သောကြာသားသမီးများသည် ဧပြီလတွင်သားသမီးများ လအစပိုင်း ကံညံလိမ့်မည်။( ၇.၄.၂၀၂၃ မှ စ၍ ၂၀.၄.၂၀၂၃)အထိ
လုပ်ငန်းခွင်တွင် သတိတရားရှေ့ရှု၍ ဆောင်ရွက်ရမည်။ပတ်ဝန်းကျင်နှင့်အမြဲအတိုက်အခံလုပ်နေသူဖြစ်နေတတ်သည်။
အစားအသောက်နှင့် အသွားအလာ အနေအထိုင် ပေါင်းသင်းဆက်ဆံရာတွင် အတင့်မရဲပါနှင့် သတိအမြဲထားသင့်ပါကြောင်းဆရာအကြံပေးလိုပါသည်။အ ပေါင်းအသင်းနှင့်အပျော်အပါးလိုက်စားခြင်းများ အထူးရှောင့်သင့်၏။
၂၀.၄.၂၀၂၃ ကျော်လွန်ပြိး ကောင်းမှုကုသိုလ်အလှူအတန်းများပြုလုပ်ရပြိး ကံအကျိုးပေးကောင်း၍ အခက်အခဲ အကြပ်အတည်းများကို ကျော်လွှားနိုင်ကာ အလုပ်စီးပွားတိုးတက်မည်။အကြံစည်သစ်၊ ရည်ရွယ်ချက် သစ်များကို အကောင်အထည်ဖော်နိုင်၍ အဆင့်မြင့် ပညာရပ် များ ဆည်းပူးလေ့လာရမည်။
ပြည်ပခရီး(သို့)ခရီးဝေး သွားရတတ်ပြိး အကြံအစည်အသစ်များကို မိတ်ဆွေကောင်းတို့၏အကူအညီဖြင့် အောင်မြင်မှု ရရှိမည်။မမျော်လင့်ဘဲ သားသမီးများအတွက် ရပ်ဝေး၊နယ်ခြား ကောင်းချင်းခရီးသွားရကိန်းရှိသည်။ရပ်တန်နေသော မိမိလုပ်ငန်း စက်ရုံ၊အလုပ်ရုံ များ ပြန်လည်အသက်ဝင် လှုပ်ရှားနိုင်မည်။
သစ်သီးဝလံများ ရောင်းဝယ်ခြင်း၊ဆန်၊ဆီ၊ဆေးဝါးရောင်းဝယ်ခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ရောင်းဝယ်ခြင်းများ,ကွန်ပျူတာနှင့်တီထွင်ပညာများဆောင်ရွက်ခြင်း၊စိုက်ပျိူးရေး ပစ္စည်းများရောင်းချခြင်း၊ဆက်သွယ်ရေးအပိုပစ္စည်းများရောင်းဝယ်ခြင်းတို့ အကျိူးမြတ်ရရှိမည်။
“(၅)ဂဏန်း နှင့် (၇)ဂဏန်း”၅,၁၄,၂၃ နှင့်ရ,၁၆,၂၅ *ရက် မွေးဖွားသူများ ကြာသပတေး, စနေ သားသမီးနှင့် အလုပ်တူပူပေါင်ဆောင်ရွက်ခြင်း၊ ခရီးတူသွားခြင်း၊ မိမိလုပ်ငန်းခွင့် ရှိ အထူးသတိထား ရှောင့်သင့်၏”(၅)ဂဏန်း နှင့် (၇)ဂဏန်း”ပါသော တိုက်အိမ်,ကား အဝယ်ရှောင့်သင့်၏။ ခိုက်တတ်၍ အိမ်တွင်းအပူသောက ဘေးကြုံတွေ့ရတတ်၏။
အချစ်ရေးနှင့်အိမ်ထောင်ရေး…အိမ်ထောင်ရှင်ဖြစ်ပါက အထူးစံပွင့်သောလဖြစ်သည်။အိမ်ထောင်ရှင်များ သားသမီးရတနာထွန်းကားမည်။ပတ်ဝန်းကျင်ကြောင့်အိမ်တွင်းရေး စကားများတတ်သည်။နှစ်ဖက်မိဘများ သဘောထားကွဲလွဲတတ်သည်။အငယ်နှောင်းထားလိုသူများအတွက် သံယောဇဉ်ဒုက္ခ နှောင်းကြိုးချည်နှောင်ခြင်း ခံရတတ်သည်။
အပျိူ လူပျိူများ အထူးစိတ်ဆန္ဒကို ထိမ်းသိမ့်သင့် ကိုယ်စိတ်ကိုယ်မထိမ်းနိုင်၍ အပျိူရည်၂၀.၄.၂၀၂၃ ကျော်လွန်ပြိး ချစ်မှုရေးရာကိစ္စများ အဆင်ပြေအံ့။
အိမ်တွင်းရေး၊ အိမ်ထောင်ရေး သာယာမှုရှိအံ့။လုပ်ငန်းခွင်တွင်သော်၎င်းလက်တွဲဖော်ချစ်ခင်သောသူများနှင့်တွေ့ကြုံ ရမည်။
ပညာရေး…နိုင်ငံရပ်ခြားပညာရေးများ လေ့လာဆောင်ရွက်ရမည်။စာပေလေ့လာပြိးလုပ်ငန်းခွင် စာမေးပွဲဖြေဆိုလျှင် အထူးခံစားခွင့်ရခြင်း၊ စက်မှုလက်မှုပညာရပ်များတွင် အထူးအောင်မြင်မှုရရှိမည်။
ဧပြီလ “၇”ရက်နေ့ မှ “၂၀”ရက် အတွင်း {နတ်-ဘေးသင့်အံ့/ဘီလူး-သေကြေအံ့} အကျိူးပြစ်ကတော့…( ၇.၄.၂၀၂၃ မှ စ၍ ၂၀.၄.၂၀၂၃)အထိ လုပ်ငန်းခွင်တွင် သတိတရားရှေ့ရှု၍ ဆောင်ရွက်ရမည်။ဆွေမျိုးများ၏သွေးထိုးမှုကြောင့်စီးပွားရေးကျဆင်း သွားတတ်သည်။မိဘအကြီးအကဲများ၏ကျန်းမာရေးပြုစုစောင့်ရှောက်ပေးရတတ်သည်။
လူလိမ်၊ငွေလိမ်ခံရကိန်းရှိသည့်အတွက် သတိပြုရမည်။အဖိုးတန်ရတနာနှင့်စာချုပ်စာတမ်းပစ္စည်းများ ကျပျောက်တတ်ခြင်း၊ အလိမ် ခံရခြင်းများဖြစ်ပေါ်တတ်သည်။အမွေအနှစ်ကိစ္စများဖြေရှင်းရတတ်သည်။နေရာသစ်၊ဝန်းကျင်သစ်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။
သောကြာသားသမီးများ “(၅)ဂဏန်း နှင့် (၇)ဂဏန်း” *ရက် မွေးဖွားသူများ ကံကြမ္မာ ဇာတာ အလွန်အမှောင်ကျ အခက်အခဲမျိူးဆုံ၊ သောကအပူများကြုံတွေ့ရတတ်သည်။ဤရက်မွေးဖွားသူများ (၅)ဂဏန်း နှင့် (၅)ဂဏန်း” ၅,၁၄,၂၃ နှင့်ရ,၁၆,၂၅*ရက် မွေးဖွားသူများ #” အကျိူးပြစ်ကတော့…မိမိလွယ်ကူမည်ဟု ယူဆသောကိစ္စများ အနှောက်အယှက်ပေးခြင်း ခံရမည်။
လုပ်ငန်းခွင်တွင် မသမားသူတို့၏ လိမ်လည်းမှုခံရမည်။စကားမတည်သူများ၊စကားကို ဒွိဟပြောဆိုတတ်သူများနှင့်ကြုံတွေ့ရတတ်သည်ကလေး,အသက်ကြီးပိုင်းများ ကျန်းမာရေးဖောက်ပြန်မှုများမကြာခဏကြုံရတတ်သည်။ရေချိုးမှားခြင်းကြောင့်ရောဂါဖြစ်တတ် သည်။မိဘအကြီးအကဲများ၏ကျန်းမာရေးပြုစုစောင့်ရှောက်ပေးရတတ်သည်။
ချစ်ခရီးကို အတူ တွဲမလျှောက်နိုင်တော့ပဲ လမ်းခွဲရတတ်ပါတယ်။ချစ်သူရဲ့ အမုန်းဒဏ်ကြောင့် ချစ်ဝေဒနာလေးတွေ ခံစားရရှိနိုင်ပါတယ်။အိမ်ထောင်ရေး မသာမယာ ဖြစ်တတ်သည်။ လင်မယား မကြာခဏ စကားများရတတ်သည်။ မုဆိုးမ သို့မဟုတ် မိန်းမကြီးများနှင့် စကားများရတတ်သည်။
အိမ်ထောင်ရှင်များ အိမ်တွင်းရေး မအေးချမ်းနိုင်၊ဖော်လွဲ၊ဖောက်ပြန် မိသားစု ကစဉ်ကလျားဖြစ်တတ်သည်။ဤအသက်ပိုင်းခြားတွေ့က ၅, ၁၃, ၂၁, ၂၉, ၃၇, ၄၅, ၅၃, ၆၁, ၆၉, ၇၇, ၈၅ထိုနှစ် ပိုင်းတွေ့က ..ညံနေအံ။
အနောက်အရပ် ဒေါင့်ဖြစ်သော “ကြာသပတေး” ဒေါင့် သို့ ခရီးမသွားရ။ မကောင်းဆုံးဝါ ဖမ်းစားတတ်သောကြောင့် ချူချူချာချာ ဝေဒနာ များတတ်၏။
ရောင်းဝယ်ဖောက်ခြင်းများ သွားမိလျှင် အကျိူးမပေး ။ခရီးမသွားသင့်သော ရက် ၇၊ ၂၁၊ ၃၀ ထိုရက် ရှောင့်သင့်၏မသွားမဖြစ်သွားရလျှင် ခရီးသွားအန္တရာယ်ကင်းဂါထာတော်ကို (၇)ခေါက်အဓိဌာန်ရွတ်ပွားပြီးခရီးသွားပါ”
မိမိသွားလိုသောခရီး အောင်မြင်ရန်အတွက် အောက်ပါဂါထာကို (၇)ခေါက် ရွတ်ပွားပြီးသွားပါက ဘေးရန်ကင်းစွာဖြင့် လိုရာခရီးကို အောင်မြင်ပါလိမ့်မည်။
???? “ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု၊ ဘူတာနိ သောဟံ နမော၊ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”????
ကျန်းမာရေး…ကျန်းမာရေးဖောက်ပြန်မှုများမကြာခဏကြုံရတတ်သည်။ရေချိုးမှားခြင်းကြောင့်ရောဂါဖြစ်တတ် သည်။၊ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ဆီးချိုခါးနှင့်ပတ်သက်သောရောဂါများ ဂရုစိုက်ပါ
.အထူးအဟော….၁၃၈၄-ခု နှောင်းတန်ခူးလဆုတ်(၁၀)ရက်#ရက်ရာဇာ ဘုရားအနေကဇာတင်ခြင်း၊ရှင်ပြု၊နားသ၊ပရိတ်ရွတ်ဖတ်ခြင်း၊ရေအိုးရေစက်ချလှူခြင်း ဖျော်ရည်လှူဒါန်းခြင်းကောင်း၏။(တနင်္ဂနွေဂြိုဟ်မိဿရာသီပြောင်းပြီးဖြစ်၍ရှင်ပြု၊ စေ့စပ်၊လက်ထပ်၊ ဝိဝါဟမင်္ဂလာ အိမ်ဆောက်၊အိမ်တက်မင်္ဂလာအခါရသည်)(ညစက်၆နာရီ၁၂မိနစ်၈စက္ကန့်တွင် မဟာသင်္ကြန်အကျနေ့ဖြစ်သည်။)
၁၃၈၅-ခု ကဆုန်လဆန်း(၃)ရက်နံနက်(၁ဝး၁၃)နာရီလွန်ကြေးသွန်းလောင်းခြင်း၊ရှင်ပြု၊ပဥ္စင်းခံ၊တိုက်ခန်းဝယ်ခြင်း အစုရှယ်ယာဝင်ခြင်း အသင်းဖွဲ့ခြင်းကောင်း၏။အမွေအနှစ်ကိစ္စအတွက် ဆွေမျိုးများနှင့် အငြင်းပွားပြီးဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိပါက သူများထက်ပိုထိခိုက် တတ်၏။
မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် ကြာသပတေး၊စနေ သားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။ဆောင်ရွက်စရာကိစ္စ ↔ ယခုလတွင်ခရီးသွားခြင်းနှင့် လုပ်ငန်း ကိစ္စအဆင်ပြေရန်အတွက် ကံ့ကော်ညွှန့်၊သစ်ခွပန်း၊သက်ရက်ညွှန့်များကိုဘုရားပူဇော်ပြီးသွားပါ
ကံကောင်စေသောအရောင် – ကြေးနီရောင် အဖြူရောင်၊အပြာနုရောင် အညိုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ {လ,ဝ,သ,င} (၄-၆-၉-၈)အကျိုးပေးသော အရပ် ???? အရှေ့အရပ်
ယတြာ ↔ အိမ်ဘုရားမှ မိမိမွေးနေ့တွင်ရွှေပန်း၊ငွေပန်း၊ဇလပ်ညွှန့်၊ဝါးညွှန့်၊ရွက်လှညွှန့်(၃)ညွှန့်ဘုရားပူဇော်ပေးပါ။ကြေးခွက်ဖြင့် ရေးဖလားကပ်လှူပါ။
ဆွမ်းနှင့်ဆွမ်းဆန်စိမ်း၊ဆေးဝါးထုပ်များလှူပေးပါ။မကောင်းမူ့များရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။ဘာသာရေး ဘုရားတရားများများ လုပ်ပါ။အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများပြုလုပ်ပါ။
ဆရာကြီး မင်းသူရ(မန်းတလေးမြို့)