“အသက္ ၉၀ အေမ ”
ဟင္ …..အေမ …ဘာလုပ္မလို႔လဲ …ည သန္းေကာင္၁နာရီေက်ာ္ေက်ာ္ ေလာက္တေရးနိး အျပင္ထြက္လာတဲ့ မလဲ့ ..အေမ့ကို ထမင္းဝိုင္းမွာ ကုန္းကြကြ ျမင္လိုက္ရတယ္။
” အေမ ဗိုက္ဆာလို႔ ထမင္းစားမလို႔ ….”
ထမင္းအုပ္ေဆာင္းဖြင့္လ်က္သား တန္းလန္းနဲ႔အေမကေျဖပါတယ္။
ေအာ္…ဟုတ္လား…လဲ့ဝင္းျပင္ေပးမယ္အေမ။ညေနထဲက ဖယ္ထားတဲ့ ငါးဘတ္ေမႊဟင္းငါးပိရည္ခ်ိဳပန္းကန္
ခဝဲသီးေဂ်ာ္ဂ်က္ေရာင္ဟင္းရည္ပုဂံကိုအေမ့အေရွ႕တိုးေပးလိုက္တယ္။ညေနက ဝယ္ထားတဲ့ မုန႔္ဟင္းခါး နဲ႔ဟင္းရည္ကို ေနာက္နားမွာခပ္ရႈိရႈိ ပို႔ထားလိုက္တာ ..
“ငါ မုန႔္ဟင္းခါးပဲစားမယ္ ငါ့ကိုမုန႔္ဟင္းခါးပဲေပး …”မုန႔္ဟင္းခါးက ဘယ္အခ်ိန္ထဲကခ်က္ထားတာလဲမသိဘူး အေမရဲ႕အေမဝမ္းႏူး ေနအုန္းမယ္ ရာသီကလဲပူတယ္ဆိုေတာ့ ..
မလဲ့စကားမဆုံးေသးခင္မွာပဲ အေမ မုန႔္ဟင္းခါး ဖတ္ထဲဟင္းရည္ ထည့္ပီး စားေနပါပီ။” မႀကီး အေမက ည ည ဗိုက္ဆာတယ္ဆိုပီး
တေရးႏိုးထထ ပီးစားတယ္ စားရင္လဲ မုန႔္ဟင္းခါးပဲစားတယ္။တျခားဘာမွမစားဘူး ဒါေၾကာင့္ညေနမွာ မုန႔္ဟင္းခါးတပြဲဝယ္ပီးအသင့္ ထားထားေပးရတယ္ ။
ညီမေတြရဲ႕ စကားကိုျပန္ၾကားေယာင္ရင္း အေမ့ကို ေရေႏြးၾကမ္းငွဲ႔ေပးရင္း .. အေမ အားရပါးရစားေနတာကို ၾကည့္ေနမိတယ္ …
” စားေကာင္းလိုက္တာ ..ဒီအခ်ိန္စားရရင္ဘယ္လိုအရသာရွိမွန္းမသိဘူး မစားရရင္ အိပ္လို႔ကိုမရဘူး ။အေမက လက္ေဆးရင္း ေက်နပ္စြာေျပာေနပါတယ္။
လြန္ခဲ့တဲ့တႏွစ္ေလာက္အထိ အေမဟာ မုန႔္ဟင္းခါးကိုဘယ္ေတာ့မွမစား ဘယ္လိုမွမႀကိဳက္အၿမဲခါးခါးသီးသီးျငင္းခဲ့သူပါ။
အသက္ႀကီးလာတဲ့ အ႐ြယ္အိုလူႀကီးေတြကာညေနစာ စားခ်ိန္မွာ မဆာေသးပဲ စားလိူက္ရတာျဖစ္ျဖစ္ညေနစာကို
မတင္းတိမ္လိုက္တာျဖစ္ျဖစ္တေရးႏိုးခ်ိန္မွာ ဗိုက္တအားဆာပီးႏိုးလာတတ္တယ္။ဒီအခ်ိန္မွာ တခုခုစားခ်င္တာေပါ့ ။မီးဖိုေခ်ာင္ထဲဝင္ပီး
စားစရာဘာရွိလဲထ ရွာစားေလ့ရွိတယ္။သား သမီး သမက္ ေခြၽးမ မွီခို ေနရတဲ့ သက္ႀကီး႐ြယ္အိုမ်ားဘယ္ေလာက္သနားစရာေကာင္းလိုက္မလဲ ..
သည္သဘာဝကိုမသိထားရင္ ..ညေနကေကြၽးတုန္းကေတာ့ မဆာဘူးလိုလို ..မစားခ်င္ဘူးလိုလို အိုက္တင္ခံေနၿပီးညမွ ထစားတယ္ဆိုပီး အထင္လြဲခံရတတ္ပါတယ္ ။အၿငိဳျငင္ခံရတတ္ပါတယ္။
မၾကာမတင္က ေနမေကာင္းမ်ားျဖစ္ထားရင္ ..ပိုဆိုးတာေပါ့။ သားသမီးရင္းကအစဖုတ္ဝင္တယ္ထင္ပီး ဖုတ္ထုတ္မယ္လုပ္တတ္ၾကပါေသးတယ္ ။သက္ႀကီး႐ြယ္အိုသဘာဝ နားလည္ႏိုင္ၾကပါေစ။
အေမ့ကို ၾကည့္ရင္းစဥ္းစားမိတာတခုက ..ငါ့အေမမ်ား တကယ္ဖုတ္ဝင္ေနရင္တယ္ဆိုရင္ေတာင္..
အဲသည္ဖုတ္ေကာင္ကို ေက်းဇူးတင္အုံးမွာ … လို႔ ။အေမ့ကို လႈပ္ရွားသြားလာရက္ အသက္ရွင္လ်က္ပုံစံမ်ိဳးေတြ႕ေနရလို႔ေလ…။
မိအို ဖအို ေမြးျမဴျပဳစု ရင္း ကုသိုလ္ယူႏိုင္ၾကပါေစ…။
Credit <> Lai Lai Win
“အသက် ၉၀ အမေ ”
ဟင် …..အမေ …ဘာလုပ်မလို့လဲ …ည သန်းကောင်၁နာရီကျော်ကျော် လောက်တရေးနိး အပြင်ထွက်လာတဲ့ မလဲ့ ..အမေ့ကို ထမင်းဝိုင်းမှာ ကုန်းကွကွ မြင်လိုက်ရတယ်။
” အမေ ဗိုက်ဆာလို့ ထမင်းစားမလို့ ….”
ထမင်းအုပ်ဆောင်းဖွင့်လျက်သား တန်းလန်းနဲ့အမေကဖြေပါတယ်။
အော်…ဟုတ်လား…လဲ့ဝင်းပြင်ပေးမယ်အမေ။ညနေထဲက ဖယ်ထားတဲ့ ငါးဘတ်မွှေဟင်းငါးပိရည်ချိုပန်းကန်
ခဝဲသီးဂျော်ဂျက်ရောင်ဟင်းရည်ပုဂံကိုအမေ့အရှေ့တိုးပေးလိုက်တယ်။ညနေက ဝယ်ထားတဲ့ မုန့်ဟင်းခါး နဲ့ဟင်းရည်ကို နောက်နားမှာခပ်ရှိုရှို ပို့ထားလိုက်တာ ..
“ငါ မုန့်ဟင်းခါးပဲစားမယ် ငါ့ကိုမုန့်ဟင်းခါးပဲပေး …”မုန့်ဟင်းခါးက ဘယ်အချိန်ထဲကချက်ထားတာလဲမသိဘူး အမေရဲ့အမေဝမ်းနူး နေအုန်းမယ် ရာသီကလဲပူတယ်ဆိုတော့ ..
မလဲ့စကားမဆုံးသေးခင်မှာပဲ အမေ မုန့်ဟင်းခါး ဖတ်ထဲဟင်းရည် ထည့်ပီး စားနေပါပီ။” မကြီး အမေက ည ည ဗိုက်ဆာတယ်ဆိုပီး
တရေးနိုးထထ ပီးစားတယ် စားရင်လဲ မုန့်ဟင်းခါးပဲစားတယ်။တခြားဘာမှမစားဘူး ဒါကြောင့်ညနေမှာ မုန့်ဟင်းခါးတပွဲဝယ်ပီးအသင့် ထားထားပေးရတယ် ။
ညီမတွေရဲ့ စကားကိုပြန်ကြားယောင်ရင်း အမေ့ကို ရေနွေးကြမ်းငှဲ့ပေးရင်း .. အမေ အားရပါးရစားနေတာကို ကြည့်နေမိတယ် …
” စားကောင်းလိုက်တာ ..ဒီအချိန်စားရရင်ဘယ်လိုအရသာရှိမှန်းမသိဘူး မစားရရင် အိပ်လို့ကိုမရဘူး ။အမေက လက်ဆေးရင်း ကျေနပ်စွာပြောနေပါတယ်။
လွန်ခဲ့တဲ့တနှစ်လောက်အထိ အမေဟာ မုန့်ဟင်းခါးကိုဘယ်တော့မှမစား ဘယ်လိုမှမကြိုက်အမြဲခါးခါးသီးသီးငြင်းခဲ့သူပါ။
အသက်ကြီးလာတဲ့ အရွယ်အိုလူကြီးတွေကာညနေစာ စားချိန်မှာ မဆာသေးပဲ စားလိူက်ရတာဖြစ်ဖြစ်ညနေစာကို
မတင်းတိမ်လိုက်တာဖြစ်ဖြစ်တရေးနိုးချိန်မှာ ဗိုက်တအားဆာပီးနိုးလာတတ်တယ်။ဒီအချိန်မှာ တခုခုစားချင်တာပေါ့ ။မီးဖိုချောင်ထဲဝင်ပီး
စားစရာဘာရှိလဲထ ရှာစားလေ့ရှိတယ်။သား သမီး သမက် ချွေးမ မှီခို နေရတဲ့ သက်ကြီးရွယ်အိုများဘယ်လောက်သနားစရာကောင်းလိုက်မလဲ ..
သည်သဘာဝကိုမသိထားရင် ..ညနေကကျွေးတုန်းကတော့ မဆာဘူးလိုလို ..မစားချင်ဘူးလိုလို အိုက်တင်ခံနေပြီးညမှ ထစားတယ်ဆိုပီး အထင်လွဲခံရတတ်ပါတယ် ။အငြိုငြင်ခံရတတ်ပါတယ်။
မကြာမတင်က နေမကောင်းများဖြစ်ထားရင် ..ပိုဆိုးတာပေါ့။ သားသမီးရင်းကအစဖုတ်ဝင်တယ်ထင်ပီး ဖုတ်ထုတ်မယ်လုပ်တတ်ကြပါသေးတယ် ။သက်ကြီးရွယ်အိုသဘာဝ နားလည်နိုင်ကြပါစေ။
အမေ့ကို ကြည့်ရင်းစဉ်းစားမိတာတခုက ..ငါ့အမေများ တကယ်ဖုတ်ဝင်နေရင်တယ်ဆိုရင်တောင်..
အဲသည်ဖုတ်ကောင်ကို ကျေးဇူးတင်အုံးမှာ … လို့ ။အမေ့ကို လှုပ်ရှားသွားလာရက် အသက်ရှင်လျက်ပုံစံမျိုးတွေ့နေရလို့လေ…။
မိအို ဖအို မွေးမြူပြုစု ရင်း ကုသိုလ်ယူနိုင်ကြပါစေ…။
Credit <> Lai Lai Win