အခ်စ္နွင့္ဘဝ

ထိုက်တန်ရင် ကိုယ့်ဆီကိုပဲ ရောက်လာမှာပါ…

ထိုက်တန်ရင် ကိုယ့်ဆီကိုပဲ ရောက်လာမှာပါ…

ကိုယ်အရမ်း ချစ်ရတဲ့သူကို ဆုံးရူံးရမှာ ကြောက်နေလား ။ မကြောက်ပါနဲ့ ။ သင်သာ အကောင်းဆုံး ထိုက်တန်သူ ဖြစ်ပါစေ သင့်ဆီ ရောက်လာမှာပါ ။

ကိုယ်က အရမ်း တန်ဖိုးထားရသူက ကိုယ့်အနားကနေ ရှင်ကွဲ ကွဲထားခဲ့မှာ ကြောက်နေလား ။ မကြောက်ပါနဲ့ ။ သင် အရမ်းကြီး မျှော်လင့် ထားရင် အများကြီး နာကျင် ခံစားရ တတ်ပြီး သင်နဲ့ ထိုက်တန်တဲ့သူ ဆိုရင် သင်မောင်းထုတ်ရင်တောင် သင့်အနားက ထွက်သွားနိုင်မှာ မဟုတ်ဘူးလေ ။

တချို့သော အရာတွေ အပေါ်မှာ မျှော်လင့်ချက် သိပ်မထားပါနဲ့ ။ ဘာလို့လဲ ဆိုတော့ မျှော်လင့်တဲ့ အတိုင်း ဖြစ် မလာတာ ရှိတတ်သလို တကယ် ထိုက်တန်ပြီ ဆိုရင် မျှော်လင့်မထားလည်း ဘယ်လောက် ဝေးဝေး ကိုယ့်ဆီ ရောက်လာမှာ သေချာ ပါတယ် ။

မျှော်လင့်ချက် ဆိုတာက လူတယောက် အတွက် အသက် ဖြစ်တယ် လို့ ဆိုပေမယ့် မဖြစ်နိုင်တာကို မျှော်လင့်မိ ရင်လည်း အသက်ပါမက ဘဝပါ စုတ်ပြတ်သွားနိုင် ပါတယ် ။

တချို့သော အရာတွေက လိုက်နေရင် ပိုဝေးကွာတတ်ပြီး မလိုချင်တော့မှ ကိုယ့်ဆီ ရောက်လာတာမျိုးလည်း ရှိတတ်ပါတယ် ။

အရာအားလုံး အပေါ်မှာ သင့်တင့်သော မျှော်လင့်ချက် ထားနိုင်မှ မဖြစ်နိုင်တဲ့ အခါ ဖြေသာရာရပြီး အေးချမ်းပါလိမ့်မယ် … ။

Credit
========

Unicode,








Credit