ဆိုင်ကလုန်းမုန်တိုင်း ထပ်လာပြန်ပြီ၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အတွင်း
ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင် (ကမ်းခြေသွားမယ့်သူများ အထူးသတိထားကြပါ)
အောက်တိုဘာ ၂၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်လို့
နိုင်ငံတကာ မိုးလေဝသဌာနများက ဖော်ပြထားပါတယ်။ မုန်တိုင်းဖြစ်လာခဲ့ရင် “ဒန” ဆိုတဲ့ နာမည်ရမှာ ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
လတ်တလောမှာ ရန်ကုန်နဲ့ ပဲခူးတိုင်းမှာ မိုးအသည်းအထန် ရွာသွန်းနေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာပြည်သို့ ဝင်နိုင်ချေ နည်းပါးပေမယ့်လည်း မိုးများမှာတော့ အသေအချာပါပဲ။ အဆိုပါ ရက်တွေမှာ ကမ်းခြေသွားတဲ့သူတွေအနေနဲ့ ထူးသတိထားသင့်ပါတယ်။ မိုးကြီးမှာ ဖြစ်တာကြောင့် မြစ်ချောင်းနား နေထိုင်သူတွေနဲ့ ကုန်းမြင့်မှာ နေတဲ့သူတွေ ရေကြီး မြေပြိုနိုင်မှုကို အထူးသတိထားကြပါလို့ အသိပေးလိုက်ရပါတယ်။ crd