Knowledge

အဝေးရောက် သားသမီးတိုင်း ဖတ်ဖို့ (အဆုံးထိ ဖတ်ပေးစေချင်တယ်)




မင်းခိုလှုံခဲ့တဲ့ အဖေလက်တစ်စှုံကိုပြန်ပြီး ခိုလှုံခွင့်ပေးလိုက်ပါ အဖေဆိုတာ မင်းငယ်ငယ်ကလို အုတ်တံတိုင်းပမာ မာကျောလှတဲ့ ကျောက်ဆောင်ကြီးလို ဆိုပေမယ့် အခု့ အဖေအသက်မငယ်တော့ဘူး..။










Unicode Version

အဖေဆိုတာ မင်းငယ်ငယ်တုန်းကလို မနုပျိုတော့ပါဘူး ၊၊ အသက်တွေကြီးလာတာနဲ့ အမျှ မင်းကိုသူ့အနားမှာ လိုအပ်နေမှာ အမှန်ပါ၊၊

အဖေက မင်းငယ်ငယ်တုန်းက ဆိုးသလိုမျိုး အခု့ဆိုရင် ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပါဘူး။ဒါကြောင့် မင်းသူ့အပေါ် မဆိုးပါနဲ့တော့နော် အားအင်တွေ ချိ့နဲ့နေပြီလေ၊၊

ငယ်ငယ်က မင်းလမ်းသွားရင် လက်တွဲပြီး လျှောက်ပေးတက်တဲ့ ( အဖေ ) အခု့ လမ်းသွားလမ်းလာမှာ နှေးကွေးနေပြီလေ၊၊

မင်းခိူလှုံခဲ့တဲ့ အဖေလက်တစ်စှုံကိုပြန်ပြီး ခိူလှုံခွင့်ပေးလိုက်ပါ အဖေဆိုတာ မင်းငယ်ငယ်ကလို အုတ်တံတိုင်းပမာ မာကျောလှတဲ့ ကျောက်ဆောင်ကြီးလို ဆိုပေမယ့် အခု့ အဖေအသက်မငယ်တော့ဘူး။

မနည်းမလှဲအောင် သူ့ကိုယ့်သူ ထိန်းနေရတာပါ၊၊ငယ်ငယ်က ” မင်းအရမ်းကို အားကိုးရပါတယ် ဆိုတဲ့ အဖေ့ကို ချစ်သေးရင် အနားမှာနေပြီး ဂရုစိုက်ပေးလိုက်ပါနော်..။

အဖေ ငယ်ရွှယ်ပါသေးတယ် ဆိုတဲ့ အတွေးတွေနဲ့ မင် အဖေကို ပစ်ထားနေမိပြီလား၊၊ အဖေ မသန်မာတော့ဘူး၊၊

( ဖခင်တို့ရဲ့ ) မေတ္တာဟာ ” စကားလုံးမဲ့ပါတယ်၊ နှိုင်းယှဉ်လို့ မရလောက်အောင် မေတ္တာတွေ ကြီးမာတယ် ဒါကြောင့် အဖေအိုနေသည် ဖြစ်စေ၊၊

အဖေ မအိုသည်ပဲ ဖြစ်စေ၊ ဂရုစိုက်ရမည့် တာဝန် လုပ်ကျွေးပြုစုရမည့် တာဝန်င်းမှာ ရှိတယ်။

အိမ်ပြေးလေး တစ်ယောက်ဆိုတဲ့ ” မင်း ”တနယ်တကြေးမှာ အိမ်ကိုပြန်မလာချင်တဲ့ စိတ်တွေနဲ့ အကြာကြီးနေမနေပါနဲ၊ အဖေ ဆိုတာ မင်းပြောတဲ့ ချစ်တယ် ဆိုတာလေးလည်း သူကြားချင်တယ်၊၊

မင်းတောင်းတတဲ့ အဖေ့ရင်ခွင် ဆိုတာမျိုးလည်း အဖေ လိုအပ်တယ်၊၊ မင်းလိုလားတဲ့ ငယ်ငယ်က အဖေမှ ( အဖေဆိုတဲ့ စကားသံတွေလည်း အဖေ့ အတွက် အရေးကြီးတယ်။

အဖေဟာ အဖေပါပဲ ” ညီလေး ”” ညီမလေး ”၊ ဒါကြောင့် ငယ်ငယ်က မင်းကိုရိုက်ခဲ့တဲ့ ( အဖေ လူကြမ်းကြီး ) ရင်ထဲမှာ နက်ရိုင်းလွန်းလှ့တဲ့ ( မေတ္တာသံစဉ်တွေ ရှိနေတယ် ဆိုတာ မင်းမမေ့လိုက်ပါနဲ့ အဖေ့ကို မုန်းတီးမနေကြပါနဲ့ ၊၊

” အလုပ်မအားသည် ဖြစ်စေ ” အချိန်မရသည် ဖြစ်စေ ” အိမ်ပြန်မလာချင်တာပဲ ဖြစ်ရင်ဖြစ်စေ ဖုန်းလေးတော့ ဆက်ပေးလိုက်ကြပါ။

ချစ်တယ်လို့လည်း ပြောပေးပါ လိုလိုလားလားနဲ့ (အဖေဆိုပြီး ခေါ်ပေးပါ ) အဖေ့ ကျေးဇူး သိ့တက်ကြပါစေ..။#Crd