2023 Summerမတ် ဧပြီ မေ
အိန္ဒိယနိုင်ငံအလယ်ပိုင်း အနောက်မြောက်ပိုင်းဒေသတွေ ၂၀၂၃ နွေရာသီ အပူလှိုင်း heat wave ပူပြင်းခြောက်သွေ့နိုင်ပါတယ် ဧပြီလ မေလ တွေမှာ မြန်မာနိုင်ငံ ထိုင်းနိုင်ငံ လာအိုနိုင်ငံတွေမှာ ပုံမှန်ထက်အနည်းငယ်ပိုမိုပူနွေးနိုင်ပါတယ်
issued time 07/03/2023 6:52Am(MMT)
မုတ်သုန်ကြိုမိုး????
၂၀၂၃ ဧပြီလ ၂၅ရက်နေ့မှ မေလ ၁၅ရက်နေ့အတွင်း မြန်မာကမ်းရိုးတန်းဒေသတွေမှာ cape index မြင့်တက်နိုင်ပြီး ပဲခူးရိုးမအရှေ့ပိုင်း အနောက်ပိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နှင့်
မွမ်ပြည်နယ်ဒေသတွေမှာ မုတ်သုန်ကြိုမိုးတွေရွာနိုင်ပါတယ် အဆိုပါရက်အတွင်း မိုးကြိုးပစ်ခြင်း လျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း လေရိုင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်
issued time 06/03/2023 11:46AM(MMT)
သြဂုတ်လ စက်တင်ဘာလ အောက်တိုဘာလ မိုးနှောင်းရာသီဥတုအခြေအနေ ☔☔☔
စစ်ကိုင်းတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နေပြည်တော်ပြည်ထောင်စုနယ်မြေတွေမှာ မိုးလည် မိုးနှောင်းကာလမှာ ရွာသွန်းမြဲထက်မိုးရေချိန်လျော့ကျနိုင်ပါတယ်
ရခိုင်ပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်းတောင်ပိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတွေမှာတော့အရှေ့လေစီးကြီးတွေကနေပြီး မိုးရွာသွန်းနိုင်မှုရှိပြီး ရွာသွန်းမြဲထက်၂ဆကေျာ်ပိုမိုရွာသွန်းနိုင်သဖြင့် မိုးနှောင်းကောင်စေမှာဖြစ်ပါတယ်
ဒေသအလိုက်ခန့်မှန်းချက်တွေကိုသေချာစွာဖတ်ရှုကြပါ
issued time 06/03/2023 10:51am(MMT)
မင်းဂွတ်သီးလေးရဲ့ Long Kick⛹⛹️♀️⛹️♀️⛹️♀️⛹️♀️⛹️♀️⛹️♀️⛹️♀️Southwest monsoon 2023
၂၀၂၃ မေလအတွင်းဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်တဲ့အလားအလာမရှိသော်လည်း ၂၀၂၃ မေလ ၂၀ရက်နေ့မှ ၂၅ရက်နေ့အတွင်း တနင်္သာရီတိုင်းကြီးကို အနောက်တောင်မုတ်သုန်လေစတင်ဝင်ရောက်လာနိုင်ပြီး
မေလ၂၅ရက်နေ့မှ ၃၁ရက်နေ့အတွင်း မုတ္တမပင်လယ်ကွေ့ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်းအရှေ့တောင်ပိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေကိုအနောက်တောင်မုတ်သုန်လေရောက်ရှိနိုင်ကာ
ဧရာဝတီတိုင်းကတော့ အနောက်တောင်မုတ်သုန်လေဝင်ရောက်မှုနောက်ကျနိုင်ပါတယ် ဇွန်လပထမ၁၀ရက်နေ့အတွင်းမှသာ ရခိုင်ပြည်နယ်နှင့်အတူအနောက်တောင်မုတ်သုန်လေ ဝင်ရောက်လာနိုင်ပါတယ်
မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကယားပြည်နယ်တွေသည်လည်း မိုးဦးနောက်ကျကာ ဇွန်လနောက်ဆုံးပတ်မှ မိုးစတင်ရရှိစေနိုင်ပါတယ်
ကချင်ပြည်နယ်ကြီးကတော့ မိုးနောက်ကျနိုင်ပြီးပူပြင်းခြောက်သွေ့နိုင်ပါတယ်
ဆက်လက်ပြီး ဒေသအလိုက်အသေးစိတ်စိစစ်တွက်ချက်ကာ လဝေးခန့်မှန်းချက်တွေကိုခန့်မှန်းပေးသွားပါတယ်
weather data အချက်အလက်များစွာဝယ်ယူရန်ကျန်ရှိနေပါသေးတယ် မပြည်စုံသေးတဲ့အတွက် ခန့်မှန်းချက်တွေ နှောင့်နှေးကျန့်ကြာခဲ့ရတဲ့အပေါ်နားလည်ပေးကြပါ
မင်းဂွတ်သီးလေးရဲ့လဝေး ရက်ဝေး ရက်နီး ခန့်မှန်းချက်များရေရှည်ရပ်တည်နိုင်ရန်အတွက် အောက်ဖော်ပြပါ အကောင့်မှာ စိတ်ချယုံကြည်စွာဖြင့်ထည့်ဝင်ပံပိုးကူညီနိုင်ပါတယ်.
kay pay-U Htun Hla Aung-09792759477 /KBZ Bank account-070 301 999 3194 0501
Wave Pay-09792759477 Waveကို Passwordနဲ့မလွှဲပဲ Accountထဲတခါတဲထည့်ပေးပါနော်
AYA bank account-U Htun Hla Aung -20027701621 /AYA pay-09792759477
ISSUE TIME 06/03/2023 AT 8:37am(MMT)
မင်း ဂွတ် သီး Su Su San
Zawgyi
2023 Summerမတ် ဧပြီ မေ
မုတ်သုန်ကြိုမိုး??
ရခိုင်ပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်းတောင်ပိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတွေမှာတော့အရှေ့လေစီးကြီးတွေကနေပြီး မိုးရွာသွန်းနိုင်မှုရှိပြီး ရွာသွန်းမြဲထက်၂ဆကျော်ပိုမိုရွာသွန်းနိုင်သဖြင့် မိုးနှောင်းကောင်စေမှာဖြစ်ပါတယ်
မင်း ဂွတ် သီး Su Su San