပါ။
၃။ လၻက္ရည္ဆိုင္ေတြမွာစြန္႔ပစ္စုပုံထားၾကတဲ့ႏွပ္ၿပီးသားအခ်ိဳေျခာက္အဖတ္ေတြကိုယူႏြားေခ်းေျခာက္ႏွင့္ဆတူ ေရာသမေမႊၿပီးတစ္ေန
လွန္းပါ။ၿပီးလၽွင္တြင္းထဲသို႔တစ္ထြာခန္႔ထပ္ျဖည့္ပါ။၄င္း အေပၚမွထပ္မံ၍ေျမေဆြးအျပည့္ထည့္လိုက္ၿပီးပ်ိဳးပင္ကိုစိုက္ပ်ိဳးပါ။
၄။ ပ်ိဳးပင္(၂-ေပ)ခန္႔ႀကီးလာတဲ့အခါအပင္ရင္းပတ္လည္ကို မီးဖိုကရတဲ့ျပာမႈန္႔၊ မီးေသြးမႈန္႔ေတြကို အုံထားေပးပါ။နံနက္ေစာေစာႏွင့္ေနဝင္ၿပီး
ခ်ိန္၌တစ္ေန႔ႏွစ္ႀကိမ္ေရမွန္မွန္ေလာင္းရပါမယ္။
အဝါေရာင္အသားရွိတဲ့သေဘၤာသီးကိုအနီေရာင္ျဖစ္ေစခ်င္ရင္ေတာ့ေအာက္ေျခမွာျဖဴးထားတဲ့ထုံးမႈန္႔ကို မီးေသြးအမႈန္႔နဲ႔ဆတူေရာစပ္ၿပီး
စိုက္ပါ။
thai agriculture magazine