Health Care

ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့်နည်းလမ်း ၄ မျိုး..

ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့်နည်းလမ်း ၄ မျိုး..

ဝက်ခြံပေါက်ပြီးပျောက်သွားရင် မျက်နှာမှာ အမာရွတ်တွေကျန်ခဲ့ပါတယ်။

ဒီအမာရွတ်တွေကို ပျောက်အောင်လုပ်ဖို့ဆိုရင် skincare သုံးလည်းရသလို၊ သဘာဝနည်းလမ်းတွေသုံးလို့လည်း ရပါတယ်။

သဘာဝနည်းလမ်း သုံးချင်တဲ့သူတွေအတွက်တော့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ပျစ်ပျစ်လေးဖြစ်သွားအောင် ကြိတ်တာပဲဖြစ်ဖြစ်၊ ချေတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးရင်တော့ မျက်နှာတစ်ပြင်လုံးကိုလိမ်းထားလိုက်ပါ။

၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထားပေးလို့ရပါတယ်။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။

ခရမ်းချဉ်သီးမှာက ဗီတာမင်ကြွယ်ဝစွာပါလို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။

အမာရွတ်တွေကို ဖြေးဖြေးချင်းစီ ပါးသွားစေပြီး ချွေးပေါက်ကျဉ်းစေပါတယ်။

သံပယိုရည်

သံပယိုသီးကို အရည်ညှစ်ချပြီး ရလာတဲ့အရည်တွေကို အမာရွတ်ပေါ် တိုက်ရိုက်လိမ်းပေးပါ။

၁၀ မိနစ်လောက်ထားပြီးရင် ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးပါ။

သံပယိုရည်ကတော့ ဝက်ခြံအမာရွတ်တွေကို အမြန်ဆုံးသက်သာစေတဲ့ နည်းလမ်းပါပဲ။

အသားအရေကိုလည်း bright ဖြစ်လာစေပါတယ်။

အာလူး

အာလူးကို အချပ်လေးတွေလှီးပြီး အမာရွတ်ပေါ်မှာ ကပ်ပေးတာပဲဖြစ်ဖြစ်၊ အာလူးကိုခြစ်ပြီး အဝတ်ထဲထည့်၊ အရည်ရအောင်ညှစ်ချပြီး

ရလာတဲ့အရည်ကိုမှ အမာရွတ်ပေါ်လိမ်းပေးတာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့နည်းလမ်းကို လုပ်နိုင်ပါတယ်။

၁၅ မိနစ်ထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။

အာလူးကတော့ အသားအရေကိုတင်းရင်းစေပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ပါးလာစေပါတယ်။

ပဲနီလေးနဲ့နွားနို့

ပဲနီလေးနဲ့နွားနို့ကို ရောကြိတ်ပြီး ရလာတာကိုမှ မျက်နှာမှာလိမ်းပြီး ပေါင်းတင်ပေးရမှာပါ။

တစ်နာရီလောက်ထားပြီး မျက်နှာသစ်လိုက်လို့လည်းရသလို၊ ညအိပ်ခါနီးလုပ်ပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်လို့လည်း ရပါတယ်။

ဒီနည်းလမ်းကလည်း ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပါးသွားစေပါတယ်

Zawgyi

ဝက္ၿခံေၾကာင့္က်န္ခဲ့တဲ့အမာ႐ြတ္ေတြကို ေပ်ာက္ေအာင္လုပ္ေပးႏိုင္မယ့္နည္းလမ္း ၄ မ်ိဳး..

ဝက္ၿခံေပါက္ၿပီးေပ်ာက္သြားရင္ မ်က္ႏွာမွာ အမာ႐ြတ္ေတြက်န္ခဲ့ပါတယ္။

ဒီအမာ႐ြတ္ေတြကို ေပ်ာက္ေအာင္လုပ္ဖို႔ဆိုရင္ skincare သုံးလည္းရသလို၊ သဘာဝနည္းလမ္းေတြသုံးလို႔လည္း ရပါတယ္။

သဘာဝနည္းလမ္း သုံးခ်င္တဲ့သူေတြအတြက္ေတာ့ ဝက္ၿခံေၾကာင့္က်န္ခဲ့တဲ့ အမာ႐ြတ္ေတြကို ေပ်ာက္ေအာင္လုပ္ေပးႏိုင္မယ့္ နည္းလမ္း ၄ မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးကို ပ်စ္ပ်စ္ေလးျဖစ္သြားေအာင္ ႀကိတ္တာပဲျဖစ္ျဖစ္၊ ေခ်တာပဲျဖစ္ျဖစ္ လုပ္ေပးပါ။ ၿပီးရင္ေတာ့ မ်က္ႏွာတစ္ျပင္လုံးကိုလိမ္းထားလိုက္ပါ။

၁၅ မိနစ္ကေန မိနစ္ ၃၀ အထိ ထားေပးလို႔ရပါတယ္။ အခ်ိန္ျပည့္ရင္ မ်က္ႏွာသစ္လိုက္႐ုံပါပဲ။

ခရမ္းခ်ဥ္သီးမွာက ဗီတာမင္ႂကြယ္ဝစြာပါလို႔ အသားအေရအတြက္ အရမ္းေကာင္းပါတယ္။

အမာ႐ြတ္ေတြကို ေျဖးေျဖးခ်င္းစီ ပါးသြားေစၿပီး ေခြၽးေပါက္က်ဥ္းေစပါတယ္။

သံပယိုရည္

သံပယိုသီးကို အရည္ညႇစ္ခ်ၿပီး ရလာတဲ့အရည္ေတြကို အမာ႐ြတ္ေပၚ တိုက္႐ိုက္လိမ္းေပးပါ။

၁၀ မိနစ္ေလာက္ထားၿပီးရင္ ေရၾကက္သီးေႏြးနဲ႔ ျပန္သန႔္စင္ေပးပါ။

သံပယိုရည္ကေတာ့ ဝက္ၿခံအမာ႐ြတ္ေတြကို အျမန္ဆုံးသက္သာေစတဲ့ နည္းလမ္းပါပဲ။

အသားအေရကိုလည္း bright ျဖစ္လာေစပါတယ္။

အာလူး

အာလူးကို အခ်ပ္ေလးေတြလွီးၿပီး အမာ႐ြတ္ေပၚမွာ ကပ္ေပးတာပဲျဖစ္ျဖစ္၊ အာလူးကိုျခစ္ၿပီး အဝတ္ထဲထည့္၊ အရည္ရေအာင္ညႇစ္ခ်ၿပီး

ရလာတဲ့အရည္ကိုမွ အမာ႐ြတ္ေပၚလိမ္းေပးတာပဲျဖစ္ျဖစ္ ကိုယ္အဆင္ေျပတဲ့နည္းလမ္းကို လုပ္ႏိုင္ပါတယ္။

၁၅ မိနစ္ထားၿပီးရင္ မ်က္ႏွာသစ္လိုက္႐ုံပါပဲ။

အာလူးကေတာ့ အသားအေရကိုတင္းရင္းေစၿပီး ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာ႐ြတ္ေတြ ပါးလာေစပါတယ္။

ပဲနီေလးနဲ႔ႏြားႏို႔

ပဲနီေလးနဲ႔ႏြားႏို႔ကို ေရာႀကိတ္ၿပီး ရလာတာကိုမွ မ်က္ႏွာမွာလိမ္းၿပီး ေပါင္းတင္ေပးရမွာပါ။

တစ္နာရီေလာက္ထားၿပီး မ်က္ႏွာသစ္လိုက္လို႔လည္းရသလို၊ ညအိပ္ခါနီးလုပ္ၿပီး မနက္ေရာက္မွ မ်က္ႏွာသစ္လိုက္လို႔လည္း ရပါတယ္။

ဒီနည္းလမ္းကလည္း ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာ႐ြတ္ေတြကို ပါးသြားေစပါတယ္။ #Crd