လာနီညာမှ အယ်နီညိုဆီသို့
အာရေဗျပင်လယ်ရှိ အေးမြသောလေများနှင့်သြစတျေးယျအနီရှိ ပင်လယ်ရေစီးကြောင်းများဖြစ်ပေါ်နေမှုအရ အစဥ်အလာအားဖြစ်
အိန္ဒိယမုတ်သုန်လေအားပျော့လာစေရန် အချက်ပြလိုက်ပါတယ်
အိန္ဒိယနိုင်ငံ အနောက်တောင်မုတ်သုန်လေ ယခင်ကထက် မိုးရွာသွန်းမှုလျော့နည်းသွားစေနိုင်သော်လည်း မြန်မာ့မုန်သုန်လေကတော့ ပုံမှန်ထက်လျော့နည်းနိုင်တဲ့အလားအလာမတွေ့ရသေးပါဘူး
ဇူလိုင်လ သြဂုတ်လ စက်တင်ဘာလတွေမှာ မြန်မာမုတ်သုန်လေအားကောင်းနိုင်တဲ့အချက်အလက်များစွာတွေ့ရှိရပြီး အဆိုပါလတွေမှာ မုတ္တမပင်လယ်ကွေ့ဒေသတွေမှာ ရွာသွန်းမြဲထက်တောင် ၂ဆပိုမိုရွာသွန်းနိုင်တာကိုတွေ့ရှိရပါတယ် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကတော့ ရွာသွန်းမြဲထက်အနည်းငယ်လျော့ကျဖွယ်ရာရှိပါတယ်
ကချင်ပြည်နယ်မြောက်ပိုင်း ၂၀၂၃ မတ်လ ၂၈ရက်နေ့ ၂၉ရက်နေ့မိုးရွာနိုင်ပြီးဧပြီလ ပထမ၁၀ရက်ပတ်အထိ မိုးရွာသွန်းမှုရှိနိုင်ပါတယ်
ပဲခူးတိုင်း ပြည်မြို့နယ်အတွက် မိုးလေဝသခန့်မှန်းချက် ၂၀၂၃ မတ်လ ၂၄ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ နေ့အပူချိန်များတိုးလာနိုင်ပါတယ်
မန္တလေးတိုင်း မြင်းခြံရိုင် တောင်သာမြို့နယ်မိုးလေဝသခန့်မှန်းချက်-၂၀၂၃ မတ်လ ၂၄ရက်နေ့မှ ဧပြီလ ၁ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာ မရှိပဲ နေ့အပူချိန်များတိုးလာနိုင်ပြီးမတ်လ ၃၁ရက်နေ့နှင့် ဧပြီလ တစ်ရက်နေ့တွင် 41°C မှ 43°C အထိနေ့အပူချိန်မြင့်တက်နိုင်ပါတယ်
မကွေးတိုင်း ပွင့်ဖြူမြို့နယ် မိုးလေဝသခန့်မှန်းချက်-၂၀၂၃ မတ်လ ၂၄ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမရှိပဲ နေ့အပုချိန်များတိုးလာနိုင်ပါတယ်
မန္တလေးတိုင်း မိတ္ထီလာမြိုနယ်အတွက် မိုးလေဝသခန့်မှန်းချက်-၂၀၂၃ မတ်လ ၂၄ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ မိုးရွာ
သွန်းနိုင်တဲ့အအလားအလာမရှိပဲနေ့အပူချိန်များတိုးလာနိုင်ပါတယ်
ပဲခူးတိုင်း သာယာဝတီခရိုင်အတွက်မိုးလေဝသခန့်မှန်းချက်-၂၀၂၃ မတ်လ ၂၄ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲမပူလွန်း မအေးလွန်း ကြည်လင်သာယာပါလိမ့်မယ်
နေပြည်တော် မိုးလေဝသခန့်မှန်းချက်-၂၀၂၃ မတ်လ ၂၅ နေ့မှ ဧပြီလ ၁နေ့အပူချိန် ညအပူချိန်တွေတိုးလာနိုင်ပါတယ်
SU SU SAN
ZAWGYI
SU SU SAN