Health Care

သွေးပေါင်ကျတတ်သူများ နှင့် ကျောက်ကပ်ရောဂါအတွက် မြန်မာဆေးစွမ်းကောင်းတစ်လက်

သွေးပေါင်ကျတတ်သူများအတွက် လမ်းဘေးမှာအလေ့ကျပေါက်တတ်သည့်အပင်တစ်ပင်ရှိပါသည်။ထိုအပင်ကိုပုဇွန်စာရွက်လို့ခေါ်ပါသည်။ထိုင်ရာမှထလိုက်သောအခါ မူးသွားခြင်း၊ မျက်လုံးပြာသွားခြင်း စသည့်သွေးအားနည်းရောဂါခံစားနေရပြီး သွေးပေါင်ကျနေချိန်၌ ထိုအရွက်ကိုဘဲဥနဲ့ကြော်စားခြင်းဖြင့် တစ်ခဏချင်းသွေးပေါင်ကိုပြန်တက်စေပါသည်။

ရန်ကုန်တွင် မီးရထားသံလမ်းအနီးဘေး..ဝဲ..ယာ၌လည်းရှာဖွေတွေ့ရှိနိုင်ပါသည်။

အဖြူရောင်အပွင့်ငယ်လေးများပွင့်ပြီးအပင်၏အရှည်မှာတစ်ထွာတစ်ပေခန့်သာရှိပါသည်။

မှတ်ချက်။ ။သွေးပေါင်ပုံမှန်ရှိသူများမစားသင့်ပါ။သွေးတိုးပြီးမူးသွားပါလိမ့်မည်။

ွကိုယ်တွေ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေကုသိုလ်ယူတာပါ

Yimon Kyaw ( HTD)

ကျောက်ကပ် ကျောက်တည်တာ ၊ သွေးပေါင်ကျတာတို့ ဖြစ်လျှင်…

ပုစွန်စာရွက်က မြေပြင်မှာ ကပ်ပေါက်တဲ့ အပင်ငယ်တစ်မျိုးပါ။ အရွက်ချွန်ချွန်၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေပွင့်ကြပါတယ်။ အာရှဒေသတော်တော်များများမှာပေါက်ရောက်ကြပါတယ်။

အရိုးက အနီရောင်လေး ရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ အရွက်လေး တစ်မျိုးပေါ့။ ဓါတ်တိုး ဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ဒီလိုလေး ဆေးဖက်ဝင်ပါတယ်။

အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

အအေးမိတာကြောင့် နှာစေးနှာပိတ်ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ပုစွန်စာရွက်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက်ရှုရတာကို လွယ်ကူစေနိုင်ပါတယ်။အအေးမိတာကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာ၊လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးသောက်ပေးလို့ရပါတယ်။

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။free radicalsတွေကြောင့် ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုကျန်းမာစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။

သွားဖုံးကျန်းမာစေတယ်

သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုတာတွေအတွက်လည်း ပုစွန်စာရွက်ကအသုံးဝင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်းရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။သွားနဲ့ခံတွင်းပြဿနာတွေကင်းစေဖို့ ပုစွန်စာရွက်ကိုရေနွေးနဲပ ကျိုပြီး ပလုပ်ကျင်းပေးလို့ရပါတယ်။ သတ္တုရည်ကို သွားဖုံးရောင်တဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။

ကျောက်ကပ် ကျောက်တည်တာကို သက်သာစေနိုင်တယ

ဆီးသွားတိုင်းနာကျင်နေရတဲ့ ကျောက်ကပ်ကျောက်တည်တဲ့ပြဿနာနဲ့ ဆီးလမ်းကြောင်းပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ရပါတယ်။ပုစွန်စာရွက် မှာပါတဲ့ သဘာဝ ဒြပ်ပေါင်းကကျောက်ကပ်ကကျောက်တွေကိုကြေစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုလို့ရပါတယ်။

အရေပြားကျန်းမာစေနိုင်တယ်

အရေပြားအတွက်လည်း အကျုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပြီး အရွယ်တင်နုပျိုစေသလို အရေပြားပြဿနာတွေကင်းဝေးစေပါတယ်။

သွေးပေါင်ကျတာကို သက်သာစေတယ်

ထိုင်ရာမှ ထလိုက်ရင် မူးသွားတာ မျက်လုံးပြာသွားတာနဲ့ လမ်းလျှောက်ရင် ပေါ့ပြီး လွင့်နေသလိုမျိုး သွေးအားနည်းချိန် (သွေးပေါင်ကျနေချိန်) ဘဲဥနဲ့ကြော်စားခြင်းဖြင့် တစ်ခဏချင်း သွေးပေါင်ကို ပြန်တက်စေပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

ပုစွန်စာရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက် မိခင်တွေနဲ့ ရောဂါ အခံတစ်ခုခု ရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

ပင်ပန်းတာကို သက်သာစေနိုင်တယ်

ပုစွန်စာရွက်က စိတ်ဓါတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်မှာ ကာလရှည်ကြာခံစားနေရတဲ့ နာကျင်မှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ ။

Credit. ..Hellosayarwon

Copy by La Wone Eain

ေသြးေပါင္က်တတ္သူမ်ား ႏွင့္ ေက်ာက္ကပ္ေရာဂါအတြက္ ျမန္မာေဆးစြမ္းေကာင္းတစ္လက္

ေသြးေပါင္က်တတ္သူမ်ားအတြက္ လမ္းေဘးမွာအေလ့က်ေပါက္တတ္သည့္အပင္တစ္ပင္ရွိပါသည္။ထိုအပင္ကိုပုဇြန္စာရြက္လို့ေခၚပါသည္။ထိုင္ရာမွထလိုက္ေသာအခါ မူးသြားျခင္း၊ မ်က္လုံးျပာသြားျခင္း စသည့္ေသြးအားနည္းေရာဂါခံစားေနရၿပီး ေသြးေပါင္က်ေနခ်ိန္၌ ထိုအရြက္ကိုဘဲဥနဲ႔ေၾကာ္စားျခင္းျဖင့္ တစ္ခဏခ်င္းေသြးေပါင္ကိုျပန္တက္ေစပါသည္။

ရန္ကုန္တြင္ မီးရထားသံလမ္းအနီးေဘး..ဝဲ..ယာ၌လည္းရွာေဖြေတြ႕ရွိနိုင္ပါသည္။

အျဖဴေရာင္အပြင့္ငယ္ေလးမ်ားပြင့္ၿပီးအပင္၏အရွည္မွာတစ္ထြာတစ္ေပခန္႔သာရွိပါသည္။

မွတ္ခ်က္။ ။ေသြးေပါင္ပုံမွန္ရွိသူမ်ားမစားသင့္ပါ။ေသြးတိုးၿပီးမူးသြားပါလိမ့္မည္။

ြကိုယ္ေတြ႕ေဆးနည္းေလးမို့ ျပန္လည္မၽွေဝကုသိုလ္ယူတာပါ ။ ။

Yimon Kyaw ( HTD)

ေက်ာက္ကပ္ ေက်ာက္တည္တာ ၊ ေသြးေပါင္က်တာတို့ ျဖစ္လၽွင္…

ပုစြန္စာရြက္က ေျမျပင္မွာ ကပ္ေပါက္တဲ့ အပင္ငယ္တစ္မ်ိဳးပါ။ အရြက္ခၽြန္ခၽြန္၊ အရိုးပြပြေလးနဲ႔ အပြင့္ျဖဴျဖဴေလးေတြပြင့္ၾကပါတယ္။ အာရွေဒသေတာ္ေတာ္မ်ားမ်ားမွာေပါက္ေရာက္ၾကပါတယ္။

အရိုးက အနီေရာင္ေလး ရွိတတ္ပါတယ္။ စားလိုက္ရင္ ႂကြပ္ႂကြပ္ေလးနဲ႔ စားေကာင္းတဲ့ အရြက္ေလး တစ္မ်ိဳးေပါ့။ ဓါတ္တိုး ဆန႔္က်င္ အာနိသင္ ႂကြယ္ဝတာေၾကာင့္ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးနိုင္ၿပီး ဒီလိုေလး ေဆးဖက္ဝင္ပါတယ္။

အသက္ရွုလမ္းေၾကာင္းကို က်န္းမာေစနိုင္တယ္

အေအးမိတာေၾကာင့္ ႏွာေစးႏွာပိတ္ျဖစ္ေနသူေတြနဲ႔ အထူးသင့္ေတာ္ပါတယ္။ ပုစြန္စာရြက္က နာက်င္ေရာင္ရမ္းမွုကိုေလ်ာ့ပါးသက္သာေစနိုင္ၿပီး ခၽြဲေတြကို ကင္းစင္ေစနိုင္တာေၾကာင့္ အသက္ရွုရတာကို လြယ္ကူေစနိုင္ပါတယ္။အေအးမိတာေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာတာ၊ေလႁပြန္ေရာင္ရမ္းတာေတြအတြက္လည္း ပုစြန္စာရြက္ကိုေရေႏြးဆူဆူထဲထည့္ျပဳတ္ၿပီးေသာက္ေပးလို့ရပါတယ္။

ဓါတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတယ္

ဓါတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ ခႏၶါကိုယ္ကို က်န္းမာေစနိုင္ပါတယ္။free radicalsေတြေၾကာင့္ ဆဲလ္ေတြမပ်က္စီးေအာင္ကာကြယ္ေပးနိုင္ပါတယ္။ ကိုယ္တြင္းအဂၤါေတြကိုက်န္းမာေစနိုင္ၿပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မွုကို တားဆီးေပးပါတယ္။

သြားဖုံးက်န္းမာေစတယ္

သြားဖုံးေရာင္တာ၊ သြားဖုံးေသြးယိုတာေတြအတြက္လည္း ပုစြန္စာရြက္ကအသုံးဝင္ပါတယ္။ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးတာေၾကာင့္ ခံတြင္းေရာဂါကိုျဖစ္ေစတဲ့ ဘက္တီးရီးယာေတြကို အေကာင္းဆုံးဖယ္ရွားေပးနိုင္မွာပါ။သြားနဲ႔ခံတြင္းျပႆနာေတြကင္းေစဖို့ ပုစြန္စာရြက္ကိုေရေႏြးနဲပ က်ိဳၿပီး ပလုပ္က်င္းေပးလို့ရပါတယ္။ သတၱဳရည္ကို သြားဖုံးေရာင္တဲ့ေနရာမွာ စြတ္ေပးလို့ရပါတယ္။

ေက်ာက္ကပ္ ေက်ာက္တည္တာကို သက္သာေစနိုင္တယ

ဆီးသြားတိုင္းနာက်င္ေနရတဲ့ ေက်ာက္ကပ္ေက်ာက္တည္တဲ့ျပႆနာနဲ႔ ဆီးလမ္းေၾကာင္းျပႆနာေတြ ကင္းေစဖို့လည္း ပုစြန္စာရြက္ကို အားကိုးလို့ရပါတယ္။ပုစြန္စာရြက္ မွာပါတဲ့ သဘာဝ ျဒပ္ေပါင္းကေက်ာက္ကပ္ကေက်ာက္ေတြကိုေၾကေစနိုင္ပါတယ္။ ကာကြယ္ဖို့အတြက္ေရာ ကုသဖို့အတြက္ပါ အသုံးျပဳလို့ရပါတယ္။

အေရျပားက်န္းမာေစနိုင္တယ္

အေရျပားအတြက္လည္း အက်ဳးေက်းဇူးေတြရရွိေစနိုင္ပါတယ္။ ဖေလဗာႏြိဳက္ပါဝင္တာေၾကာင့္ အသားအေရကို တင္းရင္းေစၿပီး အရြယ္တင္ႏုပ်ိဳေစသလို အေရျပားျပႆနာေတြကင္းေဝးေစပါတယ္။

ေသြးေပါင္က်တာကို သက္သာေစတယ္

ထိုင္ရာမွ ထလိုက္ရင္ မူးသြားတာ မ်က္လုံးျပာသြားတာနဲ႔ လမ္းေလၽွာက္ရင္ ေပါ့ၿပီး လြင့္ေနသလိုမ်ိဳး ေသြးအားနည္းခ်ိန္ (ေသြးေပါင္က်ေနခ်ိန္) ဘဲဥနဲ႔ေၾကာ္စားျခင္းျဖင့္ တစ္ခဏခ်င္း ေသြးေပါင္ကို ျပန္တက္ေစပါတယ္။

ဘယ္သူေတြမစားသင့္ဘူးလဲ

ပုစြန္စာရြက္က ေဆးဖက္ဝင္တယ္ ဆိုေပမယ့္ ကိုယ္ဝန္ေဆာင္ မိခင္ေတြ၊ နို့တိုက္ မိခင္ေတြနဲ႔ ေရာဂါ အခံတစ္ခုခု ရွိသူေတြ အေနနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။

ပင္ပန္းတာကို သက္သာေစနိုင္တယ္

ပုစြန္စာရြက္က စိတ္ဓါတ္က်တာ၊ ပင္ပန္းႏြမ္းနယ္တာ၊ေျခကုန္လက္ပမ္းက်တာေတြကို သက္သာေစနိုင္ၿပီး ခႏၶါကိုယ္မွာ ကာလရွည္ၾကာခံစားေနရတဲ့ နာက်င္မွုေတြကိုလည္းေလ်ာ့ပါးသက္သာေစနိုင္ပါတယ္။ ။

Credit. ..Hellosayarwon

Copy by La Wone Eain