Health Care

ယနေ့ အွန်လိုင်းမှာ လူပြောများနေတဲ့ ဝက်ရေနှစ်ကြော် ပြုလုပ်မယ့်သူတွေ အထူးဂရုပြုရမယ့်အဖြစ်

လက်ရှိ လူမှုကွန်ရက်မှာ လူပြောများနေတဲ့ ဝက်ရေနှစ်ကြော် ပြုလုပ်မယ့်သူတွေ အထူးသတိထားဂရုပြုရမယ့် အကြောင်းအရာတခု

ကို အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့

လျက် ရှိပါတယ်ဖြစ်စဉ်ကတော့ ဝက်ရေနှစ်ကြော် ပြုလုပ်မယ့်သူ တဦးက ကြော်ဖို့အတွက် ယိုးဒယားအကြော်မှုန့်ထုပ်ကို ဖောက်စဉ်မှာ စတတ်ပလာ ချုပ်စက်တွေမှာ အသုံးပြု

တဲ့ ပင်အပ်တချောင်းဟာ အထုပ်ထဲမှာ ပါလာခဲ့တာ ဖြစ်ပါတယ်။ သတိမထားမိဘဲ ကြော်မိပါက စားသောက်တဲ့အထဲ ပါသွားပြီး အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ထိုကဲ့သို့ ဖြစ်စဉ်

မျိုးနဲ့ ကြုံတွေ့ခဲ့ရသူတွေရဲ့ မှတ်ချက်တွေကိုလည်း ဖော်ပြလိုက်ပါတယ်။

မှတ်ချက် (၁) – ယိုးဒယားမယ်လား၊ ထိုင်းတန်ပူရာမှုန့်အထုပ်လား၊ အမှုန့်တွေမှန်သမျှ စတီးဇကာထဲသွန်ပြီး ဇွန်းတခုခုနဲ့ ခေါက်ချလိုက်ပြီး အောက်ကျလာတဲ့အမှုန့်ကိုမှ ရေထည့်သုံးပါ။

မှတ်ချက် (၂) – ဖြစ်တက်ပါတယ်။ အရင်လက ဒဂုံမြောက်ပိုင်း ဗထူး အိမ်ရာနားက မုန့်တိုက်က မုန့်ဝယ်စားတာ ဒီလိုပါတာပဲ။ ဂရုစိုက်ဖို့ စေတနာနဲ့ သွားပြောပြမယ်လုပ်ပြီးမှ မပြောဖြစ်ဘူး။ ရန်တွေ့ဖို့မဟုတ်ပါဘူး။ ပိုဂရုစိုက်ဖို့ပဲ အေးအေးလေး ပြောပြမှာပါ။

မှတ်ချက် (၃) – အဲဒီစတက်ပလာပင် တွေကို အစားအစာထုပ်ပိုးရာမှာ သုံးတာ အလွန် အန္တာရယ် များပါတယ်။ ပေါင်မုန့်ထုပ်တွေ၊ တခါသုံးမုန့်ဘူးလေးတွေမှာ အလွယ်သုံးကြတယ်။ အစားအစာထဲ ပါသွားရင် ပြဿနာရှိတယ်။

လက်ရှိ အွန်လိုင်းမှာ အိမ်ရှင်မတွေအကြား အလွန် နာမည်ကြီးနေတဲ့ ဝက်ရေနှစ်ကြော် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

အသားတွေကို ဆိုင်ကြွပ်ကြော်လို့ ကိုက်လိုက်ရင် အပြင်က တဂျွမ်းဂျွမ်းနဲ့ အထဲက အိအိလေး နူးမြန် ကျက်မြန် ဆီလုံးဝ မပေါက်ပဲ ကြွပ်ကြွပ်ရွရွ ဖြစ်စေမယ့် ကြော်နည်းပါ။ အသားက ဘာသားဖြစ်ဖြစ်ရပါတယ်။ ငါးကို အသားချည်း လွှာပြီးဖြစ်ဖြစ် ကြက်သား၊ ဝက်သား ဘာသား မဆိုရပါတယ်။

ပုံကတော့ ရှိတဲ့အသားကြော်ထားလို့ ပါ။ ဝက်သားဖြစ်နေလို့ ဝက်သားမစားသူတွေကို အားနာပါတယ်။ အသားကို အဆီသားတွဲလျက် အတုံးလိုက် ဝယ်ထားတာ ခဲထားရင်တော့ လှီးရတာ ဟော့ပေါ့ဆိုင်လို အင်မတန်ပါးပါးအလွှာလေးတွေ လှီးလို့ ရပါမယ်။

ဆိုင်လောက်တော့မပါးပါနဲ့။ လက်တလုံးရဲ့ တဝက်အထူလောက်ဆို အတော်ပါပဲ။ မခဲထားပဲ အတုံးလိုက်လှီးချင်လဲ ရပါတယ်။ ငါးအသားပြား၊ ပုဇွန်၊ ကြက်၊ ဆိတ် ၊ အမဲဘာမဆို ဒီနည်းနဲ့ကြော်စားလို့ရပါတယ်။

(၁) အသားပြား၊ အတုံး ကြိုက်ရာပုံလှီးပါ။ ပါးရင် ကျက်မြန်ပါတယ်။ (၂) ကြိုက်ရာအရသာနယ်။ ဒီမှာတော့ ဆားနဲ့ ငရုတ်ကောင်း သံပရာသီးတစိတ်ပဲနယ်ထားတာပါ။ ၁၀မိနစ်လောက် နှပ်ထားပါ။ (၃) အကြော်မှုန့် (သို့မဟုတ်) ပြောင်းဖူးမှုန့် ဘာရရနဲ့ ဂျုံမှုန့်၊ ဆားနည်းနည်းကို ရောသမမွှေပေးပါ။ ပမာဏက ကိုယ်လှီးထားတဲ့ အသားပမာဏ ပေါ်မူတည်ပြီး ဂျုံနဲ့ ပြောင်းဖူးမှုန့်ကို တဇွန်း နှစ်ဇွန်းဆီ ဆတူထည့်ပေးပါ။ ဆားက လက်ဖက်စားဇွန်း တဝက်လောက် နည်းနည်းပဲထည့်ပါ။

(၄) လှီးထားတဲ့ အရသာနယ်ပြီးသား အသားတွေကို အမှုန့်ရောထဲ ထည့်ပြီး အမှုန့်ကပ်ပေးပါ။ (၅) ဆီတည်ထားပါ။ (၆) ရေကို ဇလုံတခုထဲ လက်၄လုံးလောက် အသားနှစ်နိုင်ရုံထည့်ထားပြီး အမှုန့်ကပ်ထားတဲ့အသားတွေကို ရေထဲ စိုရုံနှစ်။ ရေစစ်ပါ။ အမှုန့်တွေမပွတ်ပစ်ရပါဘူး ။ ရေစိုစွတ်ရုံ အမြန်ထည့် အမြန်ဆယ်။

ရေစက်နည်းနည်း ကုန်ရင် ရေစက်လက်နဲ့ပဲ ဆီထဲတန်းထည့်ကြော်ပါ။ ဆီလုံးဝမပေါက်ပါ။ မပစ်ထည့်ပါနဲ့ ။ ဆီပူအိုးထဲ ရေလုံးဝ မထည့်ပါနဲ့။ အဖုံးမအုပ်ပါနဲ့။ တတုံးရေစွတ်လိုက် ဆီထဲ တန်းထည့်လိုက်ကြော်ပါ။ အသားအကုန်ရေစိမ် ရေစစ်ပြီးစုပုံထားပြီးမှ မကြော်ပါနဲ့။

အသားညိုပြီးကြွပ်လာရင် ဆယ်ပြီး ကြိုက်နှစ်သက်ရာ အချဉ်နဲ့ တွဲစားလို့ရပြီနော်။ ခြောက်ခြောက် ကြွပ်ကြွပ်လေးလား။ အပြင်ပဲကြွပ် အထဲ အသားထူထူအိအိလေးလား အရမ်းမခြောက်စေချင်သလား ကိုယ့်ဘာသာ နှစ်သက်ရာအနေထားမှာ ဆယ်ယူပါ။ ဝက်ခေါက်ကင်လို အပြင်ကြွပ်အထဲ မွမွလေးရပါမယ်။

အဆီတုံးထဲလဲ ဆီမအိုင်နေပါဘူး။ ငါးကိုလဲ အသားပြားလွှာကြော်လို့ရပါတယ်။ ကျက်တာလဲ အရမ်းမြန်ပါတယ်။ ပုံလဲ မပျက် အချပ်လိုက်လေးရပါတယ်။ ဆီလဲလုံးဝမပေါက်တဲ့ နည်းပါ။ အကြော်မှုန့်တမျိုးတည်းနဲ့ကြော်ရင် အသားက ပျင်းတွဲတွဲဖြစ်တယ်။ မကြွပ်ပါဘူး။ ဒီနည်းမှာအသက်က အမှုန့်နဲ့နယ်ပြီး ရေတချက်စိမ် အမြန်ရေစွတ်လိုက်တာပါ။ (Nnyoo Zzunn NW) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)