သင်စားတဲ့ အစားအသောက်ကြောင့် ဂျိုင်းချွေးနံ့ထွက်တတ်သလို ကိုယ်သုံးတဲ့ Deodorant အမျိုးအစားကြောင့် ဂျိုင်းသား ညိုမည်း
လာတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပူအိုက်တဲ့ရာသီဆိုရင် ဂျိုင်းချွေးနံ့က ပိုထွက်လေ့ရှိပါတယ်။ ဒီလို အနံ့ထွက်လာပြီဆိုရင် သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။
ဒီလိုပဲ ဂျိုင်းသားညိုနေမယ်ဆိုရင် အင်္ကျီလက်ပြတ်ဝတ်တဲ့အချိန် သင့်ကိုယ်သင် ယုံကြည်မှု မရှိ ဖြစ်နိုင်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဒီလို ဂျိုင်းချွေးနံ့ တွေ မရှိတော့ဘဲ ဂျိုင်းသား ပိုဖြူကာ ပိုသန့်ရှင်းလာစေမယ့် DIY Spray ပြုလုပ်နည်းကို ဖော်ပြပါရစေ။
ဒီ DIY Armpit Detox Spray က သင့်ဂျိုင်းသားအတွက် အကျိုးပြုမယ့် Spray ဖြစ်ပါတယ်။ ဒီတော့ နည်းလမ်းကို ကြည်လိုက်ရအောင်နော်-
ခွက်တစ်ခွက်ထဲကို ပန်းသီး ရှာလကာရည် Apple Cider Vinegar တစ်ဇွန်းထည့်ပေးရပါမယ်။ Apple Cider Vinegar က ချွေးကြောင့် စုလာတဲ့ ဘတ်တီးရီးယားတွေကို သေစေကာ အနံ့ထွက်တာ သက်သာစေပါတယ်။
ပြီးနောက် Apple Cider Vinegar ထဲကို Rose Water နှစ်ပုံ ပုံရင် တစ်ပုံ ထည့်ပေးရပါမယ်။
Rose Water က အသားအရေအတွက် အကျိုးပြုတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။
Rose Water က အသားအရေကို အေးမြစေကာ ဂျိုင်းကြား အသားအရေကို တောက်ပလာစေနိုင်ပါတယ်။
အနံ့မွှေးနေဖို့အတွက် ထပ်ထည့်ပေးရမှာကတော့ Lavender Essential Oil နှစ်စက်ပါ။
ဒါ့အပြင် Lavender က ဘတ်တီးရီးယား သေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ဂျိုင်းချွေးနံ့ထွက်တာကို သက်သာစေပါတယ်။
ဒီပါဝင်ပစ္စည်းအားလုံးကို ခွက်ထဲမှာ ရောမွှေပေးရပါမယ်။ မွှေပြီးနောက် အရည်ကို Spray ဖြန်းလို့ရမယ့် Spray Bottle ဘူးလွတ်ထဲကို ထည့်ပေးရပါမယ်။
ဒီ Spray ကို ဂျိုင်းပေါ် ဖြန်းပြီးနောက် ခြောက်တဲ့အထိ စောင့်ပေးရပါမယ်။
ဖော်ပြပါ DIY Armpit Detox Spray ကို ပုံမှန် ဖြန်းပေးမယ်ဆိုရင် ဂျိုင်းကြား အသားအရေ ပိုသန့်လာကာ ပိုဖြူဖွေးစေပြီး အနံ့အသက် လျော့ပါးလာပါလိမ့်မယ်။