Knowledge

အသံတိတ် လူသတ်သမားနဲ့ ဒန့်သလွန်စေ့

အသံတိတ် လူသတ်သမားနဲ့ ဒန့်သလွန်စေ့

သွေးတိုးရောဂါသည်ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန်၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟု သတ်မှတ်ထားသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တ ွဲ ရောဂါများမှာလည်း များပြားလှပါသည်။

သွေးတိုး၏လက္ခဏာများ

သွေးတိုးရောဂါသည်မည်သည့်လက္ခဏာမှမပြဘ ဲ ရှိနေတတ်သော အသံတိတ် လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင်ခေါင်းမူးသည်ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည် သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တစ်ချို့ဆိုလျှင်သွေးတိုးရှိလို့ရှိမှန်းပင်မသိဘဲ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါတစ်ခုခုပေါ်မှ သိကြသည်လည်းရှိသည်။

သွေးတိုးရောဂါ၏ နောက်ဆက်တွဲများ

သွေးတိုးရောဂါသည်အလွန်ဆိုးသော ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကို သေချာမထိန်းမိလျှင်ဦးနှောက်သေ ွးကြောပြတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေး အရမ်းတိုး၍ သတိလစ်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးသေ ွးကြောနှင့်တခြားသွေးကြောများ ပိတ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသည့်နောက်ဆက်တ ွဲ ဆိုးကျိုးများ များပြားလှပါသည်။

ခေါင်းမူးမှ သွေးတိုးတာလား

အထက်တွင်ဖော်ပြခဲ့သလိုအများစုသည် ခေါင်းမူးမှသွေးတိုးသည်ဟု ထင်တတ်ကြသည်။ ခေါင်းမူးမှသွေးပေါင်ချိန်ခြင်း၊ သွေးတိုးကျဆေးများ သောက်လေ့ရှိတတ်ကြသည်။

အမှန်မှာ သွေးတိုးရောဂါသည် မည်သည့်လက္ခဏာမှမပြဘ ဲ ရှိနေတတ်သည်။ လက္ခဏာ မပြဘဲ ရှိနေသော သွေးတိုးသည်ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြည်းဖြည်းခြင်းဖျက်ဆီးနေတတ်ပြီး အထက်ပါ နောက်ဆက်တွဲ ရောဂါများပေါ်လာချိန်မှ သိလိုက်ရသည်များ ရှိသည်။ တစ်ခါတစ်ရံအသက်ကိုပင်ချက်ချင်း နုတ်ယူသွားသည်အထိဖြစ်တတ်သည်။

သွေးတိုးနေမှန်း ဘယ်လို သိမလဲ

လက္ခဏာမပြဘဲရှိနေတတ်သည့် သွေးတိုးရှိမရှိသိရှိနိုင်ရန်မှာ သွေးပေါင်ချိန်ကြည့်မှပင်ရပါမည်။အသက်၄၀ ကျော်လာသူများအနေဖြင့်သွေးတိုးမရှိသေးလျှင်ပင်၅ နှစ်တစ်ခါခန့်ပုံမှန် သွေးပေါင်ချိန်ကြည့်ခြင်းရန်လိုအပ်သည်။ ထိုမှသာ သွေးတိုးရှိနေလျှင် ရှိနေကြောင်း စောလျင်စွာ သိ၍ နောက်ဆက်တွဲ ဆိုးကျိုးများမှ ကာကွယ်နိုင်မည်ဖြစ်သည်။

အစားအသောက် အနေအထိုင်နှင့် သွေးတိုး

သွေးတိုးရောဂါသည်အစားအသောက်ဆင်ခြင်ရမည့်ရောဂါတစ်မျိုးဖြစ်သည်။ သွေးတိုးလျှင် အငန်ရှောင်ရမည်ကိုလူတိုင်းနီပါး သိကြပါသည်။ သို့သော်မြန်မာလူမျိုးတို့ အကြိုက်အစားအစာများထဲတွင် အငန်ဓာတ်ဖြစ်သည့်ဆိုဒီယမ်ဓာတ်များသော အစားအစာများ ပါဝင်လေ့ရှိပါသည်။ ငါးပိငါးခြောက်ငံပြာရည် အချိုမှုန့်အသားမှုန့်စသည်တို့တွင် ဆိုဒီယမ်ဓာတ်များများပါဝင်တတ်ကြသည်။

ဂျုံနှင့်လုပ်သော အစားအသောက်များဖြစ်သည့်အီကြာကွေး ပဲပြုတ်စသည်တို့တ ွင်လည်း ဆိုဒါ ထည့်လေ့ရှိရာ ထိုဆိုဒါဓာတ်သည်လည်း ဆိုဒီယမ်ဓာတ်ပင်ဖြစ်သည်။ ထို့ကြောင့်ထိုအစားအစာများကိုလည်း အများကြီးမစားသင့်ချေ။

နောက်ထပ်သတိပြုရန်မှာ နွယ်ချိုပါသော ဆေးများ အစားအစာများပင်ဖြစ်သည်။ အငန်တော့ ရှောင်ပါသည်။ အစာကြေအောင်ဆိုပြီး နွယ်ချိုပါသော လျက်ဆားလေးတော့အမြဲစားနေပါသည်ဆိုသော လူနာများလည်း တွေ့ဖူးပါသည်။

သွေးတိုးသမားနှင့် မတည့်ပါ။အရက်သောက်ခြင်းသည်လည်း သေ ွးတိုးရောဂါကိုပိုဆိုးစေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်လည်း သွေးတိုးကို ထိန်းရန်အတွက်သော်လည်းကောင်း၊ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါများကို ကာက ွယ်ထိန်းသိမ်းရန်သော်လည်းကောင်း အကျိုးရှိရာ သွက်လက်တက်ကြွစွာ နေထိုင်သင့်ပါသည်။

သွေးတိုးကျဆေးကို ပုံမှန် သောက်ရမှာလား

သွေးတိုးရှိသူများ အနေဖြင့်လည်း ခေါင်းမူးမှသွေးတိုးသည်၊ သွေးပေါင်ကျဆေးသောက်ရတော့မည်ဟု မှားယွင်းစွာ ယူဆမိတတ်ကြပါသည်။အမှန်မှာ သွေးပေါင်ကျဆေးသည် နေ့စဉ်ပုံမှန်သောက်ရမည့် ဆေးဖြစ်သည်။ သွေးပေါင်ကိုပုံမှန်ဆေးသောက်ပြီး ထိန်းပါမှသွေးတိုးကြောင့်နောက်ဆက်တွဲ ထိခိုက်မှုများကို ကာက ွယ်နိုင်မည်ဖြစ်သည်။ ခေါင်းမူးမှဆေးသောက်ပါက ခေါင်းမမူးဘဲတိုးနေတတ်သော သွေးတိုး၏ နောက်ဆက်တ ွဲ ပြဿနာများကိုကျိန်းသေပေါက်ခံစားကြရပါလိမ့်မည်။သွေးပေါင်ကျဆေးသောက်ရင်သွေးပေါင်အရမ်းကျသ ွားမှာပေါ့ဟုစိုးရိမ်ကြသူများကိုလည်း တွေ့ဖူးပါသည်။

သွေးပေါင်ကျဆေးသောက်ရာတွင်လည်း သွေးပေါင်ကိုပုံမှန်အနေအထားအတ ွင်း ထိန်းနိုင်မထိန်းနိုင်ပုံမှန်တိုင်းကြည့်ရန်လိုပါသည်။ ဆရာဝန်များဘက်မှလည်း သွေးပေါင်ကျဆေးပေးရာတွင်လူနာတစ်ဦးချင်းစီအနေအထားပေါ် မူတည်၍ ဆေးကို ပေးကြရသည်ဖြစ်ရာ သွေးပေါင်အလွန်ကျသ ွားခြင်းမဖြစ်အောင်ထိန်းညှိပေးထားကြသည်သာဖြစ်သည်။ သေ ွးတိုးရောဂါရှိသူများ အနေဖြင့်လည်း သွေးပေါင်ကျဆေးသောက်နေရင်းနှင့်ဝမ်းလျှောခြင်း၊ သွေးအများကြီးထွက်ခြင်း၊ မူးခြင်း စသည်များဖြစ်လာပါက သေ ွးပေါင်ပုံမှန်အနေအထားရှိမရှိ ပြန်လည်စစ်ဆေးနိုင်ရန်ဆရာဝန်နှင့် ပြန်လည်တိုင်ပင်သင့်ပါသည်။ သေ ွးပေါင်ကျဆေးကိုလည်း သူများအပြောနှင့်လိုက်မသောက်ဘ ဲ ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ပြီး သောက်သုံးသင့်ပါသည်။

သွေးပေါင်အရမ်းတက်နေရင်

သွေးတိုးရောဂါ၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ သွေးပေါင်အရမ်းတက်နေချိန်တွင်သွေးပေါင်ကို အမြန်ချတိုင်းလည်း မကောင်းသည့်အချက်ပင်။ သွေးပေါင်၁၈၀/၁၂၀ ကျော်နေသည့်အချိန်တွင် သွေးပေါင်ကိုချသင့်သည့်အနေအထားထက်ပိုပြီး အမြန်ချလိုက်လျှင်ပင်အန္တရာယ်ရှိနိုင်ပြီး လေဖြတ်သည်အထိပင်ဖြစ်နိုင်ပါသည်။ သွေးပေါင်အမြန်ချရမည့်အနေအထားများတ ွင်နှလုံးဖောက်ခြင်း၊သတိလစ်ခြင်း၊

ကျောက်ကပ်ထိခြင်း၊ သွေးကြောမကြီးနံရံက ွဲခြင်းစသည်တို့ပါဝင်ပြီး တခြားအနေအထားများတွင်သွေးပေါင်ကိုသောက်ဆေးနှင့်သာ ဖြည်းဖြည်းချင်းချရပါသည်။ ထို့ကြောင့် သွေးအရမ်းတိုးတိုင်းလည်း သေ ွးပေါင်အမြန်မချရသည့်အချက်ကိုလည်း နားလည်သဘောပေါက်စေချင်ပါသည်။ ယခုနောက်ပိုင်းတေ ွ့ရှိချက်များအရ အရင်က သွေးပေါင်အမြန်ချရန် သုံးလေ့ရှိသည့်သွေး ပေါင်ကျဆေးကိုလျှာအောက်ငုံစေခြင်းသည်း ကောင်းကျိုးထက်သွေးပေါင်ရုတ်တရက် ကျသ ွားနိုင်သည့်ဆိုးကျိုးပိုများကြောင်းတွေ့ရှိရပါသည်။

အချုပ်အားဖြင့်ဆိုရလျှင်သေ ွးတိုးရောဂါသည်ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောရောဂါတစ်မျိုးဖြစ်ပြီး သေချာမကုသမိပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးများသော ရောဂါဖြစ်သည်။ ကုသလျှင်လည်း ဆေးကို သောက်လိုက်မသောက်လိုက်လုပ်၍ မရဘဲ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆေးပုံမှန်သောက် အစားအသောက်ဆင်ခြင် လေ့ကျင့်ခန်းပုံမှန်လုပ်ကာ ထိန်းသိမ်းသွားသင့်သော ရောဂါပင်ဖြစ်ပါသည်။

Credit -ရေးသားသူ Dr Pyae Phyo Kyaw

 

သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအတွက် ဒန့်သလွန်အစေ့ခြောက်

(၁) ဒန့်သလွန် ရွက် ဟင်းချိုချက်သောက်ခြင်း၊ကြော်စားခြင်းဖြင့်အစာကြေစေသည်။သွေးတိုးအမူးရောဂါသက်သာစေသည်။

(၂) ဒန့်သလွန်ရွက်အစိမ်းကိုထောင်းအရည်ညှစ်ဆားအနည်းငယ်ခပ်၍တိုက်လျှင်ချောင်းဆိုး။ကိုယ်ပူ အဖျားရောဂါသက်သာစေသည်။

(၃) ဒန့်သလွန်ရွက်သတ္တုရည်ကိုမျက်စဉ်းခပ်ပေးလျှင်ခေါင်းကြီးကိုက်ရောဂါသက်သာစေသည်။

(၄) ဒန့်သလွန်သီးမီးဖုတ် အတွင်းမှအစေ့နှင့်အသားကိုခြစ်ယူပြီး ကြက်ဥနှင့်ရောကြော်စားသော်သွေးဝမ်း။လိပ်ခေါင်းသွေးကျရောဂါသက်သာစေသည်

(၅) ဒန့်သလွန်သီးအရင့်ကိုနေခြောက်လှန်း အစေ့ခြောက်ကိုဖန်ပုလင်းဖြင့်သိမ်းထားပါ။

သွေးတိုးလျှင်နှစ်စေ့။သုံးစေ့ဝါးစားပါ။ရေအဝသောက်ပါနာရီဝက် အတွင်းသွေးတိုးကျပါသည်။နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင် အစေ့ခြောက်ကိုအမှုန့်ထောင်းပြီးပျားရည်နှင့်နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့်စားပါ။ရင်ကြပ်၊သွေးတိုး၊နှလုံးမောရောဂါရှိလျှင် ဒန့်သလွန်သီးအစေ့အခြောက်အမှုန့်နှင့် ချင်း(ဂျင်း)ခြောက်မှုန့်ဆတူရောစပ်ပြီးရေနွေးနှင့်သောက်ပါ။ဒန့်သလွန်သီးအစေ့ခြောက်ကိုနေလှန်းပြီး သိမ်းထားလျှင်နှစ်ကြာသည်အထိအာနိသင်မပျက်စီးပါ။

Credit:ကျန်းမာရေးအထွေထွေဗဟုသုတ

အသံတိတ္ လူသတ္သမားနဲ႔ ဒန႔္သလြန္ေစ့

ေသြးတိုးေရာဂါသည္ကမၻာတစ္လႊား အျဖစ္မ်ားေသာ ေရာဂါမ်ားထဲတြင္ တစ္ခုအပါအဝင္ျဖစ္သည္။ ယခုေနာက္ဆုံးသတ္မွတ္ခ်က္အရ ေသြးေပါင္ခ်ိန္၁၃၀/၈၀ ႏွင့္အထက္ကို ေသြးတိုးၿပီဟု သတ္မွတ္ထားသည္။ ေသြးတိုးေရာဂါ၏ ေနာက္ဆက္တ ြဲ ေရာဂါမ်ားမွာလည္း မ်ားျပားလွပါသည္။

ေသြးတိုး၏လကၡဏာမ်ား

ေသြးတိုးေရာဂါသည္မည္သည့္လကၡဏာမွမျပဘ ဲ ရွိေနတတ္ေသာ အသံတိတ္ လူသတ္သမားတစ္မ်ိဳးပင္ျဖစ္သည္။ ေသြးတိုးလာလၽွင္ေခါင္းမူးသည္ေခါင္းကိုက္သည္ဟု ေျပာေလ့ရွိၾကေသာ္လည္း ထိုလကၡဏာမ်ားသည္ ေသြးတိုးရွိတိုင္း ေပၚေလ့ရွိသည္မဟုတ္ပါ။ တစ္ခ်ိဳ႕ဆိုလၽွင္ေသြးတိုးရွိလို႔ရွိမွန္းပင္မသိဘဲ ေသြးတိုး၏ ေနာက္ဆက္တြဲ ေရာဂါတစ္ခုခုေပၚမွ သိၾကသည္လည္းရွိသည္။

ေသြးတိုးေရာဂါ၏ ေနာက္ဆက္တြဲမ်ား

ေသြးတိုးေရာဂါသည္အလြန္ဆိုးေသာ ေရာဂါ တစ္ခုျဖစ္သည္။ ေသြးတိုးေရာဂါကို ေသခ်ာမထိန္းမိလၽွင္ဦးေႏွာက္ေသ ြးေၾကာျပတ္ျခင္း၊ ေလျဖတ္ျခင္း၊ ေသြး အရမ္းတိုး၍ သတိလစ္ျခင္း၊ ႏွလုံးႀကီးျခင္း၊ ႏွလုံးအားနည္းျခင္း၊ ႏွလုံးေသ ြးေၾကာႏွင့္တျခားေသြးေၾကာမ်ား ပိတ္ျခင္း၊ ေက်ာက္ကပ္ထိခိုက္ျခင္း၊ မ်က္စိထိခိုက္ျခင္း စသည့္ေနာက္ဆက္တ ြဲ ဆိုးက်ိဳးမ်ား မ်ားျပားလွပါသည္။

ေခါင္းမူးမွ ေသြးတိုးတာလား

အထက္တြင္ေဖာ္ျပခဲ့သလိုအမ်ားစုသည္ ေခါင္းမူးမွေသြးတိုးသည္ဟု ထင္တတ္ၾကသည္။ ေခါင္းမူးမွေသြးေပါင္ခ်ိန္ျခင္း၊ ေသြးတိုးက်ေဆးမ်ား ေသာက္ေလ့ရွိတတ္ၾကသည္။

အမွန္မွာ ေသြးတိုးေရာဂါသည္ မည္သည့္လကၡဏာမွမျပဘ ဲ ရွိေနတတ္သည္။ လကၡဏာ မျပဘဲ ရွိေနေသာ ေသြးတိုးသည္ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားကို ျဖည္းျဖည္းျခင္းဖ်က္ဆီးေနတတ္ၿပီး အထက္ပါ ေနာက္ဆက္တြဲ ေရာဂါမ်ားေပၚလာခ်ိန္မွ သိလိုက္ရသည္မ်ား ရွိသည္။ တစ္ခါတစ္ရံအသက္ကိုပင္ခ်က္ခ်င္း ႏုတ္ယူသြားသည္အထိျဖစ္တတ္သည္။

ေသြးတိုးေနမွန္း ဘယ္လို သိမလဲ

လကၡဏာမျပဘဲရွိေနတတ္သည့္ ေသြးတိုးရွိမရွိသိရွိနိုင္ရန္မွာ ေသြးေပါင္ခ်ိန္ၾကည့္မွပင္ရပါမည္။အသက္၄၀ ေက်ာ္လာသူမ်ားအေနျဖင့္ေသြးတိုးမရွိေသးလၽွင္ပင္၅ ႏွစ္တစ္ခါခန႔္ပုံမွန္ ေသြးေပါင္ခ်ိန္ၾကည့္ျခင္းရန္လိုအပ္သည္။ ထိုမွသာ ေသြးတိုးရွိေနလၽွင္ ရွိေနေၾကာင္း ေစာလ်င္စြာ သိ၍ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားမွ ကာကြယ္နိုင္မည္ျဖစ္သည္။

အစားအေသာက္ အေနအထိုင္ႏွင့္ ေသြးတိုး

ေသြးတိုးေရာဂါသည္အစားအေသာက္ဆင္ျခင္ရမည့္ေရာဂါတစ္မ်ိဳးျဖစ္သည္။ ေသြးတိုးလၽွင္ အငန္ေရွာင္ရမည္ကိုလူတိုင္းနီပါး သိၾကပါသည္။ သို႔ေသာ္ျမန္မာလူမ်ိဳးတို႔ အႀကိဳက္အစားအစာမ်ားထဲတြင္ အငန္ဓာတ္ျဖစ္သည့္ဆိုဒီယမ္ဓာတ္မ်ားေသာ အစားအစာမ်ား ပါဝင္ေလ့ရွိပါသည္။ ငါးပိငါးေျခာက္ငံျပာရည္ အခ်ိဳမႈန႔္အသားမႈန႔္စသည္တို႔တြင္ ဆိုဒီယမ္ဓာတ္မ်ားမ်ားပါဝင္တတ္ၾကသည္။

ဂ်ဳံႏွင့္လုပ္ေသာ အစားအေသာက္မ်ားျဖစ္သည့္အီၾကာေကြး ပဲျပဳတ္စသည္တို႔တ ြင္လည္း ဆိုဒါ ထည့္ေလ့ရွိရာ ထိုဆိုဒါဓာတ္သည္လည္း ဆိုဒီယမ္ဓာတ္ပင္ျဖစ္သည္။ ထို႔ေၾကာင့္ထိုအစားအစာမ်ားကိုလည္း အမ်ားႀကီးမစားသင့္ေခ်။

ေနာက္ထပ္သတိျပဳရန္မွာ ႏြယ္ခ်ိဳပါေသာ ေဆးမ်ား အစားအစာမ်ားပင္ျဖစ္သည္။ အငန္ေတာ့ ေရွာင္ပါသည္။ အစာေၾကေအာင္ဆိုၿပီး ႏြယ္ခ်ိဳပါေသာ လ်က္ဆားေလးေတာ့အျမဲစားေနပါသည္ဆိုေသာ လူနာမ်ားလည္း ေတြ႕ဖူးပါသည္။

ေသြးတိုးသမားႏွင့္ မတည့္ပါ။အရက္ေသာက္ျခင္းသည္လည္း ေသ ြးတိုးေရာဂါကိုပိုဆိုးေစနိုင္ေသာ အေၾကာင္းရင္းတစ္ခုျဖစ္ပါသည္။ ပုံမွန္လမ္းေလၽွာက္ျခင္းကဲ့သို႔ေသာ ေလ့က်င့္ခန္းပုံမွန္လုပ္ျခင္းသည္လည္း ေသြးတိုးကို ထိန္းရန္အတြက္ေသာ္လည္းေကာင္း၊ ေသြးတိုး၏ ေနာက္ဆက္တြဲ ေရာဂါမ်ားကို ကာက ြယ္ထိန္းသိမ္းရန္ေသာ္လည္းေကာင္း အက်ိဳးရွိရာ သြက္လက္တက္ႂကြစြာ ေနထိုင္သင့္ပါသည္။

ေသြးတိုးက်ေဆးကို ပုံမွန္ ေသာက္ရမွာလား

ေသြးတိုးရွိသူမ်ား အေနျဖင့္လည္း ေခါင္းမူးမွေသြးတိုးသည္၊ ေသြးေပါင္က်ေဆးေသာက္ရေတာ့မည္ဟု မွားယြင္းစြာ ယူဆမိတတ္ၾကပါသည္။အမွန္မွာ ေသြးေပါင္က်ေဆးသည္ ေန႔စဥ္ပုံမွန္ေသာက္ရမည့္ ေဆးျဖစ္သည္။ ေသြးေပါင္ကိုပုံမွန္ေဆးေသာက္ၿပီး ထိန္းပါမွေသြးတိုးေၾကာင့္ေနာက္ဆက္တြဲ ထိခိုက္မႈမ်ားကို ကာက ြယ္နိုင္မည္ျဖစ္သည္။ ေခါင္းမူးမွေဆးေသာက္ပါက ေခါင္းမမူးဘဲတိုးေနတတ္ေသာ ေသြးတိုး၏ ေနာက္ဆက္တ ြဲ ျပႆနာမ်ားကိုက်ိန္းေသေပါက္ခံစားၾကရပါလိမ့္မည္။ေသြးေပါင္က်ေဆးေသာက္ရင္ေသြးေပါင္အရမ္းက်သ ြားမွာေပါ့ဟုစိုးရိမ္ၾကသူမ်ားကိုလည္း ေတြ႕ဖူးပါသည္။

ေသြးေပါင္က်ေဆးေသာက္ရာတြင္လည္း ေသြးေပါင္ကိုပုံမွန္အေနအထားအတ ြင္း ထိန္းနိုင္မထိန္းနိုင္ပုံမွန္တိုင္းၾကည့္ရန္လိုပါသည္။ ဆရာဝန္မ်ားဘက္မွလည္း ေသြးေပါင္က်ေဆးေပးရာတြင္လူနာတစ္ဦးခ်င္းစီအေနအထားေပၚ မူတည္၍ ေဆးကို ေပးၾကရသည္ျဖစ္ရာ ေသြးေပါင္အလြန္က်သ ြားျခင္းမျဖစ္ေအာင္ထိန္းညႇိေပးထားၾကသည္သာျဖစ္သည္။ ေသ ြးတိုးေရာဂါရွိသူမ်ား အေနျဖင့္လည္း ေသြးေပါင္က်ေဆးေသာက္ေနရင္းႏွင့္ဝမ္းေလၽွာျခင္း၊ ေသြးအမ်ားႀကီးထြက္ျခင္း၊ မူးျခင္း စသည္မ်ားျဖစ္လာပါက ေသ ြးေပါင္ပုံမွန္အေနအထားရွိမရွိ ျပန္လည္စစ္ေဆးနိုင္ရန္ဆရာဝန္ႏွင့္ ျပန္လည္တိုင္ပင္သင့္ပါသည္။ ေသ ြးေပါင္က်ေဆးကိုလည္း သူမ်ားအေျပာႏွင့္လိုက္မေသာက္ဘ ဲ ဆရာဝန္ႏွင့္ စနစ္တက် တိုင္ပင္ၿပီး ေသာက္သုံးသင့္ပါသည္။

ေသြးေပါင္အရမ္းတက္ေနရင္

ေသြးတိုးေရာဂါ၏ ေနာက္ထပ္ထူးျခားခ်က္တစ္ခုမွာ ေသြးေပါင္အရမ္းတက္ေနခ်ိန္တြင္ေသြးေပါင္ကို အျမန္ခ်တိုင္းလည္း မေကာင္းသည့္အခ်က္ပင္။ ေသြးေပါင္၁၈၀/၁၂၀ ေက်ာ္ေနသည့္အခ်ိန္တြင္ ေသြးေပါင္ကိုခ်သင့္သည့္အေနအထားထက္ပိုၿပီး အျမန္ခ်လိုက္လၽွင္ပင္အႏၲရာယ္ရွိနိုင္ၿပီး ေလျဖတ္သည္အထိပင္ျဖစ္နိုင္ပါသည္။ ေသြးေပါင္အျမန္ခ်ရမည့္အေနအထားမ်ားတ ြင္ႏွလုံးေဖာက္ျခင္း၊သတိလစ္ျခင္း၊

ေက်ာက္ကပ္ထိျခင္း၊ ေသြးေၾကာမႀကီးနံရံက ြဲျခင္းစသည္တို႔ပါဝင္ၿပီး တျခားအေနအထားမ်ားတြင္ေသြးေပါင္ကိုေသာက္ေဆးႏွင့္သာ ျဖည္းျဖည္းခ်င္းခ်ရပါသည္။ ထို႔ေၾကာင့္ ေသြးအရမ္းတိုးတိုင္းလည္း ေသ ြးေပါင္အျမန္မခ်ရသည့္အခ်က္ကိုလည္း နားလည္သေဘာေပါက္ေစခ်င္ပါသည္။ ယခုေနာက္ပိုင္းေတ ြ႕ရွိခ်က္မ်ားအရ အရင္က ေသြးေပါင္အျမန္ခ်ရန္ သုံးေလ့ရွိသည့္ေသြး ေပါင္က်ေဆးကိုလၽွာေအာက္ငုံေစျခင္းသည္း ေကာင္းက်ိဳးထက္ေသြးေပါင္႐ုတ္တရက္ က်သ ြားနိုင္သည့္ဆိုးက်ိဳးပိုမ်ားေၾကာင္းေတြ႕ရွိရပါသည္။

အခ်ဳပ္အားျဖင့္ဆိုရလၽွင္ေသ ြးတိုးေရာဂါသည္ေရာဂါလကၡဏာမျပဘဲ ရွိေနတတ္ေသာေရာဂါတစ္မ်ိဳးျဖစ္ၿပီး ေသခ်ာမကုသမိပါကလည္း ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားေသာ ေရာဂါျဖစ္သည္။ ကုသလၽွင္လည္း ေဆးကို ေသာက္လိုက္မေသာက္လိုက္လုပ္၍ မရဘဲ ဆရာဝန္၏ ညႊန္ၾကားခ်က္ႏွင့္အညီ ေဆးပုံမွန္ေသာက္ အစားအေသာက္ဆင္ျခင္ ေလ့က်င့္ခန္းပုံမွန္လုပ္ကာ ထိန္းသိမ္းသြားသင့္ေသာ ေရာဂါပင္ျဖစ္ပါသည္။

Credit -ေရးသားသူ Dr Pyae Phyo Kyaw

 

ေသြးတိုးႏွင့္ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါအတြက္ ဒန႔္သလြန္အေစ့ေျခာက္

(၁) ဒန႔္သလြန္ ရြက္ ဟင္းခ်ိဳခ်က္ေသာက္ျခင္း၊ေၾကာ္စားျခင္းျဖင့္အစာေၾကေစသည္။ေသြးတိုးအမူးေရာဂါသက္သာေစသည္။

(၂) ဒန႔္သလြန္ရြက္အစိမ္းကိုေထာင္းအရည္ညႇစ္ဆားအနည္းငယ္ခပ္၍တိုက္လၽွင္ေခ်ာင္းဆိုး။ကိုယ္ပူ အဖ်ားေရာဂါသက္သာေစသည္။

(၃) ဒန႔္သလြန္ရြက္သတၱဳရည္ကိုမ်က္စဥ္းခပ္ေပးလၽွင္ေခါင္းႀကီးကိုက္ေရာဂါသက္သာေစသည္။

(၄) ဒန႔္သလြန္သီးမီးဖုတ္ အတြင္းမွအေစ့ႏွင့္အသားကိုျခစ္ယူၿပီး ၾကက္ဥႏွင့္ေရာေၾကာ္စားေသာ္ေသြးဝမ္း။လိပ္ေခါင္းေသြးက်ေရာဂါသက္သာေစသည္

(၅) ဒန႔္သလြန္သီးအရင့္ကိုေနေျခာက္လွန္း အေစ့ေျခာက္ကိုဖန္ပုလင္းျဖင့္သိမ္းထားပါ။

ေသြးတိုးလၽွင္ႏွစ္ေစ့။သုံးေစ့ဝါးစားပါ။ေရအဝေသာက္ပါနာရီဝက္ အတြင္းေသြးတိုးက်ပါသည္။ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိလၽွင္ အေစ့ေျခာက္ကိုအမႈန႔္ေထာင္းၿပီးပ်ားရည္ႏွင့္ေန႔စဥ္ ဟင္းစားဇြန္းတစ္ဇြန္းခန႔္စားပါ။ရင္ၾကပ္၊ေသြးတိုး၊ႏွလုံးေမာေရာဂါရွိလၽွင္ ဒန႔္သလြန္သီးအေစ့အေျခာက္အမႈန႔္ႏွင့္ ခ်င္း(ဂ်င္း)ေျခာက္မႈန႔္ဆတူေရာစပ္ၿပီးေရေႏြးႏွင့္ေသာက္ပါ။ဒန႔္သလြန္သီးအေစ့ေျခာက္ကိုေနလွန္းၿပီး သိမ္းထားလၽွင္ႏွစ္ၾကာသည္အထိအာနိသင္မပ်က္စီးပါ။

Credit:က်န္းမာေရးအေထြေထြဗဟုသုတ