သိန်း ၁၀၀ တန် မြေကွက်ကို ရောင်း၊ တဝက်ကို ဘဏ်ထဲထည့် တဝက်ကို ရင်းနှီးပြီး ၅ နှစ်ကြာသောအခါ (စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါနော်) လူတစ်ယောက်.. သိန်း ၁၀၀ တန် မြေကွက်ကို ရောင်းပြီး တစ်ဝက်ဖြစ်တဲ့ သိန်းငါးဆယ်ကို ဘဏ်ထဲထည့်လိုက်တယ်။ တစ်ဝက်ကို နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ အတွက်ရင်းနှီးလိုက်တယ်.
သူနိုင်ငံခြားမှာ ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ ၅နှစ်သွားအလုပ်လုပ်တယ်၊ အမိမြေပြန်လာတော့ သိန်း ၅၀၀ ပြန်ပါလာတယ်။ ဒါဆို သူရင်းနှီးထားတဲ့ငွေ သိန်း ၅ဝ ထက် ဆယ်ဆပိုမြတ်သွားပြီပေါ့.. ဒါပေမယ့် ငါးနှစ်ကြာပြီးနောက် သူသိန်း၁၀၀နဲ့ ရောင်းခဲ့တဲ့မြေကွက်က အခု ခေါ်ဈေး သိန်း ၃၀၀၀ ဖြစ်နေပြီ။
ဒါဆို သူရှုံးခဲ့တာ ၁။ ငွေသိန်း ၂ထောင့်၉ရာ ၂။ သူပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ အားစိုက်မှု၊ ၃။ မိသားစုနဲ့ခွဲခွာရတဲ့ ၅နှစ်သက်တမ်း ၄။ သူ့အသက်ရဲ့ ကိုယ်ပိုင်အချိန် ၅နှစ်နဲ့ ၅။ သူ့ရဲ့ကျန်းမာရေးပဲ ဖြစ်မယ်၊ တကယ်လို့ သူ၅နှစ်လုပ်ခဲ့တဲ့အရာဆီက ပညာရခဲ့မယ်ဆို သူအခုအချိန်အသုံးချလို့ရသေးတယ်။
တကယ်လို့ပညာမရခဲ့ဘဲ ပိုက်ဆံရဖို့ပဲ သည်းကြီးမည်ကြီးရှာနေမယ်ဆို အခု သူ့ကိုယ်မှာ ကျန်တာက ဗလာနတ္ထိနဲ့ အရှုံး။ ကျနော်တို့ လိုအပ်နေတာ ငွေကိုချွေတာနေဖို့ မဟုတ်ဘူး… ကျနော်တို့ လိုအပ်တာ ငွေဝင်မယ့် Source အရင်းအမြစ်ကို ရှာဖို့ပါ။ အပေါ်က စာကို ဖတ်ရင်တော့ အစပိုင်းတော့ ဟုတ်သလိုလို ထင်မိပါလိမ့်မယ်။
လက်တွေ့ အပြင်မှာတော့ သိန်း ၁၀၀ မြေကွက်ကနေ သိန်း ၃၀၀၀ လောက် ၅ နှစ်အတွင်း အဆ ၃၀ ဈေးတက်သွားဖို့ကမြန်မာပြည်လို လုပ်စား ပေါင်းစား ခွင်ရိုက်စား များတဲ့ နိုင်ငံမှာတောင် သိပ်မရှိပါဘူး။ ပြီးတော့ မြန်မာပြည်ဘဏ်တွေရဲ့ လက်ရှိအနေအထားနဲ့
ဆိုသူဘဏ်ထဲထည့်ခဲ့တဲ့ သိန်း ၅၀ ကလည်း ဘယ်တော့မှ ထုတ်မရတာကြောင့် ရာခိုင်နှုန်း ပေးပြီး ထုတ်ရလို့ ပိုပြီးတောင် ရှုံးသွားဦးမှာပါ။