Knowledge
အိမ်စားအတွက်ပဲဖြစ်ဖြစ် စီးပွားအတွက်ပဲဖြစ်ဖြစ်ဖြစ် လုပ်လို့ရတဲ့ ပဲပင်ပေါက်ဖောက်နည်း…
အိမ်စားအတွက်ပဲဖြစ်ဖြစ် စီးပွားအတွက်ပဲဖြစ်ဖြစ်ဖြစ် လုပ်လို့ရတဲ့ ပဲပင်ပေါက်ဖောက်နည်း
အိမ်မှာဖောက်စားမလစီးပွားဖြစ်ဘဲရောင်းမလားပဲပင်ပေါက်ဖောက်နည်းယခုပဲပင်ပေါက်ဖောက်နည်းမှာအိမ်တွင်းစိုက်ပျိုးရုံသာ
မကစီးပွားဖြစ်စိုက်ပျိုးလိုသူများအတွက်ပါစိုက်ပျိုးနိုင်
ပါသည်ရိုးရှင်းပြီးလွယ်လွယ်ကူကူပြုနိုင်သဖြင့်ကိုယ်တိုင်ပြုနိုင်လိမ့်မည်ဟုယုံကြည်ပါသည်အောက်ဖော်ပြပါအဆင့်များကိုတစ်ဆင့်ချင်းသေချာဖတ်ပြီးလုပ်ဆောင်စေလိုပါတယ်
၁။မျိုးရွေးချယ်ခြင်းပဲအမျိုးအစားအားလုံးနီးပါးကအပင်ဖောက်လို့ရပါတယ်ဒါပေမယ့်အစေ့သေးတဲ့ပဲအမျိုးအစားကတော့ကျန်းမာရေးအတွက်သင့်တော်တဲ့ရွေးချယ်မှုတစ်ခုပါ
ပဲအစေ့ကြီးတဲ့မျိုးတွေမှာဆိုရင်တော့စိုစွတ်မှုအချိန်ကြာလာတာနဲ့အမျှမှိုတက်ဖို့အလားအလာများပါတယ်အသုံးပြုမည့်ပဲကိုရေ(၈)နာရီခန့်ကြိုတင်စိမ်ထားဖို့လိုအပ်ပါတယ်ပဲတီစိမ်း
ကအညှောင့်ဖောက်ဖို့အတွက်အသုံးအများဆုံးပဲမျိုးဖြစ်ပါတယ်အခြားအစေ့သေးတဲ့ပဲမျိုးတွေလည်းအသုံးပြုနိုင်ပါတယ်၂။အသုံးပြုမည့်ပုံမိသားစုတစ်နိုင်တစ်ပိုင်မှစီးပွားဖြစ်
စိုက်ပျိုးသည်အထိလုပ်ဆောင်နိုင်သည့်အတွက်အသုံးပြုမည့်ပုံးအရွယ်ကိုရွေးချယ်ဖို့လိုအပ်ပါတယ်ကော်ပုံးခြင်းတောင်းကွန်ကရစ်ခွေစသဖြင့်အသုံးပြုနိုင်ပါတယ်အသုံးပြုမည့်ပုံးက
အလင်းရောင်အဖောက်ဖို့လိုအပ်ပါတယ်ပုံးကအလင်းရောင်ဖောက်အကြည်ပုံးဖြစ်နေရင်တော့ပဲစေ့ထည့်ပြီးအလင်းရောင်မဖောက်နိုင်တဲ့ပုံးကြီးအဝတ်တို့နဲ့အုပ်ထားဖို့လိုအပ်တယ်
ပုံးတွေရဲ့အောက်ခြေမှာရေစစ်ကျနိုင်ဖို့ပေါက်လေးတွေဖောက်ထားဖို့လိုအပ်ပါတယ်၃။လိုအပ်သောပစ္စည်းများပဲတီစိမ်း ကော်ဇကာ၊ဂုံနီအိတ်၊ကျောက်စရစ်ခဲ
ဖောက်ထားသော ပိုက်ဇကာကိုအိမ်ဆောက်ပစ္စည်းဆိုင်များတွင်အလွယ်တကူဝယ်ယူနိုင်ပါတယ်မရှိပါကဝါးဇကာအသုံးပြုနိုင်ပါတယ်အပေါက်အရွယ်အစားမှာပဲတီစိမ်းအစေ့
များအောက်ကိုမကျနိုင်တဲ့အရွယ်ဖြစ်ဖို့လိုပါတယ်၄။ပြုလုပ်နည်အဆင့်ဆင့်(က)ပုံးရဲ့အောက်ခြေကိုရေသေချာဆေးထားတဲ့ကျောက်စရစ်ခဲလေးတွေကိုခင်းပေးပါဒါမှပုံးထဲမှာ
ရေအိုင်မနေဘဲအလွယ်တကူထွက်သွားနိုင်မှာဖြစ်ပါတယ်ကွန်ကရစ်ခွေအသုံးပြုပါကအောက်ခြေတွင်စက်ဘီးတာယာခင်းပြီးအပေါ်ကနေသံဇကာကွက်စိပ်ကိုပုံမှာပြထားသလိုခင်း
ပြီးအသုံးပြုနိုင်ပါတယ်(ခ)ပြီးနောက်ဂုံနီအိတ်ကိုအသုံးပြုမည့်ပုံး၊တောင်း၊ကွန်ကရစ်ခွေအဝိုင်းအတိုင်းဖြစ်ထားပါလေးထောင့်ပုံးများဖြစ်ပါကဂုံနီအိတ်ကိုလည်းပုံးအတိုင်း
လေးထောင့်ဖြတ်ဖို့လိုအပ်ပါတယ်ဖြတ်ထားသောဂုံနီအိတ်အစ(၂)စကိုကျောက်စရစ်ခဲရဲ့ပေါ်မှာခင်းပါအစ(၂)စအသုံးပြုရခြင်းမှာအောက်ခံမျက်နှာပြင်တောင့်တင်းစေရန်
နှင့်ရေအစိုဓာတ်ကိုထိန်းထားနိုင်ရန်ဖြစ်ပါတယ်(ဂ)ကော်ဇကာကိုလည်းဂုံနီအိတ်အရွယ်အတိုင်းဖတ်ထားပါကော်ဇကာကိုဂုံနီအိတ်ပေါ်မှာ(၁)ထပ်ထပ်တင်ပါ(ဃ)ကော်ဇကာပေါ်မှာ
ရေ(၈)နာရီစိမ်ထားသောပဲတီစိမ်းကိုပါးပါးလေးထည့်ပေးပါထူထူထည့်လိုက်ပါကအပင်ပေါက်များကျပ်လာရုံသာမကမှိုများအလွယ်တကူကျရောက်နိုင်ပါတယ်(င)အခုဆိုအလွှာ
တစ်လွှာအတွက်လိုအပ်တဲ့အဆင့်တွေပြီးသွားပါပြီနောက်တစ်လွှာအတွက်ဖြတ်ထားသောဂုံနီအိတ်အစ(၂)စကိုပဲတီစိမ်းအစေ့တွေရဲ့အပေါ်မှာထပ်ခင်းပါ(စ)ဂုံနီအိတ်ပေါ်မှာကော်ဇကာ
ထည့်ပြီးနောက်ပဲတီစိမ်းကိုပါးပါးထည့်ပေးပါဤနည်းဖြင့်အလွှာ(၄)လွှာအထိပြုလုပ်နိုပါတယ်(ဆ)၄လွှာပြီးထည့်ပြီးနောက်အပေါ်ဆုံးကနေဂုံနီအိတ်(၂)စထပ်တင်ထားပေးပါပြီး
နောက်ရေကိုစိုရွဲသွားအောင်များများလောင်းထည့်ပေးပါပြီးနောက်အပေါ်ကနေ ငှက်ပျောက်ရွက်သို့မဟုတ်တစ်ခုခုဖြင့်ဖုံးအပ်ထားပေးပါ(၅)ပြုစုနည်း(က)ပြုလုပ်သည့်နေရာဒေသ
နှင့်ရာသီဥတုပေါ်မူတည်၍ရေကိုသုံးနာရီခြားတစ်ခါလောက်လောင်းပေးဖို့လိုအပ်ပါတယ်လောင်းတိုင်းမှာရေကောင်းစွာစိုစွတ်နေစေရန်များများလောင်းပေးဖို့လိုအပ်ပါတယ်ညမအိပ်
ခင်မှာလည်းနောက်ဆုံးတစ်ကြိမ်လောက်လောင်းပြီးမှအိပ်ပါဒီနည်းအတိုင်းပဲပင်ပေါက်ရလာသည့်အထိရေလောင်းပါ(ခ)၃၆နာရီလောက်ကြာရင်တော့ပဲပင်ပေါက်များရရှိလာပါပြီ
(ဂ)ပဲပင်ပေါက်များကိုဆွဲထုတ်လိုက်ပါကအလွှာလိုက်ထွက်လာမှာဖြစ်ပါတယ်ထိုအလွှာကိုကြည့်လိုက်ပါကအပေါ်မှာပဲစေ့အခွံလေးတွေကပ်နေမှာဖြစ်ပါတယ်အဲဒါတွေကိုခါချဖို့
ရေဇလုံထဲမှာပဲပင်ပေါက်အလွှာကိုမှောက်လျက်ထားပြီးရေဆေးလိုက်ပါကအစေ့ခွံများကျသွားမည်ဖြစ်ပါ(ဃ)ပဲပင်ပေါက်ရဲ့အမြစ်တွေကိုကော်ဇကာကိုဖောက်ပြီးဂုံနီအိတ်ထဲ
မှာဝင်ရောက်နေတဲ့အတွက်ဇကာနားကိုကပ်ပြီးဓားနဲ့ခြစ်ခလိုက်ပါကအမြစ်မပါတဲ့ပဲပင်ပေါက်များရရှိမည်ဖြစ်ပါတယ်အထက်ဖော်ပြပါနည်းမှာရိုးရှင်းလွယ်ကူပြီးလိုက်လုပ်နိုင်မည်
ဟုအပြည့်အဝယုံကြည်ပါတယ်ဒါကြောင့်ဒီနည်းလေးအတိုင်းလိုက်လုပ်၍မိမိအိမ်မှာသန့်ရှင်းလတ်ဆက်တဲ့ပဲပင်ပေါက်များကိုကိုယ်တိုင်လုပ်ဆောင်နိုင်ပါပြီဗဟုသုတအနေဖြင့်ပဲတီစိမ်းတစ်ပိဿာဖောက်ပါကပဲပင်ပေါက်(၄)ပိဿာရရှိမည်ဖြစ်ပါတယ်။Credit. .
Zawgyi