Knowledge


ဗုဒ္ဓဟူး သားသမီးများအတွက် 1.4.2023 မှ 30.4.2023 အထိ Aprilလ တစ်လစာ အထူးဟောစာတမ်း

ဗုဒ္ဓဟူး သားသမီးများသည် ဧပြီလတွင်သားသမီးများထီပေါက်သလို ငွေအလုံးအခဲများစွာ ဝင်လာတတ်သည်။မိမိကံဇာတာ

ကောင်းစေလိုရန်အတွက်ကာ ယကံ၊ဝစီကံများ ကို ထိန်းသိမ်းသင့်၏။ရတနာ သုံးပါး ဆရာ,မိဘအရိပ် ခိုသင့် လိုက်နာဆောင်ရွင့်သင့် ကာလဖြစ်သည်။ဘဝ အဆိုးအကောင်း အကျိူးအကြောင်းကို ပိုင်းဖြတ်မည် ကာလပင်ဖြစ်သည်။

အလုပ်အကိုင်ပြောင်းရွှေ့ လုပ်ကိုင်ခြင်းများကောင်းသည်။သူတစ်ပါးအတွက်အကျိုးပေးသောကိစ္စများ ဦးတည်ချက်ပြောင်းပြီး ဆောင်ရွက်ခြင်းဖြင့် အောင်မြင်ခြင်းကံကိုရတတ်သည်။ပြည်တွင်းပြည်ပခရီးသွားရကိန်းရှိသည်။

အိမ်၊ခြံ၊မြေနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း ရေလုပ်ငန်းလုပ်ခြင်း၊မွေးမြူးရေးလုပ်ငန်းလုပ်ခြင်း၊ဆိုင်းဘုတ်၊တံတားပြုပြင်ခြင်း၊ ခရီး သွားလာ ဝန် ဆောင်မှုလုပ်ငန်းများ အကျိူးမြတ်ရရှိမည်။ငွေကြေးကိုစည်းကမ်း နှင့်စနစ်တကျသုံးစွဲပါကမှ စုဆောင်းရနိုင်သည်။အိမ်၊ ခြံ၊ မြေများကို ရင်းနှီးမြှုပ်နှံ ရောင်းဝယ်ခြင်းအကျိုးအမြတ်ရရှိမည်။

နှစ်ဖက်မိဘဆွေမျိုးသားချင်း နှင့် မိတ်သင်္ဂဟများမိမိကိုအကူအညီများပေးမည်။ အိမ်၊ခြံ၊မြေအဆောက်အဦးများဝင်လာတတ်သည်။ပြည်ပနိုင်ငံကူး အလုပ်ပြောင်းခြင်းများဖြစ်ပေါ် အကောင်အထည်ဖော်မည်။

ဗုဒ္ဓဟူး သားသမီးများ စနေ, တနင်္ဂနွေ သားသမီးနှင့် အလုပ်တူပူပေါင်ဆောင်ရွက်ခြင်း၊ခရီးတူသွားခြင်း၊ မိမိလုပ်ငန်းခွင့် ရှိ အထူးသတိထားရှောင့်သင့်၏
“(၁)ဂဏန်း နှင့် (၇)ဂဏန်း” ပါသော နံပါတ်၊အိမ်, ပစ္စည်း- ထွန်းစက်,ဓါးစက်,နွား,နာရီ, အဝယ်ရှောင့်သင့်၏။ခိုက်တတ်၍ အိမ်တွင်းအပူသောက ဘေးကြုံတွေ့ရတတ်၏။

အချစ်ရေးနှင့်အိမ်ထောင်ရေး…အချစ်ကိုဖွင့်ပြောရန်ဝန်လေးပြီးနှုတ်နှေးခြင်းကြောင့် တစ်ပါးသူလက်သို့ချစ်သူပါသွား တတ်သည်။အချစ်ရေးတွင် မိသားစုအပေါ် နားလည်းပေးမည့်သူ တွေ့ဆုံခြင်းနှင့် မဂ်လာအမှုကိစ္စများပြုလုပ်ရပါလိမ့်မည်။အိမ်ထောင်ရှင်များ စိတ်သဘောထားကိုက်ညီပြီး သာယာသော အိမ် ထောင်ဖြစ်မည်။အိမ်ထောင်ရှင်များရံဖန်ရံခါစကားငြင်းဆိုမှုများပတ်ဝန်းကျင်ကြောင့်ပေါ်လာမည်။အပျော်အပါး လိုက်စားခြင်းကြောင့် မိမိဂုဏ်သိက္ခာကျဆင်းတတ်သည်။

ပညာရေး…လူငယ်လူရွယ်များ ဦးတည်ချက်ထားပြိး သင်ကြားပါ။ပညာရေးတွင် နိုင်ငံရပ်ခြားဘာသာရပ်မှထူးချွန်ထက်မြက်မည်။ပြည်တွင်းပြည်ပ ပညာ သင် သွားရကိန်းကြုံတတ်သည်။စိတ်ပြန့်လွင့်မှုကြောင့်စာမေးပွဲဖြေဆိုရာတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမည်။အသက်မွေးကြောင်းပညာကို ဦးစားပေးပါဟု အကြံပြု၏။

ဧပြီလ “၁၉”ရက်နေ့ မှ “၂၆”ရက် အတွင်း{နတ်-ဘေးသင့်အံနှင့် ဒွန်းစတား – ဒု​က္ခတွေ့အံ့}အကျိူးပြစ်ကတော့…လှုပ်လှုပ်ရှားရှားနဲ့ နားနေရတယ်လို့မရှိဘူး လို့ထင်ရလောက်အောင် အလုပ်တွေများနေလိမ့်မည်စိတ်ဖိစီးမှုတွေလည်းများမည်။စိတ်ကူးထားသော လုပ်ငန်းများ နှောင်နှေး မှောင်နှေးတတ်၏။စိတ်ဖိစီးမှုများတွေ့ကြုံရတတ်သည်။

ကျန်းမာရေး ရောဂါခံရှိသူများ ဖြစ်ပါက သက်သာမှုရှိအောင်သာ ဆေးဝါကုသနိုင်သည် ကာလဖြစ်၏။မထင်မှတ်ဘဲ သူတစ်ပါး၏အစွပ်စွဲခံရ တတ်သည်။
စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။ဖခင်၊ အစ်ကိုတို့နှင့်ပတ်သက်၍ စိတ်ဆင်းရဲစရာများ ကြုံတွေ့ရတတ်သည်။

ဗုဒ္ဓဟူး သားသမီးများ “(၁)ဂဏန်း နှင့် (၈)ဂဏန်း” ရက် မွေးဖွားသူများ ကံကြမ္မာ ဇာတာ အလွန်အမှောင်ကျ အခက်အခဲမျိူးဆုံ၊ သောကအပူများကြုံတွေ့ရတတ်သည်။ဤရက်,ဂဏန်း မွေးဖွားသူများ (၁)ဂဏန်း *၁၊၁၀၊၁၉၊၂၈* နဲ့(၈)ဂဏန်း” နှင့် *၈၊၁၇၊၂၆* ရက် #”အကျိူးပြစ်ကတော့…ပြည်ပ ဗီဇာသတ်တမ်းလွန်ခြင်း ပေါ့ဆမှု၊လိမ်လည်ပြိး ပြည်ပအောက်လမ်း သွားရောက်အလုပ်လုပ်ရာတွင် အထူးသတိထားပါ။

စီးပွားရေးကိစ္စများနှင့်ပတ်သက်၍ အမှားများနှင့်ရင်ဆိုင်ရမည်။ငွေကြေး ဆုံးရှုံးနိုင်ချေ လည်းရှိပြီး မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ လိုပါမယ်။အငြင်းပွားစရာများ၊ဆုံးရှုံးနစ်နာစရာများနှင့်ကြုံတွေ့ရမည်။သူများပြောသော စီးပွားရေးကို မကျွမ်းကျင်ပါက အိမ်ထောင်ဘက်လင်မယား နှစ်ယောက်စလုံးမပြုလုပ်ကြဖို့ လိုအပ်ပါတယ်။

မကျွမ်းကျင်သော စီးပွားရေး ပြုလုပ်မိ၍ စီးပွားပျက်တက်လို့ သတိထားဖို့ လိုအပ်ပါတယ်။ငွေချေးခြင်း ၊ ကြားက အာမခံ ပေးခြင်း မပြုပါနှင့်။အချိူ့နယ်မြေ့ဒေသများတွင် အေးချမ်းမှုမရှိ ပြင်းထန်းသော တိုက်ခိုက်မှု,လုယှက်မှု,ကြုံတွေ့ရတတ်၏။အိမ်ထောင်ရှင်များကတော့ မိမိ၏ အိမ်ဦး,ဇနီး,လင်ကျော်းအပေါ် သစ္စာရှိကြပါ။

ပြတ်ဆဲတတ်သောကိန်း ကြုံတွေ့ရတတ်၏။အိမ်ထောင်ရေးကြောင့် မိမိဂုဏ်သိက္ခာကျဆင်းတတ်သည်။မေတ္တာ မပျက်ရုံသာ ပြောဆိုဆက်ဆံနေထိုင်သင့်သည်။အိမ်ထောင်ရေး ပြဿနာများ ကြုံတွေ့ရတတ်သည်။လူ့ပယောဂ နတ်ပယောဂ မကင်းတတ်ပေ။ဆေးဝါး၊နတ်ပယောဂ၊စုန်းတိုက်၊အောက်လမ်းပယောဂတို့ဖြင့် တိုက်ခိုက်မှုခံရတတ်သည်။

ဤအသက်ပိုင်းခြားတွေ့က ၆,၁၄, ၂၂, ၃၀,၃၈,၄၆, ၅၄, ၆၂, ၇၀, ၇၈, ၈၆ထိုနှစ် ပိုင်းတွေ့က ..ညံနေအံ။မြောက်အရပ် ဒေါင့်ဖြစ်သော {ဗုဒ္ဓဟူး} ဒေါင့် သို့ ခရီးမသွားရ။ မကောင်းဆုံးဝါ ဖမ်းစားတတ်သောကြောင့် ချူချူချာချာ ဝေဒနာ များတတ်၏။ရောင်းဝယ်ဖောက်ခြင်းများ သွားမိလျှင် အကျိူးမပေး ။

ခရီးမသွားသင့်သော ရက် ၅၊ ၂၆၊ ၂၉၊ ၃၀ ထိုရက် ရှောင့်သင့်၏မသွားမဖြစ်သွားရလျှင် ခရီးသွားအန္တရာယ်ကင်းဂါထာတော်ကို (၇)ခေါက်အဓိဌာန်ရွတ်ပွားပြီးခရီးသွားပါ”မိမိသွားလိုသောခရီး အောင်မြင်ရန်အတွက် အောက်ပါဂါထာကို (၇)ခေါက် ရွတ်ပွားပြီးသွားပါက ဘေးရန်ကင်းစွာဖြင့် လိုရာခရီးကို အောင်မြင်ပါလိမ့်မည်။

???? “ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု၊ ဘူတာနိ သောဟံ နမော၊ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”????

ကျန်းမာရေး…ကျန်းမာရေးတွင် စိတ်ဖီစိးမှု စိတ်ရောဂါ, မျက်စိရောဂါ၊ အားကြောအားနည်းခြင်း,စိတ်ဓာတ်ကျရောဂါ၊ရောဂါအခံရှိသောသူများ ရောဂါဟောင်းများ ပြန်လည်ပေါ်တတ်သည်။

.အထူးအဟော….၂ဝ၂၃-ခုနှစ် ဧပြီလ(၅)ရက် နှောင်းတန်ခူးလဆုတ်(၁)ရက်စေတီပုထိုးပြုပြင်ခြင်း၊ရှင်ပြု၊နားသ၊စေ့စပ်၊လက်ထပ်၊အိမ်ပြောင်း၊ထီထိုထိုး၊ခွဲစိတ်ကုသမှုခံယူခြင်း၊အိမ်သစ်တက်၊ဆိုင်းဘုတ်တင် ခြင်း၊အချစ်ရေးစကားပြောဆိုခြင်းကောင်း၏။

၁၃၈၄-ခု နှောင်းတန်ခူးလဆုတ်(၈)ရက်ပဥ္စင်းခံ၊စေ့စပ်၊ပန္နက်ရိုက်၊ ကျင်းတူး၊အုတ်မြစ်ချ၊ထီထိုး၊မဏ္ဍပ်ဆောက်၊ဆေးဖော်၊ဆေးခန်းဖွင့်၊ကုမ္ပဏီထူထောင်ခြင်း၊အချစ်ရေးစကားပြောဆိုခြင်းကောင်း၏။

၁၃၈၅-ခု ကဆုန်လဆန်း(၈)ရက် ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊စေ့စပ်၊လက်ထပ်၊ဝိဝါဟမင်္ဂလာ၊ရေတွင်းရေကန်တူးခြင်း အဝီစိတွင်းတူးခြင်း၊မြေသန့်မင်္ဂလာ၊ခရီးသွားလာခြင်းကောင်း၏။ငွေကြေးအလိမ်ခံရခြင်း ယာဉ်မောင်းနှင်ခြင်း စီးခြင်းများဂရုစိုက်ရမည်။ပွဲလမ်းသဘင်နှင့် လူနေထူထပ်သော နေရာများတွင်သွားလာခြင်း သတိထားရမည့်ဖြစ်သည်။

မိမိပိုင်ဆိုင်သော ပစ္စည်းများငှားရမ်းခြင်းကိစ္စများသတိထားဆောင်ရွက်ပါ။အထူးသဖြင့် ကျန်းမာရေး နှင့် ညီညွတ်သည့် အလုပ်အကိုင်များ ပြုလုပ်ရမည်။
မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် တနင်္ဂနွေ၊စနေသားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

ဆောင်ရွက်စရာကိစ္စ ↔ ယခုလတွင်ခရီးသွားခြင်းနှင့် လုပ်ငန်း ကိစ္စအဆင်ပြေရန်အတွက် အရှေ့အရပ်မျက်နှာမူကာ သီးညွှန့် သနပ်ခါးညွှန့်၊ သစ္စာပန်းများကိုဘုရားပူဇော်ပြီးသွားပါ။ကံကောင်စေသောအရောင် – အစိမ်းရောင်၊ကြေးနီရောင်၊ဖက်ဖူးရောင်၊ ဆင်စွယ်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ {သ,ဟ,ဗ,ခ,}(၆-၅-၂-၄)အကျိုးပေးသော အရပ် ???? တောင်အရပ် အိမ်ပြောင်း၊ထီထိုး၊ခွဲစိတ်ကုသမှုခံယူခြင်း၊အိမ်သစ်တက်၊ဆိုင်းဘုတ်တင် ခြင်း၊ဆေးခန်းဖွင့်ကောင်း၏။

ယတြာ ↔ ဤ မိမိမွေးနေနံကျတဲ့ နေ့ တစ်ရက် ရွက်လှညွန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေတော် အားလုံး သက်စေ့ သပ္ပါယ်,ကပ်လှူ၊ ထွန်းပူဇော် ဆုတောင်းပါ။နှစ်ဆန်းတစ်ရက်နေ့ လိမ္မော်ဖျော်ရည် လမ်းဘေး လူအသွားအလာ ဒါနပြု ကုသိုလ်ယူပါ။

မကောင်းမူ့များရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။ဘာသာရေး ဘုရားတရားများများ လုပ်ပါ။
အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများပြုလုပ်ပါ။

ဆရာကြီးမင်းသူရ (ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)မန္တလေးမြို့။