ဒူးနာ ခါးနာရောဂါ အမျိုးမျိုးအတွက်ပါ
ဒူးနာ ခါးနာရောဂါ အမျိုးမျိုးအတွက် သဘာ၀ မြန်မာ့ဆေးမြီးတိုများ
ဒူးနာ ခါးနာများအတွက် သဘာ၀ ဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ မိမိနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို ရွေးချယ် စမ်းသပ်နိုင်ကြပါတယ်။ ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။
(၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီး အမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ ငါးနာရီခန့် ပြုတ်၍
တစ်နေ့ သုံးလုံးစီ ငါးရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ (ဝိစိတ္တရတနာမြေ)
(၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍
လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်၀လာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)
(၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)
(၄) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။
မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)
(၅) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။
၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)
(၆) သင်္ဘောသီးအစိမ်း တစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။ ကြက်ဥကို ထည့်လိုက်ပါ။
သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။
ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)
(၇) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၄င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။
ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။
အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့နေဆိုင်-ပူတာအို)
(၈) ဘဲဥကို ပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန်
သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။
တစ်နေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊
အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်။ ဥပမာ အသက် ၄၀ နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ ၂၀ စားသုံးရမည်၊ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ (မြန်မာ့ဆေးမြည်းတိုများ)
ကိုးကား : ကျန်းမာရေး၀က်ဆိုက်မျိုးစုံ မှတ်စု