မျက်နှာလေး ဝင်းမွှတ်နေဖို့ ပိုက်ဆံမကုန်တဲ့ ပေါင်းတင်နည်းလေးပါ.
အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတကရှာစရာမလိုပါဘူး။ တကယ်တော့ ကျွန်မတို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။
အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား..။
သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။
အရမ်းကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက် အဆင်ပြေမှာပါ။
ပါဝင်ပစ္စည်း..
ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း..
ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုဆစ်ချပါ။ ထမင်းရည်ကို ခွက်တစ်လုံးထဲမှာ ထည့်ပါ။
နွားနို့နဲ့ ပျားရည်ကို ခုနကချက်ထားတဲ့ ထမင်းထဲထည့်ပြီး သေချာအောင်ရောမွှေပေးပါ။ အရည်က ပျစ်ပျစ်လေး ဖြစ်လာပါလိမ့်မယ်။
အဲဒါကို မျက်နှာပေါ်လိမ်းပေးပြီး လက်နဲ့ သေချာဖိပေးပါ။ မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။
ဆေးကြောခြင်း
ခုနက ခွက်တစ်လုံးထဲမှာ ထည့်ထားတဲ့ ထမင်းရည်ရှိပါတယ်။ တကယ်လို့ မျက်နှာပေါ်မှာ လိမ်းထားတဲ့ ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့ မျက်နှာသစ်ပါ။
တ ကယ် လို့ မျက် နှာ မှာ ချွဲ ချွဲ လေး ဖြစ် နေ သေး ရင် ရေ နဲ့ မျက် နှာ ထပ် သစ် ပါ။ ဆပ် ပြာ ကို လုံး ၀ မ သုံး ပါ နဲ့..။
ဒီနည်းလမ်းကို ၁ ပတ် ၂ကြိမ် လုပ်ပေးရုံနဲ့ ၄ ပတ် ၅ ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာ သေချာပါ။
#Crd



