MDY news center
credit
unicode
ဒီနေ့ facebook သုံးတဲ့သူတွေ အထူးသတိထားဖို့ မျှဝေလိုက်ပါတယ်
ဒီနေ့ Facebook အကောင့်နှစ် ခုသုံးတဲ့သူတွေတို့၊ အကောင့်တစ်ခုတည်းကို ဖုန်းနှစ်လုံးနဲ့သုံးတဲ့သူတွေတို့၊Device သုံးလေးခုသုံးတဲ့သူတွေ မိမိအကောင့်ကို ရှိနေတဲ့ Device မှာပဲငြိမ်ငြိမ်လေးသုံးပေးကြပါ။
အကောင့်ကို ဝင်လိုက်ထွက်လိုက် ဟိုအကောင့်ပြောင်းလိုက် ဒီအကောင့်ပြောင်းလိုက်လုံးဝမလုပ်ကြပါနဲ့။ VPN ကိုလဲပြောင်းသုံးတာတွေမလုပ်ကြပါနဲ့။
ဒီနေ့ Facebook ရဲ့ Security Tools တစ်ခုရဲ့ Ai စနစ်တစ်ခုချို့ယွင်းချက်ကြောင့် အကောင့်တွေကို Lock ချတာတွေဖြစ်နေပါတယ်။
Lock ချတဲ့နေရာမှာလဲ အကောင့်တစ်ခုတည်းကိုပဲ lock ချတာမဟုတ်ပဲ မိမိဖုန်းမှာ login လုပ်ထားတဲ့အကောင့်တိုင်း Lock ကျသွားမှာပါ။
Lock ကျသွားပြီဆိုရင်လဲ ID တောင်းပါလိမ့်မယ်။ မိမိဘာသာ ပြန်ဆယ်မည့်သူတွေအနေနဲ့ facebook က ID တောင်းတဲ့အခါခေါင်းအေးအေးထားပြီးသေချာပြင်ဆင်ပါ။
မိမိအကောင့်မှာပေးထားတဲ့ နာမည်နဲ့မွေးနေ့ဟာ မိမိတင်သွင်းမည့် ID card ကအချက်အလက်နဲ့အားလုံးတူညီရပါမယ်။
အကယ်၍မတူညီရင် ID တင်သွင်းခြင်းကိုမလုပ်ဆောင်သေးပဲ နားလည်တတ်ကျွမ်းတဲ့သူများနဲ့တိုင်ပင်ပါ။
ID တင်သွင်းပြီးသွားလို့အမှားပါသွားရင်အကောင့်ဟာ အပြီးပိတ်သိမ်းခံရပါလိမ့်မယ်။
နောက်တစ်ခုက အခုချိန်ဟာ Facebook Team က Work from Home ဖြစ်သွားတာကြောင့် –
“Thank you for sending your information.
We have fewer people available to review information due to the coronavirus (COVID-19) pandemic.
This means we may be unable to review your account.” ဆိုတဲ့စာတန်းကိုပြသပါလိမ့်မယ်။
သဘောကတော့သူတို့က Lock ကျသွားတဲ့အကောင့်တွေကို လူကိုယ်တိုင်ပြန်မစစ်ပေးတော့ဘူး Ai ကနေပဲစစ်မှာဖြစ်လို့ အမှားပါသွားရင်လုံးဝဆုံးရှုံးရမှာပါ။
အားလုံး အားလုံး မိမိ Facebook အကောင့်ကို နှမြောတယ်ဆိုရင် အထူးဂရုစိုက်ကြပါ။
(Edit- မန့်ထဲကပုံတွေက ဒီ Post တင်ပြီးမှဖြစ်လို့ကျွန်တော့်ဆီရောက်လာကြသူတွေပါ)
MDY news center
credit