Knowledge

၂ နှစ်လောက် ကိုက်နေတဲ့သွားကို နှစ်ရက် အတွင်း ပျောက်ကင်းသွားတဲ့နည်း..

၂ နှစ်လောက် ကိုက်နေတဲ့သွားကို နှစ်ရက် အတွင်း ပျောက်ကင်းသွားတဲ့နည်း..

ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ ဝေတနာရှင်ဗျ။ဒီလိုဗျ..၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ်…ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး

စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ ဒါပေမယ့် သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။

ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့်ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ

၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။နှစ်နှစ်ပြည့်တော့မယ်။ နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာြင်္ပီလေ။ရန်ကုန်ရောက်တော့ လှည်းတန်းသွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက

ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ် အေ းပြီ မို့ ဆက် ကု ပေါ့။သက်သာသလိုရှိပေမယ့် အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာ

ထဲထည့်ပေါ့..တမာရွက်တွေဝါး။တမာခေါက်ငုံ။ဆားရေငုံ မရပါဘူး။တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း

စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။

ဆိုရင် ခင်ဗျားတို့ယုံမလား..အံ့သြမလား..။ ကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့..။ ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။ဒါကြောင့်••အရမ်းဝမ်းသာလွန်းလို့အသက် ၆၀ ကျော် ၇၀ ကိုယ့်လိုသင်္ဂျိုင်းခြေတစ်လှန်း

ရောက်နေတဲ့ ဘဝတူတွေအတွက်စိတ်ဒါဏ်ရာတစ်ချို့သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။ကုနည်း..

၁။ကျောက်ချဉ် နှစ်ရာတန်တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ် အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံသန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးမှညှစ်လို့ရတဲ့အရည်နဲ့ပင်စိမ်းရောသမ ပြီးလျှင်တစ်နေ့သုံးကြိမ်ထည့် ဒါပဲ။

ဘ ဝ တူ များ ဝေ တ နာ ပျောက် ၍ လို ရာ ခ ရီ းရောက် ကြ ပါစေ..။

ခရက်ဒစ်