အရမ်းကောင်းလို့ အိမ်ထောင်ရှင်များ အထူးဖတ်သင့်ပါတယ်
သူ့ဘဝက ကျပန်း ပန်းရံအလုပ်သမား ဘဝကနေစပြီး တဖြည်းဖြည်းနဲ့ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။အဲ့
ကနေ တဆင့်ပြီး တဆင့်ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်လာရာက တဖြည်းဖြည်းနဲ့ ..
အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေဝင်ရာက ခုဆို အိမ်ခြံမြေ နဲ့ဆောက်လုပ်ရေးကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့တယ်။ သူ့ကုမ္မဏီဟာ နာမည်တော်တော်လေးရနေပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ်
သူ့ရဲ့ ပန်ရံ အလုပ်သမားဘဝကတည်း ကနှစ်ပေါင်းများစွာ အတူတူပေါင်းသင်းစောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာညိုညို ညှက်ညှက် ပိန်ပိန် ပါးပါးညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် မည်းမည်းတူးတူးကြီး ဖြစ်လာတယ်။
အသားအရေ တွေကလည်းနုနယ်ပြေပြစ်ရာကနေ တဖြေးဖြေးကြမ်းတမ်းခက်ထော် ယုံမကတစ်နေ့တခြား တွန့်လိမ်အရေးအကြောင်း ထင်လာခဲ့တယ်။
သူများမယား ချောချောလှလှတွေနဲ့ ယှဥ်ရင် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ သူ့မယားကို တဖြည်းဖြည်းစိတ်ကုန်လာ ငြီးငွေ့လာခဲ့တော့တယ်။ဒါပေမယ့် သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်းဆင်းရဲခဲ့တာတွေကိုလည်း မေ့မရခဲ့ဘူး။
ဒါပေမယ့် သူ့အနေနဲ့ သူမယားရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့အဆုံး စုံတွဲ ဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်။ အမှန်တော့ သူနဲ့ပရောပရီဖြစ်ပြီး အပေးအယူမျှနေတဲ့ သူ့ရဲ့ကုမ္မဏီက အတွင်းရေးမှူးမလေးကို သူသဘောကျနေခဲ့တာပါ။
ဒါနဲ့ သူ့မိန်းမနာမည်နဲ့ ဘဏ်စာအုပ်လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ်။ ပြီးတော့ အိမ်တစ်လုံး လည်းဝယ်ထားပေးပြီး သူ့မိန်းမကို လုံလောက်ပြည့်စုံအောင် ထောက်ပံ့ပေးထားခဲ့တယ်။
သူ့အနေနဲ့ တာဝန်မဲ့တဲ့သူမဖြစ်ချင်တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂါတ်အတွက် ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ်။ သူ့မယားကို အခက်မတွေ့စေချင်ဘူး။ ဒီလိုမှမဟုတ်ရင် သူ့စိတ်ထဲ ကောင်းမှာ လိပ်ပြာလုံမှာ မဟုတ်ဘူး
နောက်ဆုံးတော့ သူ့အစီ အစဉ်တွေကို သူ့မိန်းမကိုပြောပြလိုက်တယ်။ သူမဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေးထိုင်နားထောင်ပေးတယ်။
သတ်မှတ်ထားတဲ့ နေ့ ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ် နဲ့စာချုပ်စာတမ်းတွေ ဘဏ်စာအုပ်တွေကိုလွဲပေးပြီး နှစ် ၂၀ ကျော်လက်တွဲလာတဲ့ ဘဝကိုအဆုံးသတ်လိုက်ပြီး အလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ်။
တမနက်လုံးသူ စိတ်တွေ ဂဏှာမငြိမ်ဘူး။ နေ့လည်ခင်းကျတော့သူအိမ်ပြန်လာတော့ သူမိန်း လည်းထွက်သွားခဲ့ပြီ။ သူမဟာ သူဝယ်ထားပေးတဲ့ အိမ်သော့နဲ့အိမ်ဂရမ်တွေ၊ ဘဏ်စာအုပ်တွေကို သူ့အိပ်ယာဘေးမှာချထားပေးခဲ့တယ်…။အဲ့အောက်မှာ သူမရေးထားတဲ့စာတစ်စောင်လည်း ရှိနေတယ်
ကျွန်မပြန် သွားပြီ ..နော် ၊ အမေတို့ ရွာကိုပဲပြန်မှာပါ ၊ ရှင့်ရှာထားတဲ့ ပိုက်ဆံတွေအိမ်တွေ ကျွန်မအတွက် မလိုအပ်လို့ပြန်ထားခဲ့လိုက်တယ်။ အမေတို့ဆီမှာ ကျွန်မအတွက်အကုန်ရှိတာပဲ။
အဝတ်အစား တွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေ ကျွန်မလျော်ထားပေးခဲ့တယ်။ အဝတ်ဘီဒို ရဲ့အောက်ဆုံးထပ်မှာထည့်ထားတယ်။ အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း။
အဝတ်တွေကို ချိတ်နဲ့ချိတ်ထား ပေးတယ်။ ရှင့်ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က ဘီဒိုအလယ်ထပ် မှာနော်။ အတွင်းခံတွေလဲ လျှော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ လိပ်ပြီးစီထားတယ်နော်…။
ကျွန်မမရှိတော့ပေမဲ့ ဆရာပေးထားတဲ့ အစာအိမ်ဆေးတွေ သောက်ဖို့မမေ့နဲ့အုန်း….။ နောက်တစ်ခု ရှင်ကအိမ်သော့ ခဏခဏမေ့တတ် ကျပျောက်တတ်လို့ ကျွန်မသော့အပိုတွေလုပ်ထားပြီး ခြံစောင့်ဦးလေးကြီးအိမ်မှာ အပ်ထားပေးတယ်နော်…။
မနက်အလုပ်သွားခါနီးရင် အိပ်ယာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်သွားဖို့မမေ့နဲ့အုန်း။ မိုးရွာလို့ မိုးပက်ရင် အိပ်ယာတွေ စိုရွဲကုန်မယ်…။
ကျွန်မရှင်ကြိုက်တဲ့ ဆိတ်သားခြောက် နဲ့ဝက်သားခြောက် နေတစ်လှမ်း သားတွေ ၄, ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ်…။
စားချင်တဲ့အခါဆီအိုးလေးတည်ပြီး ကြော်စားလိုက်ရုံပဲ ။ ပြီးတော့ ဟင်းချိုမုန့်မပါပဲ ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့ ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာရှိတယ်…။
သူငယ်ချင်းတွေနဲ့ ဘီယာမြည်း မပစ်လိုက်နဲ့အုန်း…။သူမရေးထားတဲ့စာလုံးတွေက ကြောင်ခြစ်ထားသလိုပဲ။ မညီမညာနဲ့ လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ…။ဒါပေမဲ့စာလုံးတိုင်းဟာ သူမရဲ့ ဖြူစင်တဲ့စိတ်ထားအမှန်တွေဆိုတာ သူခံစားမိလေတိုင်း နှလုံးသားထဲမှာ တစစ်စစ်နဲ့နာကျင်လာတယ်…။
သူ ကြောင်အိမ်ထဲက ဘာလချောင်ကြော်ပုလင်းတွေကို ထုတ်ကြည့်ပြီး သူ သာမန်ဆင်းရဲသားငမွဲလေးဘဝလွန်ခဲ့တဲ့ နှစ်(20)တုန်းက သူ့ကိုဒီလိုပဲ ဘာလချောင်ကြော်တွေ ကြော်ကျွေးခဲ့တုန်းက သူပျော်ရွှင်ကြည်နူးခဲ့ရဖူးတယ်။
အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ သူမကိုပျော်ရွင်အောင်ထားရ မယ်လို့ သူ့ကိုယ် သူကတိ ပေးခဲ့ဖူးတယ်…။ သူချက်ချင်းပဲ ကားမောင်းထွက်ပြီးသူ့မိန်းမကိုလိုက်ရှာတယ်။ နာရီဝက်လောက်ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ်။ သူ့တစ်ကိုယ်လုံးလဲ ချွေးတွေရွဲနစ်နေတာပဲ…။
သူ …မိန်းမကိုဒေါသနဲ့လှမ်းအော်တယ်။ နင်က ဘယ်ကိုသွားမလို့လဲ။ ငါ အခုအလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာ ထမင်းတောင်မစားရသေးဘူး…။အိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့…။
သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာရင်း ထိုင်ရာကထပြီး သူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာ ခဲ့တော့တယ် ။သူမမျက်နာမှာလည်း မျက်ရည်စတွေနဲ့ ပြုံးလာတယ်။သူမမသိတာက သူ့ရှေ့ကစိုက်စိုက်နဲလျောက်နေနဲ့ သူယောက်ျား ရဲ့ပါးမှာမျက်ရည်တွေစီးကျနေတယ်ဆိုတာပါပဲ။
စောစောက ကားဂိတ်ကိုသူ ကားမောင်းလာတော့လမ်းမှာတစ်လမ်းလုံးသူစိုးရိမ်လာတာ သူမကိုပြန်ရှာလို့ မတွေ့တော့မှာကိုပဲ အရမ်းကြောက်နေခဲ့တာပါ။ သူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ်။ ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ။
ဘာမဟုတ်တဲ့ တစ်ခြားမိန်းမလှတာလေးနဲ့ပဲ သူ့ ကိုသိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှနှစ်ပေါင်း၂ဝကျော် အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့ မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲပေါ့။
တကယ်ဆို သူမဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာ သူနားလည်သွားပါပြီ…။
ပျော်ရွှင်မှုဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး ။ ကိုယ်ချစ်တဲ့သူရဲ့ အပြုံးပေါ်မှာတာမူတည်တာပါ။ လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ…။
လေးစားစွာဖြင့် Credit: မူရင်းရေးသားသူ
Zawgyi. .
အရမ္းေကာင္းလို႔ အိမ္ေထာင္ရွင္မ်ား အထူးဖတ္သင့္ပါတယ္
သူ႕ဘဝက က်ပန္း ပန္းရံအလုပ္သမား ဘဝကေနစၿပီး တျဖည္းျဖည္းနဲ႕ သံလွ်က္ကိုင္ ပန္းရံဆရာတစ္ေယာက္ျဖစ္လာခဲ့တယ္။အဲ့ကေန တဆင့္ၿပီး တဆင့္ကန္ထရိုက္လုပ္ငန္းရွင္ျဖစ္လာရာက တျဖည္းျဖည္းနဲ႕ ..
အိမ္ၿခံေျမ ကုမၼဏီမွာရွယ္ရာေတြဝင္ရာက ခုဆို အိမ္ၿခံေျမ နဲ႕ေဆာက္လုပ္ေရးကုမၼဏီ ပိုင္ရွင္ျဖစ္လာခဲ့တယ္။ သူ႕ကုမၼဏီဟာ နာမည္ေတာ္ေတာ္ေလးရေနၿပီး အဲ့ဒီအရာဟာ သူ႕စိတ္ေတြကိုေျပာင္းလဲ လာေစခဲ့ေတာ့တယ္
သူ႕ရဲ႕ ပန္ရံ အလုပ္သမားဘဝကတည္း ကႏွစ္ေပါင္းမ်ားစြာ အတူတူေပါင္းသင္းေစာင့္ေလွ်ာက္လာခဲ့ေပးတဲ့ မယားဟာညိုညို ညွက္ညွက္ ပိန္ပိန္ ပါးပါးညိုေခ်ာ ေလးကေန ခုဆို ဝဝတုတ္တုတ္ မည္းမည္းတူးတူးႀကီး ျဖစ္လာတယ္။
အသားအေရ ေတြကလည္းႏုနယ္ေျပျပစ္ရာကေန တေျဖးေျဖးၾကမ္းတမ္းခက္ေထာ္ ယုံမကတစ္ေန႕တျခား တြန႔္လိမ္အေရးအေၾကာင္း ထင္လာခဲ့တယ္။
သူမ်ားမယား ေခ်ာေခ်ာလွလွေတြနဲ႕ ယွဥ္ရင္ ပုံဆိုးပန္းဆိုးျဖစ္ေနတဲ့ သူ႕မယားကို တျဖည္းျဖည္းစိတ္ကုန္လာ ၿငီးေငြ႕လာခဲ့ေတာ့တယ္။ဒါေပမယ့္ သူ႕မယားအေၾကာင္းေတြးမိတိုင္း အတိတ္တုန္းက အတူတူ ပင္ပန္းဆင္းရဲခဲ့တာေတြကိုလည္း ေမ့မရခဲ့ဘူး။
ဒါေပမယ့္ သူ႕အေနနဲ႕ သူမယားရဲ႕ ႐ုပ္ရည္နဲ႕ခႏၱာကိုယ္ကို သီးမခံနိုင္တဲ့အဆုံး စုံတြဲ ဘဝကိုေတာ္ေလာက္ၿပီလို႔ စဥ္းစားတယ္။ အမွန္ေတာ့ သူနဲ႕ပေရာပရီျဖစ္ၿပီး အေပးအယူမွ်ေနတဲ့ သူ႕ရဲ႕ကုမၼဏီက အတြင္းေရးမႉးမေလးကို သူသေဘာက်ေနခဲ့တာပါ။
ဒါနဲ႕ သူ႕မိန္းမနာမည္နဲ႕ ဘဏ္စာအုပ္လုပ္ၿပီး သိန္း ၁၀၀၀ ထည့္ထားေပးတယ္။ ၿပီးေတာ့ အိမ္တစ္လုံး လည္းဝယ္ထားေပးၿပီး သူ႕မိန္းမကို လုံေလာက္ျပည့္စုံေအာင္ ေထာက္ပံ့ေပးထားခဲ့တယ္။
သူ႕အေနနဲ႕ တာဝန္မဲ့တဲ့သူမျဖစ္ခ်င္တဲ့အတြက္ မယားျဖစ္သူရဲ႕ အနာဂါတ္အတြက္ ကိုႀကိဳတင္ျပင္ဆင္ ေပးထားခဲ့တယ္။ သူ႕မယားကို အခက္မေတြ႕ေစခ်င္ဘူး။ ဒီလိုမွမဟုတ္ရင္ သူ႕စိတ္ထဲ ေကာင္းမွာ လိပ္ျပာလုံမွာ မဟုတ္ဘူး
ေနာက္ဆုံးေတာ့ သူ႕အစီ အစဥ္ေတြကို သူ႕မိန္းမကိုေျပာျပလိုက္တယ္။ သူမဟာ သူ႕ရဲ႕ အေၾကာင္းျပခ်က္နဲ႕ ေတာင္းဆိုခ်က္ေတြကို ရိုရိုက်ိဳးက်ိဳးနဲ႕ ၿငိမ္ၿငိမ္ေလးထိုင္နားေထာင္ေပးတယ္။
သတ္မွတ္ထားတဲ့ ေန႕ ေရာက္ေတာ့ သူ႕မိန္းမကို အိမ္ဂရမ္ နဲ႕စာခ်ဳပ္စာတမ္းေတြ ဘဏ္စာအုပ္ေတြကိုလြဲေပးၿပီး ႏွစ္ ၂၀ ေက်ာ္လက္တြဲလာတဲ့ ဘဝကိုအဆုံးသတ္လိုက္ၿပီး အလုပ္႐ုံးခန္းဆီ ကို ထြက္လာခဲ့ေတာ့တယ္။
တမနက္လုံးသူ စိတ္ေတြ ဂဏွာမၿငိမ္ဘူး။ ေန႕လည္ခင္းက်ေတာ့သူအိမ္ျပန္လာေတာ့ သူမိန္း လည္းထြက္သြားခဲ့ၿပီ။ သူမဟာ သူဝယ္ထားေပးတဲ့ အိမ္ေသာ့နဲ႕အိမ္ဂရမ္ေတြ၊ ဘဏ္စာအုပ္ေတြကို သူ႕အိပ္ယာေဘးမွာခ်ထားေပးခဲ့တယ္…။အဲ့ေအာက္မွာ သူမေရးထားတဲ့စာတစ္ေစာင္လည္း ရွိေနတယ္
ကြၽန္မျပန္ သြားၿပီ ..ေနာ္ ၊ အေမတို႔ ႐ြာကိုပဲျပန္မွာပါ ၊ ရွင့္ရွာထားတဲ့ ပိုက္ဆံေတြအိမ္ေတြ ကြၽန္မအတြက္ မလိုအပ္လို႔ျပန္ထားခဲ့လိုက္တယ္။ အေမတို႔ဆီမွာ ကြၽန္မအတြက္အကုန္ရွိတာပဲ။
အဝတ္အစား ေတြ အိပ္ရာခင္းနဲ႕ ၿခဳံေစာင္အထူေတြ ကြၽန္မေလ်ာ္ထားေပးခဲ့တယ္။ အဝတ္ဘီဒို ရဲ႕ေအာက္ဆုံးထပ္မွာထည့္ထားတယ္။ ေအးတဲ့အခါ ယူၿခဳံဖို႔မေမ့နဲ႕အုန္း။
အဝတ္ေတြကို ခ်ိတ္နဲ႕ခ်ိတ္ထား ေပးတယ္။ ရွင့္ရဲ႕ ေျခအိပ္ေတြ နဲ႕ ခါးပတ္ေတြ က ဘီဒိုအလယ္ထပ္ မွာေနာ္။ အတြင္းခံေတြလဲ ေလွ်ာ္ထားၿပီး အဝတ္ဘီဒို ဘယ္ဖက္ကအံဆြဲထဲမွာ လိပ္ၿပီးစီထားတယ္ေနာ္…။
ကြၽန္မမရွိေတာ့ေပမဲ့ ဆရာေပးထားတဲ့ အစာအိမ္ေဆးေတြ ေသာက္ဖို႔မေမ့နဲ႕အုန္း….။ ေနာက္တစ္ခု ရွင္ကအိမ္ေသာ့ ခဏခဏေမ့တတ္ က်ေပ်ာက္တတ္လို႔ ကြၽန္မေသာ့အပိုေတြလုပ္ထားၿပီး ၿခံေစာင့္ဦးေလးႀကီးအိမ္မွာ အပ္ထားေပးတယ္ေနာ္…။
မနက္အလုပ္သြားခါနီးရင္ အိပ္ယာေခါင္းရင္းက ျပတင္းေပါက္ကို ပိတ္သြားဖို႔မေမ့နဲ႕အုန္း။ မိုး႐ြာလို႔ မိုးပက္ရင္ အိပ္ယာေတြ စို႐ြဲကုန္မယ္…။
ကြၽန္မရွင္ႀကိဳက္တဲ့ ဆိတ္သားေျခာက္ နဲ႕ဝက္သားေျခာက္ ေနတစ္လွမ္း သားေတြ ၄, ၅ ပိသာေလာက္ လုပ္ထားၿပီး ေၾကာင္အိမ္ထဲမွာ အိပ္နဲ႕ထည့္ထားခဲ့တယ္…။
စားခ်င္တဲ့အခါဆီအိုးေလးတည္ၿပီး ေၾကာ္စားလိုက္႐ုံပဲ ။ ၿပီးေတာ့ ဟင္းခ်ိဳမုန႔္မပါပဲ ႐ြာကဆုံဆီသန႔္ေတြနဲ႕ ေၾကာ္ထားတဲ့ ဘာလေခ်ာင္ေၾကာ္ပုလင္းေတြလဲ ေၾကာင္အိမ္ ဒုတိယအဆင့္မွာရွိတယ္…။
သူငယ္ခ်င္းေတြနဲ႕ ဘီယာျမည္း မပစ္လိုက္နဲ႕အုန္း…။သူမေရးထားတဲ့စာလုံးေတြက ေၾကာင္ျခစ္ထားသလိုပဲ။ မညီမညာနဲ႕ လက္ေရးကလဲစုတ္ျပတ္သတ္ေနတာပဲ…။ဒါေပမဲ့စာလုံးတိုင္းဟာ သူမရဲ႕ ျဖဴစင္တဲ့စိတ္ထားအမွန္ေတြဆိုတာ သူခံစားမိေလတိုင္း ႏွလုံးသားထဲမွာ တစစ္စစ္နဲ႕နာက်င္လာတယ္…။
သူ ေၾကာင္အိမ္ထဲက ဘာလေခ်ာင္ေၾကာ္ပုလင္းေတြကို ထုတ္ၾကည့္ၿပီး သူ သာမန္ဆင္းရဲသားငမြဲေလးဘဝလြန္ခဲ့တဲ့ ႏွစ္(20)တုန္းက သူ႕ကိုဒီလိုပဲ ဘာလေခ်ာင္ေၾကာ္ေတြ ေၾကာ္ေကြၽးခဲ့တုန္းက သူေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ရဖူးတယ္။
အဲ့ဒီတုန္းက ဘဝတစ္ေလွ်ာက္လုံးမွာ သူမကိုေပ်ာ္႐ြင္ေအာင္ထားရ မယ္လို႔ သူ႕ကိုယ္ သူကတိ ေပးခဲ့ဖူးတယ္…။ သူခ်က္ခ်င္းပဲ ကားေမာင္းထြက္ၿပီးသူ႕မိန္းမကိုလိုက္ရွာတယ္။ နာရီဝက္ေလာက္ၾကာေတာ့ ကားဂိတ္မွာ သူ႕မိန္းမကို ေတြ႕တယ္။ သူ႕တစ္ကိုယ္လုံးလဲ ေခြၽးေတြ႐ြဲနစ္ေနတာပဲ…။
သူ …မိန္းမကိုေဒါသနဲ႕လွမ္းေအာ္တယ္။ နင္က ဘယ္ကိုသြားမလို႔လဲ။ ငါ အခုအလုပ္ကျပန္လာတာ တစ္ေနကုန္ပင္ပန္းလာတာ ထမင္းေတာင္မစားရေသးဘူး…။အိမ္ရွင္မတာဝန္ဆိုတာ ဒီလိုပဲ လင္ကို ပစ္ထား ရသလား ? ငါနဲ႕ခုခ်က္ခ်င္းအိမ္ျပန္လိုက္ခဲ့…။
သူ႕ဇနီး လည္း မ်က္ရည္ေတြစီးက်လာရင္း ထိုင္ရာကထၿပီး သူ႕ေနာက္ကို တိတ္တိတ္ဆိတ္ဆိတ္ပဲလိုက္လာ ခဲ့ေတာ့တယ္ ။သူမမ်က္နာမွာလည္း မ်က္ရည္စေတြနဲ႕ ၿပဳံးလာတယ္။သူမမသိတာက သူ႕ေရွ႕ကစိုက္စိုက္နဲေလ်ာက္ေနနဲ႕ သူေယာက္်ား ရဲ႕ပါးမွာမ်က္ရည္ေတြစီးက်ေနတယ္ဆိုတာပါပဲ။
ေစာေစာက ကားဂိတ္ကိုသူ ကားေမာင္းလာေတာ့လမ္းမွာတစ္လမ္းလုံးသူစိုးရိမ္လာတာ သူမကိုျပန္ရွာလို႔ မေတြ႕ေတာ့မွာကိုပဲ အရမ္းေၾကာက္ေနခဲ့တာပါ။ သူဟာ သူ႕ကိုယ္သူႀကိမ္ဆဲမိတယ္။ ဘာလိုအဲ့ေလာက္ေတာင္အသုံးမက်တာလဲ။
ဘာမဟုတ္တဲ့ တစ္ျခားမိန္းမလွတာေလးနဲ႕ပဲ သူ႕ ကိုသိပ္ခ်စ္သိပ္ရိုေသၿပီး သူနဲ႕အတူ ေအးအတူပူအမွ်ႏွစ္ေပါင္း၂ဝေက်ာ္ အပင္ပန္းအဆင္းရဲအတူတူခံလာတဲ့ မိန္းမကိုပစ္ပယ္ဖို႔စဥ္းစားမိရတာလဲေပါ့။
တကယ္ဆို သူမဟာ သူ႕ဘဝရဲ႕ ခြဲခြာမရတဲ့ ဘဝအစိတ္အပိုင္းတစ္ခုပါပဲ ဆိုတာ သူနားလည္သြားပါၿပီ…။
ေပ်ာ္႐ႊင္မႈဆိုတာ ဘဏ္စာအုပ္ထဲက ေငြေၾကးပမာဏေပၚမွာမမူတည္ပါဘူး ။ ကိုယ္ခ်စ္တဲ့သူရဲ႕ အၿပဳံးေပၚမွာတာမူတည္တာပါ။ လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္နိုင္ပါတယ္။ ကိုယ္ကသာ ေ႐ြးခ်ယ္မလားဆိုတာ မူတည္သြားတာပါ…။
ေလးစားစြာျဖင့္ Credit: မူရင္းေရးသားသူ