မိုးရွာဖို့နာရီအနည်းငယ်ပဲလိုပါတော့တယ်..
16/02/2023 🌧🌧🌧🌧🌧
ရက်ဝေးကြိုတင်ခန့်မှန်းပေးခဲ့တဲ့အတိုင်း အပြောင်းအလဲမရှိအချိန်အခါမဟုတ်မိုးတွေရွာပါတော့မယ်🌧🌧🌧🌧နောက် ၂၄နာရီအတွင်း
မွန်ပြည်နယ် ကရင်ပြည်နယ်ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းနေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသကြီးတွေမှာမိုးတွေရွာနိုင်ကာ
ဧရာဝတီတိုင်း ပဲခူးတိုင်း ရန်ကုန်တိုင်းတွေမှာ မိုးများနိုင်ပါတယ်
ရက်ဝေးကြိုတင်ခန့်မှန်းပေးခဲ့ပြီးဖြစ်လို့ ပျက်စီးမှုမရှိအောင် စိမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်ကြပြီးဖြစ်မယ်လို့ယူဆပါတယ်
မင်း ဂွတ် သီး ချစ်သူအားလုံးအဆင်ပြေချောမွှေ့ကြပါစေ ။
May be an image of map, sky and text that says ‘tan Nepal India Myanmar Bay of Bengal Thailand Laccadive Sea Vietnam Gufof Gulf Thailand Maoysia’
16/02/2023 🌧🌧🌧🌧🌧
နောက်၂၄နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အချိန်အခါမဟုတ်မိုးတွေရွာပါလိမ့်မယ်
16/02/2023 🌧🌧🌧🌧🌧
နောက်၂၄နာရီအတွင်း
မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်းနှင့်နေပြည်တော်ပြည်ထောင်စုနယ်မြေဒေသတွေမှာမိုးရွာနိုင်ပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်
May be an image of map, sky and text that says ‘ekan Hpa YaG Waw TaikKyi Bago Phaung Gyi Hmawbi. InnTaKaw Kaw Hlegu Htantabin Mamauk Khayan Twantay Yangon Thanlyin Thongwa Kyauktan Mahameik Kawhmu Kungyangon Wetkaik Hmau Bhi Kyun Google’
မိုးသတိ 🌧🌧🌧🌧🌧🌧
နောက် ၂၄နာရီအတွင်း
မုတ္တမ္မပင်လယ်ကွေ့ဒေသတွေဖြစ်တဲ့ သန်လျှင် သီလဝါ ကျောက်တန်း တံတားမြို့ခရမ်း သုံးခွ ပိန်းကန် အုန်းနှဲ သက္ကလ သနပ်ပင် ပဲခူး ဝေါ ညောင်လေးပင် ဒိုက်ဦးဒေသတွေမှာမိုးရွာနိုင်ပြီး မော်လမြိုင်ခရိုင် သထုံခရိုင် ဘားအံခရိုင် ဖာပွန်ခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်
မွန်ပြည်နယ် ကရင်ပြည်နယ် ရာဘာစိုက်ပျိုးသူများ ၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၁၈ရက်နေ့ မိုးရွာနိုင်ပါတယ် ရာဘာခြစ်လုပ်ငန်းမိုးအနောက်အယှက်ရှိပါတယ်
May be an image of map, sky and text that says ‘Meiktila Magway Kalaw Taunggyi Naypyidaw Myede Pyay Taungoo Thandwe MAEHONG so HONG Phyu Pathein Ngwesaung. Yangon AH1 Myaungmya Mawlamyine’
မိုးနှင်းမိုး 🌨🌨🌨🌨🌨🌨
၂၀၂၃ ဖေဖော်ဝါရီလ ၂၁ရက်နေ့ ၂၂ရက်နေ့တွေမှာ
မြန်မာနိုင်ငံမြောက်ဖျားပိုင်းပူတာအို ဆွမ်ပရာဘွမ် ခေါင်လန်ဖူး အထက်ဆန်ဂေါင် မချမ်းဘော နောင်မွန်း ပန်နန်းဒင်ဒေသတွေမှာ မိုးနှင်းမိုးတွေရွာကာရာသီဥတုဆိုးရွားနိုင်ပါတယ် တောင်တက်ခြင်းလုပ်ငန်းများမလုပ်ဆောင်သင့်ပါဘူး အန္တရာယ်များကြုံတွေ့ရနိုင်ပါတယ်
May be an image of map, sky and text that says ‘Nyaunglebin Dai-k Bago Kyaikto Bilin Hlegu Hlaingbwe Thaton Hpa-An Yangon 85 Mawlamyine Thanbyuzayat မုတ္ထမပင်လယ်ကွေ su su san climatologist Lamaing’
Weather forecast 🌧🌧🌧
ရာသီဥတုနှင့် မိုးလေဝသခန့်မှန်းခြင်းအတတ်ပညာဆိုတာဘာလည်း..
သဘာဝဘေးအန္တရာယ်များ ရာသီဥတုကိုတည်မှိလုပ်ကိုင်ဆောင်ရွက်နေကြသူများ တောင်သူလယ်သမားများ စိုက်ပျိုးရေးသမားများအတွက် ပျက်စီးမှုမရှိအောင် စီစဥ်လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန် ရက်ဝေးရက်နီးကြို တင်ခန့်မှန်းပေးတဲ့ပညာရပ်တစ်ခုပဲဖြစ်ပါတယ်
ဘယ်နေ့ဘယ်ရက်မိုးရွာနိုင်တယ်လို့ခန့်မှန်းပေးလိုက်တာနဲ့ မိုးရွာနိုင်တဲ့ရက်မတိုင်မှိ အပြီးရိတ်သိမ်းအခြောက်လှမ်းပြီး အမိုးအကာအောက်ရောက်ရှိအောင်လုပ်ဆောင်ထားနိုင်သလို
မရင့်မှဲသေးတဲ့သီးနှံတွေ မိုးကြောင့် ကျရောက်လာတတ်တဲ့ အဖျက်ပိုးအန္တရာယ်တွေကိုလည်း စိုက်ပျိုးရေးပညာရှင်များ၏ အကြံဉာဏ်များရယူကာ
ပျက်စီးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်ထားကြနိုင်ပါတယ်
မင်းဂွတ်သီးလေးရဲ့မိုးလေဝသခန့်မှန်းချက်တွေကတော့..
အဆင့်မြင့် weather data အချက်အလက်များဝယ်ယူပြီးမိုးလေဝသပညာရပ်ဖြင့် ပေါင်းစပ်ပြီး စိစစ်တွက်ချက်ပုံဖော်ထားတာဖြစ်လို့ ခန့်မှန်းချက်များလွှဲချော်သွားတာမျိုးမရှိခဲ့ဘူးပါဘူး
ယနေ့ခေတ်နည်းပညာတွေဟာ စက္ကန့်နှင့်အမျှတိုးတက်နေတာဖြစ်လို့ ပိုမိုဆည်းပူးလေ့လာသင်ယူပြီး မိမိတိုင်းပြည်မိမိလူမျိုးတွေအတွက် ရာသီဥတုနှင့် မိုးလေဝသခန့်မှန်းပေးချက်တွေကို အချိန်နှင့်တပြေးညီ ရက်ဝေးရက်နီးခန့်မှန်းပေးနိုင်ရန်အတွက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးသွားပါမယ်
အားလုံးကျမ်းမာ ဘေးရန်ကင်းကြပါစေ။ ။
#မင်း ဂွတ် သီး Su Su San



