Knowledge

ပိုးဟပ်တွေမလာအောင် ရိုးရှင်းလွယ်ကူတကယ်ထိရောက်တဲ့ ပိုးဟပ်ရှင်းနည်းဆယ်မျိုး

ပိုးဟပ်တွေမလာအောင် ရိုးရှင်းလွယ်ကူ တကယ်ထိရောက်တဲ့ ပိုးဟပ်ရှင်းနည်းဆယ်မျိုး

အိမ်တွေရဲ့ အိပ်ခန်းထဲ၊ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲမှာ ကိုယ့်ရှေ့ပြေးလွှားနေတဲ့ ပိုးဟပ်တွေ မြင်ရင် ရွံတတ်ကြသလို

အချို့ကလည်း ကြောက်ကြပါတယ်။ပိုးဟပ်ချေးအနံ့ဟာ ဆိုးဝါးလှပြီး နေရာတကာ တွေ့နိုင်ပါတယ်။

ပိုးဟပ်တွေဟာ ရောဂါပိုးတွေနဲ့ဗက်တီးရီးယားတွေကို သယ် ဆောင်ဖြန့်ချိနိုင်သလို လူတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုလည်းဓာတ်မတည့်တာတွေဖြစ်စေနိုင်တဲ့အတွက်အိမ်မှာရှိတဲ့ပိုးဟပ်ပြေးအောင်လုပ်နည်းလေးတွေကိုအခုလိုပဲဖော်ပြပေးလိုက်ပါတယ်

စိတ်ပျက်စရာကောင်းလှတဲ့ ပိုးဟပ်ရန်ကနေ ကင်းဝေးအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့-

(၁)သခွားသီးကိုလှီးထားပြီး ပိုးဟပ်တွေလှုပ်ရှားမှုများတဲ့ နေရာထောင့်တွေမှာချထားလိုက်ပါ။ သခွားသီးက ထွက်တဲ့ အနံ့တစ်မျိုးကို ပိုးဟပ်တွေမကြိုက်ပါဘူး။ရိုးရှင်းပြီးလွယ်ကူတဲ့နည်းပါ။ လူတွေနဲ့ ပိုးဟပ်ကြားမှာ တံတိုင်းအဖြစ်ကာကွယ်ပေးပါတယ်။စမ်းကြည့်ကြပါစို့။

(၂)နောက်တစ်နည်းကတော့ တမာဆီအနည်းငယ်နဲ့ ရေတစ်ခွက်ရောပါ။အနံ့မရှိသလောက်နည်းတဲ့ ဆပ်ပြာရည်နည်းနည်းထည့်ပါ။ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေကိုဖြန်းထားပေးပါ။သူကတော့ အနံ့ အနည်းငယ် ရှိပါတယ်။တမာဆီကတော့ပရဆေးဆိုင်တွေနဲ့ဆေးဆိုင်တွေမှာမေးဝယ်လို့ရပါတယ်။

(၃)ဘောရက်ပေါင်ဒါမှုန့်နဲ့ သကြား–ဘောရက်မှုန့်သုံးဆနဲ့သကြားတစ်ဆရောပြီး ပိုးဟပ်တွေရှိတဲ့နေရာမှာပုံထားလိုက်ရင် မနက်မိုးလင်းတဲ့အခါ ပိုးဟပ်တွေသေနေတာတွေ့ရမှာပါ။အိမ်မှာကလေးနဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင်တော့ဒီနည်းသုံးဖို့ မသင့်တော်ပါဘူး။

(၄)တောရှောက်ခါးဆီ–ပိုးဟပ်ပြေးစေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး တောရှောက်ခါးဆီနဲ့ရေအနည်းငယ်ရောပြီး ဖျန်းလိုက်တာနဲ့ပိုးဟပ်တွေပြေးမှာသေချာပါ တယ်။

(၅)တောနှံပင်–တောနှံရွက်လတ် လတ်ဆတ်ဆတ်ကိုခူးပြီး အိတ်တစ်ခုထဲထည့်ကာ ပိုးဟပ်ရှိတဲ့နေရာမှာချထားပေးပါ။ အရွက်တွေလဲလဲပေးပြီးချထားရင် ပိုးဟပ်တွေ မလာတော့ဘူးလို့ဆိုပါတယ်။

(၆)ကော်ဖီမှုန့်–ကရားတစ်ခုထဲကို ရေအပြည့်ထည့်ပါ။စက္ကူခွက်တစ် ခုထဲမှာ ကော်ဖီမှုန့်ထည့်ပြီး ရေက ရားထဲမှာထည့်ထားပါ။ကော်ဖီနံ့ကပိုးဟပ်တွေကိုဆွဲဆောင်ပြီးကော်ဖီရှိရာကိုလာကြတဲ့အခါရေ ကရားထဲကျစေတဲ့နည်းနဲ့ဖမ်းနိုင်ပါတယ်။

(၇)ဆွမ်းမွှေးရွက်–ပိုးဟပ်တွေရှိတဲ့နေရာတွေမှာဆွမ်းမွှေးရွက်ချထားရင်လည်း ပိုးဟပ်တွေပြေးတယ်လို့သိရပါတယ်။

(၈)အဝတ်မွှေးရနံ့ဆီ–ရနံ့ဆီနဲ့ ရေအနည်းငယ်ရောပြီး ဖျန်းရင်လည်း ပိုးဟပ်တွေပြေးတယ်လို့ဆိုပါတယ်။

(၉)အစားအသောက်များသေချာသိမ်းဆည်းခြင်း–ပိုးဟပ်တွေဟာရေနဲ့အစားအစာမရှိရင် အသက် မရှိင်နိုင်တာမို့ အစားအသောက်တွေကို အပြင်မှာဘာတစ်ခုမှချန်မထားဘဲသိမ်းဆည်းတာမျိုး၊ဆန်ခါအုပ်၊ အဝတ်အုပ်၊အဖုံးအုပ်ပြီးကာကွယ်တာမျိုး၊အမှိုက် ပုံးတွေကိုလည်းလုံအောင်ပိတ် တာမျိုးလုပ်ရင် အစားအစာမရှိ တော့တဲ့အတွက်သူ့အလိုလို နည်း သွားမှာပါ။

(၁၀)အိမ်သန့်ရှင်းရေးပုံမှန်လုပ်ခြင်း-အိမ်မှာရှိတဲ့အခန်းတွေ အကုန်လုံးကို ပုံမှန်သန့်ရှင်းရေးလုပ် တာမျိုး၊ သပ်သပ်ရပ်ရပ်ထားတာမျိုး၊အထူးသဖြင့် မီးဖိုဆောင်မှာရှုပ်ပွနေတာမျိုး မဖြစ်စေဘဲသန့် ပြန့်နေအောင်ထားရင် ပိုးဟပ်ကိုမြင်ရမှာတောင်မဟုတ်ပါဘူး။

Crd

ပိုးဟပ္ေတြမလာေအာင္ ရိုးရွင္းလြယ္ကူ တကယ္ထိေရာက္တဲ့ ပိုးဟပ္ရွင္းနည္းဆယ္မ်ိဳး

အိမ္ေတြရဲ႕ အိပ္ခန္းထဲ၊ မီးဖိုေခ်ာင္ထဲ၊ ေရခ်ိဳးခန္းထဲမွာ ကိုယ့္ေရွ႕ေျပးလႊားေနတဲ့ ပိုးဟပ္ေတြ ျမင္ရင္ ႐ြံတတ္ၾကသလို အခ်ိဳ႕ကလည္း ေၾကာက္ၾကပါတယ္။ပိုးဟပ္ေခ်းအနံ႔ဟာ ဆိုးဝါးလွၿပီး ေနရာတကာ ေတြ႕ႏိုင္ပါတယ္။

ပိုးဟပ္ေတြဟာ ေရာဂါပိုးေတြနဲ႔ဗက္တီးရီးယားေတြကို သယ္ ေဆာင္ျဖန႔္ခ်ိႏိုင္သလို လူေတြနဲ႔အိမ္ေမြးတိရစာၦန္ေတြကိုလည္းဓာတ္မတည့္တာေတြျဖစ္ေစႏိုင္တဲ့အတြက္အိမ္မွာရွိတဲ့ပိုးဟပ္ေျပးေအာင္လုပ္နည္းေလးေတြကိုအခုလိုပဲေဖာ္ျပေပးလိုက္ပါတယ္။

စိတ္ပ်က္စရာေကာင္းလွတဲ့ ပိုးဟပ္ရန္ကေန ကင္းေဝးေအာင္လုပ္လို႔ရတဲ့နည္းလမ္းေတြေတာ့-

(၁)သခြားသီးကိုလွီးထားၿပီး ပိုးဟပ္ေတြလႈပ္ရွားမႈမ်ားတဲ့ ေနရာေထာင့္ေတြမွာခ်ထားလိုက္ပါ။ သခြားသီးက ထြက္တဲ့ အနံ႔တစ္မ်ိဳးကို ပိုးဟပ္ေတြမႀကိဳက္ပါဘူး။႐ိုးရွင္းၿပီးလြယ္ကူတဲ့နည္းပါ။ လူေတြနဲ႔ ပိုးဟပ္ၾကားမွာ တံတိုင္းအျဖစ္ကာကြယ္ေပးပါတယ္။စမ္းၾကည့္ၾကပါစို႔။

(၂)ေနာက္တစ္နည္းကေတာ့ တမာဆီအနည္းငယ္နဲ႔ ေရတစ္ခြက္ေရာပါ။အနံ႔မရွိသေလာက္နည္းတဲ့ ဆပ္ျပာရည္နည္းနည္းထည့္ပါ။ပိုးဟပ္ေတြ လာတတ္တဲ့ ေနရာေတြကိုျဖန္းထားေပးပါ။သူကေတာ့ အနံ႔ အနည္းငယ္ ရွိပါတယ္။တမာဆီကေတာ့ပရေဆးဆိုင္ေတြနဲ႔ေဆးဆိုင္ေတြမွာေမးဝယ္လို႔ရပါတယ္။

(၃)ေဘာရက္ေပါင္ဒါမႈန႔္နဲ႔ သၾကား–ေဘာရက္မႈန႔္သုံးဆနဲ႔သၾကားတစ္ဆေရာၿပီး ပိုးဟပ္ေတြရွိတဲ့ေနရာမွာပုံထားလိုက္

ရင္ မနက္မိုးလင္းတဲ့အခါ ပိုးဟပ္ေတြေသေနတာေတြ႕ရမွာပါ။အိမ္မွာကေလးနဲ႔ အိမ္ေမြးတိရစာၦန္ရွိရင္ေတာ့ဒီနည္းသုံးဖို႔ မသင့္ေတာ္ပါဘူး။

(၄)ေတာေရွာက္ခါးဆီ–ပိုးဟပ္ေျပးေစတဲ့ သဘာဝေဆးတစ္မ်ိဳးျဖစ္ၿပီး ေတာေရွာက္ခါးဆီနဲ႔ေရအနည္းငယ္ေရာၿပီး ဖ်န္းလိုက္တာနဲ႔ပိုးဟပ္ေတြေျပးမွာေသခ်ာပါ တယ္။

(၅)ေတာႏွံပင္–ေတာႏွံ႐ြက္လတ္ လတ္ဆတ္ဆတ္ကိုခူးၿပီး အိတ္တစ္ခုထဲထည့္ကာ ပိုးဟပ္ရွိတဲ့ေနရာမွာခ်ထားေပးပါ။ အ႐ြက္ေတြလဲလဲေပးၿပီးခ်ထားရင္ ပိုးဟပ္ေတြ မလာေတာ့ဘူးလို႔ဆိုပါတယ္။

(၆)ေကာ္ဖီမႈန႔္–ကရားတစ္ခုထဲကို ေရအျပည့္ထည့္ပါ။စကၠဴခြက္တစ္ ခုထဲမွာ ေကာ္ဖီမႈန႔္ထည့္ၿပီး ေရက ရားထဲမွာထည့္ထားပါ။ေကာ္ဖီနံ႔ကပိုးဟပ္ေတြကိုဆြဲေဆာင္ၿပီးေကာ္ဖီရွိရာကိုလာၾကတဲ့အခါေရ ကရားထဲက်ေစတဲ့နည္းနဲ႔ဖမ္းႏိုင္ပါတယ္။

(၇)ဆြမ္းေမႊး႐ြက္–ပိုးဟပ္ေတြရွိတဲ့ေနရာေတြမွာဆြမ္းေမႊး႐ြက္ခ်ထားရင္လည္း ပိုးဟပ္ေတြေျပးတယ္လို႔သိရပါတယ္။

(၈)အဝတ္ေမႊးရနံ႔ဆီ–ရနံ႔ဆီနဲ႔ ေရအနည္းငယ္ေရာၿပီး ဖ်န္းရင္လည္း ပိုးဟပ္ေတြေျပးတယ္လို႔ဆိုပါတယ္။

(၉)အစားအေသာက္မ်ားေသခ်ာသိမ္းဆည္းျခင္း–ပိုးဟပ္ေတြဟာေရနဲ႔အစားအစာမရွိရင္ အသက္ မရွိင္ႏိုင္တာမို႔ အစားအေသာက္ေတြကို အျပင္မွာဘာတစ္ခုမွခ်န္မထားဘဲသိမ္းဆည္းတာမ်ိဳး၊ဆန္ခါအုပ္၊ အဝတ္အုပ္၊အဖုံးအုပ္ၿပီးကာကြယ္တာမ်ိဳး၊အမႈိက္ ပုံးေတြကိုလည္းလုံေအာင္ပိတ္ တာမ်ိဳးလုပ္ရင္ အစားအစာမရွိ ေတာ့တဲ့အတြက္သူ႔အလိုလို နည္း သြားမွာပါ။

(၁၀)အိမ္သန႔္ရွင္းေရးပုံမွန္လုပ္ျခင္း-အိမ္မွာရွိတဲ့အခန္းေတြ အကုန္လုံးကို ပုံမွန္သန႔္ရွင္းေရးလုပ္ တာမ်ိဳး၊ သပ္သပ္ရပ္ရပ္ထားတာမ်ိဳး၊အထူးသျဖင့္ မီးဖိုေဆာင္မွာရႈပ္ပြေနတာမ်ိဳး မျဖစ္ေစဘဲသန႔္ ျပန႔္ေနေအာင္ထားရင္ ပိုးဟပ္ကိုျမင္ရမွာေတာင္မဟုတ္ပါဘူး။

Crd