Health Care

“ ငှက်ပြောဖီးကြမ်း လွန်ထူးဆန်း သိဒ္ဓိအစွမ်း ရှိလေပြီ ”

“ငှက်ပြောဖီးကြမ်း လွန်ထူးဆန်း သိဒ္ဓိအစွမ်း ရှိလေပြီ”

သူငယ်ချင်းတို့ သိကြလား။ ဖီးကြမ်းငှက်ပြောသီးမှည့်ရဲ့ လျှို့ဝှက်ချက်တခု ပြောပြမယ်နော်။ ငှက်ပြောသီးတွေဟာ အလုံးတိုင်း

အတူတူလို့ ထင်နေကြပါသလား။ အဲ့လိုထင်ရင် မှားပါလိမ့်မယ်။

အလုံးတိုင်းဟာ အတူတူလို ထင်ရပေမဲ့ ငှက်ပျောတဖီးမှာ တလုံးထည်းသော အသီးကတော့ အားလုံးထက် ထူးခြားနေပါတယ်။ အဲဒါဟာ အဖီးတိုင်းမှာ ဖြစ်ပေါ်နေတာပါ။ တဖီးမှာ တလုံးဘဲ ပါတာနော်။

ယောင်လို့ မှားလို့တောင် နှစ်လုံး မပါဘူး။ ကိုင်း သူငယ်ချင်းတို့ မေးချင်နေတဲ့ မေးခွန်းကို မမေးဘဲ ဖြေပေးပါ့မယ်။

“အဲ့ဒီထူးခြားတဲ့ ငှက်ပျောသီးတွေ့တော့ ဘာဖြစ်သတဲ့ တုန်း” လို့ မေးချင်နေပီ မို့လား။ ပြောပြမယ် ပြောပြမယ်။ အဲ့ ငှက်ပြောသီးက အဲ့ဒီ တဖီးလုံးမှာ အဟာရ အဖြစ်ဆုံး အလုံး ဖြစ်ပါတယ် တဲ့။

ပီးတော့ အချိုဆုံးနဲ့ အရသာ ထူးကဲဆုံး လဲ ဖြစ်ပါသေးတယ်လို့။ အာ့ကြောင့် သူငယ်ချင်းတို့လဲ ကိုယ့်အိမ်ကဘဲ ဝယ်ဝယ် ၊ ဆိုင်မှာချိတ်ထားတာကိုဘဲ စားစား ခုပြောနဲ့ လျှို့ဝှက်ချက်လေးကို သတိရပီး စားကြပါလို့ အကြံကောင်းပေးလိုက် ချင်ပါတယ်။

ငှက်ပျောသီးရဲ့ လျှို့ဝှက်ချက်ကတော့ ဖီးကြမ်း ငှက်ပြောသီးကို မစားခင်ကြည့်လိုက်၊ သီးမွှေးငှက်ပျောသီးလို လုံးချော ဖြစ်မနေပါဘူး။ သုံးမြှောင့်၊လေးမြှောင့်၊ ငါးမြှောင့် ပေါ်နေပါတယ်။ အများဆုံးကတော့ လေးမြှောင့်ပါ။ ငါးမြှောင့်လဲ ရှိတတ်ပါတယ်။

ဘယ်အလုံးတွေ ဘယ်လောက်ရှိရှိ သုံးမြှောင့်ကတော့ တလုံးထဲဘဲ ပါပါတယ်။ အဲ့ဒီတလုံးထည်းသော အသီးကိုသာ အမိအရ စားလိုက်ပါ မိတ်ဆွေ။

အဟာရတွေတိုး အားအင်တွေ ပြည့်ဖြိုးလို့ သိဒ္ဓိတွေတိုး လာပါ လိမ့်မယ် ဆိုတဲ့အကြောင်းသတင်းကောင်းလေး လက်တို့လိုက် ရပါကြောင်း ချစ်သူငယ်ချင်း အပေါင်းတို့။ ခရက်ဒစ်









