သင့် Memory Card ထဲက ဓာတ်ပုံတွေဖိုင်တွေ ပျောက်သွားရင် ပြန်ရှာဖွေနိုင်မယ့် နည်းလမ်း..
သင်ဟာ Memory Card ကို Format ချလိုက်မိလို့ပဲ ဖြစ်ဖြစ် ၊ Virus ကြောင့်ပဲဖြစ်ဖြစ် ၊ လက်လွန်ပြီး Delete လုပ်လိုက်မိလို့ပဲဖြစ်ဖြစ် သင့်ရဲ့ ကင်မရာ ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေကို ရှာမတွေ့တော့တဲ့အခါမှာ
လုံးဝ ဆုံးရှုံးသွားပြီလို့ ထင်လိုက်မိပါလိမ့်မယ်။ Lexar နဲ့ Sandisk တံဆိပ် Memory Card တစ်ခုခုကို သင့် ကင်မရာထဲမှာ သုံးထားတာ ဆိုရင်တော့ သင် ကံကောင်းသွားပါတယ်။
ထို ပျောက်ဆုံးသွားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာဖို့ အတွက် Card Reader တစ်ခု၊ ကွန်ပျူတာတစ်လုံးနဲ့ သင့်ရဲ့ Memory Card သာ ရှိနေဖို့ လိုပါတယ်နော် ….။
(၁) သင့် Memory Card ထဲက ဓါတ်ပုံတွေ ပျောက်ဆုံးသွားပြီဆိုတာ သိသိချင်း ထိုCard ထဲကို ဘာဓါတ်ပုံမှ ထပ် မရိုက်ပါနဲ့။ ထို Card ကို ကင်မရာထဲက ချက်ချင်း ထုတ်ထားပါ …။
(၂) ပြန်လည် ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲ ကို ရွေးချယ်ပါ။ Windows စနစ် အတွက် Recuva ဆိုတဲ့ ဆော့ဖ်ဝဲကို သုံးနိုင်ပြီး..Mac စနစ်အတွက် PhotoRec ဆိုတဲ့ ဆော့ဖ်ဝဲကို ရွေးချယ် အသုံးပြုနိုင်ပါတယ် …။
(၃) သင်ရွေးချယ်ထားတဲ့ ဆော့ဖ်ဝဲ ကို Install ပြုလုပ်ပြီး တပ်ဆင်ပါ ။
(၄) Window စနစ်မှာ အသုံးပြုနိုင်တဲ့ Recuva ဆော့ဖ်ဝဲ အကြောင်းနဲ့ စတင်လိုက်ပါတယ်။ သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်လိုက်တဲ့အခါ ဓါတ်ပုံတွေတင် မဟုတ်ပဲ အခြားဖိုင်တွေကိုပါ ဆော့ဖ်ဝဲ က ရှာဖွေပေးပါလိမ့်မယ်။
Menu ကနေတဆင့် သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်ဖို့အတွက် Card Reader ကနေတဆင့် သင့်ရဲ့ Memory Card ကို ထည့်သွင်းပါ။ ပျောက်ဆုံးနေတဲ့ ဓါတ်ပုံ ပါရှိတဲ့ Folder အား ရွေးချယ်ပါ …
များသောအားဖြင့် DCIM လို့ အမည်ပေးထားတဲ့ Folder ကို ရွေးချယ်ရပါလိမ့်မယ်။ Mac စနစ်မှာ သုံးနိုင်တဲ့ PhotoRec ဆော့ဖ်ဝဲကတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ သင်ဆော့ဖ်ဝဲကို စတင်လိုက်ပြီးတဲ့နောက်မှာ Memory Card ကို ရှာဖွေလိုတဲ့ ဖိုင်အဖြစ် ရွေးချယ်ရပါမယ်။
အဲဒီနောက် Enter ကို နှိပ်ပြီးပါက FAT16/32 အပိုင်းကို Scan ပြုလုပ်ဖို့ ထပ်မံရွေးချယ်ပြီး Enter ထပ်နှိပ်ပါ။ အဲဒီနောက် Menu ကနေတဆင့် (FAT/NTFS) ကို ထပ်မံရွေးချယ်လိုက်ပါ။
ပြီးလျှင် “Free” ကို ရွေးချယ်ပြီး “C” ကို နှိပ်လိုက်ပါက ပျောက်ဆုံးနေတဲ့ ဓါတ်ပုံတွေကို ရှာပေးပါ လိမ့်မယ် ။
(၅) Scan လုပ်ပြီး ရှာတွေ့တဲ့ ဖိုင်အမျိုးအစားကို ကြည့်ပါ။ များသောအားဖြင့် JPEG အမျိုးအစားကို တွေ့နိုင်မှာပါ။ တစ်ကယ်လို့ သင်ဟာ Raw ဖိုင်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ထပ်မံ ပြုလုပ်ရ မှာတွေရှိနေပါတယ်။
Recuva မှ ာဆိုရင် “Switch to advanced mode” ကို နှိပ်လိုက်ပါ။ ပြီးရင် သင့်ကင်မရာရဲ့ Raw ဖိုင် အမျိုးအစားကို ပေါင်းထည့်လိုက်ပါ။ ဥပမာ….CR2, .NEF , .ARW စသဖြင့်
သင့်ကင်မရာ အမျိုးအစားပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ PhotoRec မှာဆိုရင် Main Menu ထဲမှ “FileOpts” ကို အသုံးပြုပြီး ရှာဖွေပါ။ များသောအားဖြင့် .tiff ဖိုင် အမျိုးအစားနဲ့သာ ရရှိနိုင်မှာ ဖြစ်ပါတယ် …
(၆) Recuva မှာဆိုရင် သင်ပြန်လည် သိမ်းဆည်းထားလိုတဲ့ ဓါတ်ပုံတွေကို ရွေးချယ်လိုက်ပြီး “Recover” ကို နှိပ်ပါ။ ထိုဓါတ်ပုံတွေကို သင်သိမ်းထားလိုတဲ့ ဖိုင်ထဲသို့ထည့်သွင်းပါ။Memory Cardထဲသို့ ပြန်လည် မထည့်သွင်းမိဖို့
အထူး သတိထားပါ။ PhotoRec မှာဆိုရင် သင်ပြန်လည်သိမ်းဆည်းလိုတဲ့ ဖိုင်နေရာကို အလွယ်တကူရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်နော် …
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ဖြစ်ပါသည်။
Zawgyi
သင့္ Memory Card ထဲက ဓာတ္ပုံေတြဖိုင္ေတြ ေပ်ာက္သြားရင္ ျပန္ရွာေဖြနိုင္မယ့္ နည္းလမ္း..
သင္ဟာ Memory Card ကို Format ခ်လိဳက္မိလို႔ပဲ ျဖစ္ျဖစ္ ၊ Virus ေၾကာင့္ပဲျဖစ္ျဖစ္ ၊ လက္လြန္ၿပီး Delete လုပ္လိုက္မိလို႔ပဲျဖစ္ျဖစ္ သင့္ရဲ႕ ကင္မရာ ထဲမွာ ရွိတဲ့ ဓါတ္ပုံေတြကို ရွာမေတြ႕ေတာ့တဲ့အခါမွာ
လုံးဝ ဆုံးရႈံးသြားၿပီလို႔ ထင္လိုက္မိပါလိမ့္မယ္။ Lexar နဲ႕ Sandisk တံဆိပ္ Memory Card တစ္ခုခုကို သင့္ ကင္မရာထဲမွာ သုံးထားတာ ဆိုရင္ေတာ့ သင္ ကံေကာင္းသြားပါတယ္။
ထို ေပ်ာက္ဆုံးသြားတဲ့ ဓါတ္ပုံေတြကို ျပန္ရွာဖို႔ အတြက္ Card Reader တစ္ခု၊ ကြန္ပ်ဴတာတစ္လုံးနဲ႕ သင့္ရဲ႕ Memory Card သာ ရွိေနဖို႔ လိုပါတယ္ေနာ္ ….။
(၁) သင့္ Memory Card ထဲက ဓါတ္ပုံေတြ ေပ်ာက္ဆုံးသြားၿပီဆိုတာ သိသိခ်င္း ထိုCard ထဲကို ဘာဓါတ္ပုံမွ ထပ္ မရိုက္ပါနဲ႕။ ထို Card ကို ကင္မရာထဲက ခ်က္ခ်င္း ထုတ္ထားပါ …။
(၂) ျပန္လည္ ရွာေဖြနိုင္တဲ့ ေဆာ့ဖ္ဝဲ ကို ေ႐ြးခ်ယ္ပါ။ Windows စနစ္ အတြက္ Recuva ဆိုတဲ့ ေဆာ့ဖ္ဝဲကို သုံးနိုင္ၿပီး… Mac စနစ္အတြက္ PhotoRec ဆိုတဲ့ ေဆာ့ဖ္ဝဲကို ေ႐ြးခ်ယ္ အသုံးျပဳနိုင္ပါတယ္ …။
(၃) သင္ေ႐ြးခ်ယ္ထားတဲ့ ေဆာ့ဖ္ဝဲ ကို Install ျပဳလုပ္ၿပီး တပ္ဆင္ပါ ။
(၄) Window စနစ္မွာ အသုံးျပဳနိုင္တဲ့ Recuva ေဆာ့ဖ္ဝဲ အေၾကာင္းနဲ႕ စတင္လိုက္ပါတယ္။ သင္ရွာေဖြလိုတဲ့ ဖိုင္ကို ေ႐ြးခ်ယ္လိုက္တဲ့အခါ ဓါတ္ပုံေတြတင္ မဟုတ္ပဲ အျခားဖိုင္ေတြကိုပါ ေဆာ့ဖ္ဝဲ က ရွာေဖြေပးပါလိမ့္မယ္။
Menu ကေနတဆင့္ သင္ရွာေဖြလိုတဲ့ ဖိုင္ကို ေ႐ြးခ်ယ္ဖို႔အတြက္ Card Reader ကေနတဆင့္ သင့္ရဲ႕ Memory Card ကို ထည့္သြင္းပါ။ ေပ်ာက္ဆုံးေနတဲ့ ဓါတ္ပုံ ပါရွိတဲ့ Folder အား ေ႐ြးခ်ယ္ပါ …
မ်ားေသာအားျဖင့္ DCIM လို႔ အမည္ေပးထားတဲ့ Folder ကို ေ႐ြးခ်ယ္ရပါလိမ့္မယ္။ Mac စနစ္မွာ သုံးနိုင္တဲ့ PhotoRec ေဆာ့ဖ္ဝဲကေတာ့ အနည္းငယ္ ရႈပ္ေထြးပါတယ္။ သင္ေဆာ့ဖ္ဝဲကို စတင္လိုက္ၿပီးတဲ့ေနာက္မွာ Memory Card ကို ရွာေဖြလိုတဲ့ ဖိုင္အျဖစ္ ေ႐ြးခ်ယ္ရပါမယ္။
အဲဒီေနာက္ Enter ကို ႏွိပ္ၿပီးပါက FAT16/32 အပိုင္းကို Scan ျပဳလုပ္ဖို႔ ထပ္မံေ႐ြးခ်ယ္ၿပီး Enter ထပ္ႏွိပ္ပါ။ အဲဒီေနာက္ Menu ကေနတဆင့္ (FAT/NTFS) ကို ထပ္မံေ႐ြးခ်ယ္လိုက္ပါ။
ၿပီးလွ်င္ “Free” ကို ေ႐ြးခ်ယ္ၿပီး “C” ကို ႏွိပ္လိုက္ပါက ေပ်ာက္ဆုံးေနတဲ့ ဓါတ္ပုံေတြကို ရွာေပးပါ လိမ့္မယ္ ။
(၅) Scan လုပ္ၿပီး ရွာေတြ႕တဲ့ ဖိုင္အမ်ိဳးအစားကို ၾကည့္ပါ။ မ်ားေသာအားျဖင့္ JPEG အမ်ိဳးအစားကို ေတြ႕နိုင္မွာပါ။ တစ္ကယ္လို႔ သင္ဟာ Raw ဖိုင္ေတြကို ရွာေဖြေနတယ္ဆိုရင္ေတာ့ ထပ္မံ ျပဳလုပ္ရ မွာေတြရွိေနပါတယ္။
Recuva မွ ာဆိုရင္ “Switch to advanced mode” ကို ႏွိပ္လိုက္ပါ ။ ၿပီးရင္ သင့္ကင္မရာရဲ႕ Raw ဖိုင္ အမ်ိဳးအစားကို ေပါင္းထည့္လိုက္ပါ။ ဥပမာ….CR2, .NEF , .ARW စသျဖင့္
သင့္ကင္မရာ အမ်ိဳးအစားေပၚမူတည္ၿပီးကြဲျပားနိုင္ပါတယ္။ PhotoRec မွာဆိုရင္ Main Menu ထဲမွ “FileOpts” ကို အသုံးျပဳၿပီး ရွာေဖြပါ။ မ်ားေသာအားျဖင့္ .tiff ဖိုင္ အမ်ိဳးအစားနဲ႕သာ ရရွိနိုင္မွာ ျဖစ္ပါတယ္ ။
(၆) Recuva မွာဆိုရင္ သင္ျပန္လည္ သိမ္းဆည္းထားလိုတဲ့ ဓါတ္ပုံေတြကို ေ႐ြးခ်ယ္လိုက္ၿပီး “Recover” ကို ႏွိပ္ပါ။ ထိုဓါတ္ပုံေတြကို သင္သိမ္းထားလိုတဲ့ ဖိုင္ထဲသို႔ထည့္သြင္းပါ။Memory Cardထဲသို႔ ျပန္လည္ မထည့္သြင္းမိဖို႔
အထူး သတိထားပါ။ PhotoRec မွာဆိုရင္ သင္ျပန္လည္သိမ္းဆည္းလိုတဲ့ ဖိုင္ေနရာကို အလြယ္တကူေ႐ြးခ်ယ္နိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မွ်ေဝျခင္း ျဖစ္ျဖစ္ပါသည္။#Crd