လူအများစုဟာ ကျန်းမာတဲ့ ကလေးတစ်ဦးကို မွေးဖွားခြင်းဟာ အံ့ဖွယ်တစ်ခုလို့ ယူဆရင်
လူအများစုဟာ ကျန်းမာတဲ့ ကလေးတစ်ဦးကို မွေးဖွားခြင်းဟာ အံ့ဖွယ်တစ်ခုလို့ယူဆကြပါတယ်ဒါ့ကြောင့်တစ်ဦးမဟုတ်နှစ်
ယောက်မဟုတ်၊ တစ်ကြိမ်လျှင် ကလေးငါးယောက် မွေးမည်ကို မြင်ယောင်ကြည့်ပါ။
Alexandra Kinova ဟာ Czech Republic ရဲ့သမိုင်းတွင် quintuplets ကိုမွေးဖွားတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ Quintuplets ဆိုတာကတော့ ကလေး ၅ ယောက်မွေးဖွားခြင်းကို ဆိုလိုပါတယ်။ Czech Republic တွင် quintuplets များဟာ ပျမ်းမျှအားဖြင့် ” နှစ် 480 လျှင် တစ်ကြိမ် မွေးသည်” ဟု ဆရာဝန် Alena Mechurova က ပြောပြခဲ့ပါတယ်။
အသက် 23 နှစ်အရွယ် Alexandra Kinova နှင့် Czech Republic မှ Antonin တို့ဟာ သူတို့ရဲ့ ဒုတိယမြောက်သားလေးမွေးဖွားခြင်းကို စိတ်လှုပ်ရှားစွာစောင့်မျှော်ခဲ့ကြပါတယ်သူတို့ဇနီးမောင်နှံမှာသားလေးတစ်ယောက်ရှိပြီးသားဖြစ်ကာမိသားစုတွေတိုးချဲ့ရလို့အရမ်းပျော်နေပါတယ်။
Alexandra ရဲ့ ဒုတိယမြောက် အာထရာဆောင်းတွင် သူတို့ အမွှာမွေးတော့မည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်ခဲ့ရပါတယ်။ အဲ့နောက်သူဆို့ဟာ မိသားစု ၃ ယောက်ကနေ ၅ ယောက်ဖြစ်လာမယ်လို့ပဲ ထင်ခဲ့ကြပါတယ်။သူတို့စုံတွဲဟာသူတို့ရဲ့ဘဝတွေဘယ်လောက်ထိ သိသိသာသာပြောင်းလဲသွားတော့မယ်ဆိုတာကို လုံးဝမသိခဲ့ကြပါဘူး။
သူမရဲ့အစာအိမ်ဟာ ပုံမှန်မဟုတ်တဲ့နှုန်းဖြင့် ကြီးထွားနေတာကြောင့် ဆရာဝန်များကို အာထရာဆောင်းရိုက်ရန် ထပ်မံတောင်းဆိုခဲ့ပါတယ်။ ဓါတ်ပုံများနှင့် ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်များစွာ ပေးပြီးနောက်တွင်
သူမဟာ ကလေးလေးယောက် လွယ်ထားကြောင်းဆရာဝန်များက ထုတ်ဖော်ခဲ့ပါတယ်ဒါဟာအံ့ဩစရာမဟုတ်သေးရင်းတစ်လအကြာမှာတော့အခြားသူများနောက်တွင်ပုန်းအောင်းနေတဲ့ပဉ္စမမြောက်ကေလးကို ဆရာဝန်များက တွေ့ရှိခဲ့ပါတယ်။ Alexandra နှင့် Antonin Kinova တို့ဟာ quintuplets ရှိနေပြီဖြစ်ပါတယ်။
Alexandraဟာခွဲစိတ်ကုသခြင်းမှတစ်ဆင့်သူမရဲ့quintupletsကိုမွေးဖွားခဲ့ပါတယ်ကလေးများတဲ့အတွက်ခွဲမွေးတာဟာအကောင်းဆုံးဖြစ်ကြောင်း ဆရာ၀န်တွေက အကြံပေး မွေးခဲ့တာဖြစ်ပါတယ်Pragueရဲ့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအင်စတီ
ကျုမှဆရာဝန်များရဲ့အဆိုအရ လုပ်ငန်းစဉ်တစ်ခုလုံးဟာ အလွန်ချောမွေ့ခဲ့ပါတယ်။
ဆေးရုံတွင် quintupletsများမွေးဖွားရန်အတွက်ဆရာ၀န်အပါအ၀င်၀န်ထမ်းအယောက် ၄၀ ရှိခဲ့ပါတယ်။ ထိုအရေအတွက်တွင် ကလေးတစ်ဦးလျှင် သူနာပြု နှစ်ဦးပါဝင်ပါတယ်။
ကလေးမွေးဖွားပြီးနောက်တွင်ဆရာဝန်များကမိခင်နှင့်သူရဲ့ကလေးများအားအထူးကြပ်မတ်ကုသဆောင်တွင်ထားရှိကာစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။ တစ်မိသားစုလုံး ကျန်းကျန်းမာမာ ရှိခဲ့ကြပါတယ်။
Alexandra ဟာ ယောက်ျားလေးလေးယောက်နှင့် မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပြီး ကောင်လေးေတွရဲ့အမည်မှာ Deniel၊ Michael၊ Alex နှင့် Martin ဖြစ်ပြီး မိန်းကလေးရဲ့ အမည်မှာ Terezka ဖြစ်ပါတယ်ကလေးမွေးတာနဲ့ပတ်သက်ပြီးအကုန်အဆင်ပြေခဲ့ပေမယ့်အဖေဖြစ်သူကတော့ရှိမနေခဲ့ပါဘူးအကြောင်းမှာရထားမမှီခဲ့လို့ပဲဖြစ်ပါတယ်။
Credit
Alexandra ဟာ ယောက်ျားလေးလေးယောက်နှင့် မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပြီး ကောင်လေးတွေရဲ့အမည်မှာ Deniel၊
Credit