ကာဘော်လစ်ဆပ်ပြာအသုံးပြုနေသူတွေအတွက် အထူးသတိထားရမည့်အကြောင်းအရာတစ်ခု
အပီအပြင် ငြင်းနေကြလို့ ချက်ကျ လက်ကျပဲပြောပါမယ် ။
ကာဘော်လစ် ဆပ်ပြာကို မျက်နှာလုံးဝမတိုက်ပါနဲ့ ကိုယ့်မျက်နှာအသားရည်
ကိုယ်တန်ဖိုး ထားရင်ပေါ့ တိုက်နေတဲ့သူတွေလဲ လာမငြင်းပါနဲ့ဆက်တိုက်ပါ
ကာဘော်လစ်ဆပ်ပြာမှာ ကာဘော်လစ်အက်စစ်ပါဝင်တဲ့အတွက်
မျက်နှာအသားရည်ကိုပျက်ဆီးစေရုံသာမကမျက်ကြည်လွှာထိခိုက်စေပါတယ်
carbolic အက်စစ်က နုနယ်တဲ့မျက်နှာအသားရည်ကို အက်စစ်ဓာတ် သဘောအရ
စားပစ်လိုက်လို့စသုံးသုံးပီး ၁ လ ၂ လလောက်ထိ မျက်နှာက ဖြူ လာပီး ok သယောင် ဖြစ်နေပါလိမ့်မယ်
အဲ့နောက်ပိုင်း Normal skin သမားတွေ တိုက်ရင် အရည်ပြားပါးလာပီး
sensitive skin အဖြစ်သို့တဖြေးဖြေး ပြောင်းလဲသွားပါမယ်
dry skin သမားတွေ ပိုပီး အသားရည် ခြောက်ကပ်လာမယ် ။
oily skin သမားတွေ ရေဓာတ်ခန်းလာမယ်
sensitive skin သမားတွေတိုက်မိရင် မျက်နှာတခုလုံး ဝက်ခြံအုံနဲ့ကျင်းနဲ့ပေါ်လာပါမယ်နော်
ဝက်ခြံတွေကုလို့ပျောက်သွားရင်တောင် အသားရည်က နီရဲပီး နီစပ်စပ်နဲ့လက်ရှိထက်ပိုပီး
ထိလွယ်ရှလွယ် ဖြစ်လာပါမယ် မယုံရင် ဆက်သုံးပါနော် ကိုယ်ဖြစ် ကိုယ်ခံပါ။
ကာဘော်လစ်ဆပ်ပြာကို ပိုးသတ်ရန် လက်သန့်ရန်အတွက်ပဲ အသုံးပြုသင့်ပါတယ် ။ ။
Zawgyi