Weather

Hello March, မြန်မာနွေရာသီ၂၀၂၃ မတ်လအတွင် နေ့အပူချိန်များမြင့်တက်လာမည့်ဒေသများ

အနီရောင်ချယ်ပြသထားသောဒေသများတွင် နေ့အပူချိန်များမြင့်တက်လာပြီး နေ့လည် ၁၂နာရီမှ ညနေ၄နာရီအတွင်း Ultraviolet index (UV Index)

ခရမ်းလွန်ရောင်ခြည်းညွှန်းကိန်း 9အထိရှိလာနိုင်သဖြင့် အရိပ်အာဝါသကောင်းတဲ့နေရာများတွင်နေထိုင်ကြပါ

မိုးမရှိမြန်မာ မတ်လ

၂၀၂၃ မတ်လ ၁ရက်နေ့မှ ၂၃ရက်နေ့အတွင်း

မြန်မာနိုင်ငံမှာ မိုးရွာသွန်းခြင်းလုံးဝမရှိနိုင်ပဲ နေ့အပူချိန်များတိုးမြင့်လာနိုင်ပါတယ် ရာသီဥတုကြည်လင်သာယာမှာဖြစ်တဲ့အတွက်

ရာဘာခြစ်လုပ်ငန်း အုတ်လုပ်ငန်း ဆားလုပ်ငန်းနှင့် ကောက်ပဲသီးနှံများရိတ်သိမ်းအခြောက်လှမ်းခြင်းစတာတွေကို အနှောက်အယှက်ကင်းစွာဖြင့်စိတ်အေးကြည်သာလုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်

လုပ်ငန်းများတိုးတက်အောင်မြင်ကြပါစေ

01/03/2023 နေ့နှင့် 02/03/2023 နေ့စင်္ကာပူ နိုင်ငံနှင့် မလေးရှားနိုင်ငံတောင်ပိုင်း အရှေ့တောင်ပိုင်း ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

မြန်မာတစ်နိုင်ငံလုံးမှာ နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပြီး ရာသီဥတုကြည်လင်သာယာပါလိမ့်မယ်

မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူးကောက်ပဲသီးနှံများရိတ်သိမ်းအခြောက်လှမ်းနိုင်ကြပါတယ်

၂၀၂၃မတ်လအတွင်း လာနီညာအားပျော့လာပြီး ဘက်မလိုက်ကြားနေအဆင့်ကိုကူးပြောင်းသွားပါတော့မယ် မြန်မာနွေရာသီ

မန္တလေးတိုင်း မကွေးတိုင်း ဒေသတွေမှာ ပုံမှန်ထက် +2°C – +3°C အထိမြင့်တက်လာဖွယ်ရှိပါတယ်

အပူချိန်မြင့်တက်မှုကို ဘယ်လိုကာကွယ်ကြမလည်းဆိုတာ ဆေးပညာရှင်တွေနှင့် ညှိနှိုင်းတိုင်ပင်ပြီးအကြံပြုချက်များရယူကာ

တင်ပါသွားပါဦးမယ်

မင်း ဂွတ် သီး Su Su San