Health Care

မလိုချင်တဲ့ မှဲ့တွေ၊ အသားပိုတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

မလိုချင်တဲ့ မှဲ့တွေ၊ အသားပိုတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ…………

ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့မှဲ့တွေနဲ့ အသားပိုတွေအတွက်ကြောင့် စိတ်ညစ်နေရင်တော့ ဒီနည်းလမ်းလေးတွေက သင့်ကို အကူအညီပေးမှာပါ။သဘာဝနည်းလမ်းလေးတွေ ဖြစ်တာကြောင့် ဓာတ်မတည့်တာတွေ ဖြစ်မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။ ကြည့်လိုက်ရအောင်နော်။

အသားပိုများဖယ်ရှားနည်း

အသားပိုတွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာရှိနေပြီး လည်ပင်း၊ ဂျိုင်းနဲ့ မျက်ခွံလိုနေရာမျိုးတွေမှာ အများဆုံးရှိနေတတ်ပါတယ်။ ဒီအရာတွေကိုဖယ်ရှားချင်ရင်တော့..

(၁) ဂွမ်းစအနည်းငယ်ကို ပန်းသီးရှာလကာရည်ထဲမှာစိမ်ပြီး တို့လိမ်းပေးပါ။ တဖြည်းဖြည်း မည်းလာပြီးနောက် သူ့အလိုလို ကွာကျသွားပါလိမ့်မယ်။

(၂) ကြက်ဆူဆီနဲ့ မုန့်ဖုတ်ဆိုဒါကို အချိုးတူရောစပ်ပြီး အသားပိုပေါ်ကို ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ပတ်တီးနဲ့စည်းပြီး နှစ်ရက်လောက်ထားလိုက်ပါ။

(၃) ဂျင်းကိုလှီးပြီး တစ်ရက်ကို ၇ မိနစ်ခန့်ပွတ်ပေးလိုက်ပါ။ နှစ်ပတ်ဆက်တိုက် ပုံမှန်ပြုလုပ်ပေးပါ။

မှဲ့ဖျက်နည်း

မှဲ့တွေဟာ နေကြောင့် ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လာရတာပါ။ သင်မကြိုက်တဲ့မှဲ့တွေကို ဖျက်ချင်ရင်တော့..

(၁) မှဲ့ကို ဗက်စလင်းအနည်းငယ် လိမ်းပေးထားရပါမယ်။ ပြီးရင်တော့ ကြက်သွန်ဖြူနဲ့အုပ်ပြီး ပတ်တီးစည်းလိုက်ပါ။ နာရီအနည်းငယ်ကြာအောင် ထားလိုက်ပါ။ မထူးခြားမချင်း နေ့တိုင်းပြုလုပ်ပေးပါ။

(၂) မအိပ်ခင်မှာ မုန့်ဖုတ်ဆိုဒါနဲ့ ကြက်ဆူဆီကို အချိုးတူရောစပ်ပြီး မှဲ့နေရာကို လိမ်းပေးပါ။ ပြီးရင် ပတ်တီးဒါမှမဟုတ်၊ ပလာစတာ တစ်ခုခုနဲ့ တစ်ညလုံး အုပ်လိုက်ပါ။

(၃) ပန်းသီးရှာလကာကို မှည့်ပေါ်မှာ သုတ်လိမ်းပေးပြီး ပလာစတာ၊ ပတ်တီးတို့နဲ့ အုပ်ထားလိုက်ပါ။ ပြီးရင် (၈)နာရီလောက်ကြာအောင် ထားလိုက်ပါ။

Credit

Unicode

မလိုချင်တဲ့ မှဲ့တွေ၊ အသားပိုတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့မှဲ့တွေနဲ့ အသားပိုတွေအတွက်ကြောင့် စိတ်ညစ်နေရင်တော့ ဒီနည်းလမ်းလေးတွေက သင့်ကို အကူအညီပေးမှာပါ။သဘာဝနည်းလမ်းလေးတွေ ဖြစ်တာကြောင့် ဓာတ်မတည့်တာတွေ ဖြစ်မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။ ကြည့်လိုက်ရအောင်နော်။

အသားပိုများဖယ်ရှားနည်း

အသားပိုတွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာရှိနေပြီး လည်ပင်း၊ ဂျိုင်းနဲ့ မျက်ခွံလိုနေရာမျိုးတွေမှာ အများဆုံးရှိနေတတ်ပါတယ်။ ဒီအရာတွေကိုဖယ်ရှားချင်ရင်တော့….

#Crd