သင့်အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေမှာ အရေးကြောင်းတွေထွက်ပေါ်လာပါတယ်။
အရေးကြောင်းတွေထွက်လာတာဟာ အသက်အရွယ်ကြောင့်ဆိုပေမယ့် အရွယ်မတိုင်ခင် အရေးကြောင်းဖြစ်ပြီး အိုမင်းရင့်ရော်မှုကို
ကာကွယ်ဖို့အတွက် သင့်အရေးကြောင်းတွေကို လျှော့ ချပေးနိုင်မယ့် သဘာဝနည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်။
၁။ နေရောင်ချည်ထိတွေ့မှုကို ရှောင်ကျဉ်ပါ နေရောင်ချည်ထိတွေ့တာဟာ သင့်အသားအရေကို ညိုမည်း စေရုံသာမက၊ အမြန်ဆုံး အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် နေရောင်ချည်ထိတွေ့တာကိုရှောင်ပါ။
၂။ ဆေးလိပ်မသောက်ပါနဲ့ ဆေးလိပ်သောက်တာဟာ ကျန်းမာရေးအတွက်သာမက အသားအရေအတွက်ပါ ဆိုးကျိုးဖြစ်စေပြီး သင့်အသားအရေကို အရေးကြောင်းတွေဖြစ်ပေါ်စေပါတယ်။
၃။ ချွေးချွတ်ပေးပါ သင့်မျက်နှာအသားအရေကို သေချာသန့်စင်ပေးသင့်ပါတယ်။အသက် ၃၀ ကျော်လာပြီဆိုရင် သင့်မျက်နှာအသားအရေကို သေချာဂရုစိုက် ပါ။
မိတ်ကပ်၊ ဖုန်၊ ချွေးနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ကျယ်စေပြီး ဆဲလ်သေတွေဖြစ်ပေါ်လာကာ သင့်အသားအရေကို အရေးကြောင်းတွေဖြစ်ပေါ်လာစေပါတယ်။
၄။ အနားယူပါ တစ်နေ့ကို အနည်းဆုံး ၇နာရီလောက် အိပ်ပေးသင့်ပါတယ်။
အိပ်ရေး၀၀အိပ်တာဟာ သင့်အသားအရေ အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်သလို မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖြစ်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ဒါ့ကြောင့် ကောင်းကောင်းအိပ်စက်ပါ။
၅။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင်စားပါ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင်စားတာဟာ သင့် အသားအရေကို စိုပြေစေပါတယ်။ အသီးအရွက်၊ ငါး၊ နှံစားသီးနှံတွေစားပါ။
သဘာဝပေါင်းတင်နည်း ကြက်ဥအကာ ၁ လုံးနဲ့ အုတ်ဂျုံနည်းနည်းရောပြီး သေချာမွှေကာ မျက်နှာပေါ်မှာ မိနစ် ၂၀ လောက်လိမ်းထားပေးပါ။ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ အဲဒီနောက် ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။
သင့္အသက္အ႐ြယ္ရလာတာနဲ႕အမွ် အသားအေရမွာ အေရးေၾကာင္းေတြထြက္ေပၚလာပါတယ္။
အေရးေၾကာင္းေတြထြက္လာတာဟာ အသက္အ႐ြယ္ေၾကာင့္ဆိုေပမယ့္ အ႐ြယ္မတိုင္ခင္ အေရးေၾကာင္းျဖစ္ၿပီး အိုမင္းရင့္ေရာ္မႈကို
ကာကြယ္ဖို႔အတြက္ သင့္အေရးေၾကာင္းေတြကို ေလွ်ာ့ ခ်ေပးနိုင္မယ့္ သဘာဝနည္းလမ္းေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္။
၁။ ေနေရာင္ခ်ည္ထိေတြ႕မႈကို ေရွာင္က်ဥ္ပါ ေနေရာင္ခ်ည္ထိေတြ႕တာဟာ သင့္အသားအေရကို ညိုမည္း ေစ႐ုံသာမက၊ အျမန္ဆုံး အိုမင္းရင့္ေရာ္ေစပါတယ္။ ဒါ့ေၾကာင့္ ေနေရာင္ခ်ည္ထိေတြ႕တာကိုေရွာင္ပါ။
၂။ ေဆးလိပ္မေသာက္ပါနဲ႕ ေဆးလိပ္ေသာက္တာဟာ က်န္းမာေရးအတြက္သာမက အသားအေရအတြက္ပါ ဆိုးက်ိဳးျဖစ္ေစၿပီး သင့္အသားအေရကို အေရးေၾကာင္းေတြျဖစ္ေပၚေစပါတယ္။
၃။ ေခြၽးခြၽတ္ေပးပါ သင့္မ်က္ႏွာအသားအေရကို ေသခ်ာသန႔္စင္ေပးသင့္ပါတယ္။အသက္ ၃၀ ေက်ာ္လာၿပီဆိုရင္ သင့္မ်က္ႏွာအသားအေရကို ေသခ်ာဂ႐ုစိုက္ ပါ။
မိတ္ကပ္၊ ဖုန္၊ ေခြၽးနဲ႕ အညစ္အေၾကးေတြေၾကာင့္ ေခြၽးေပါက္က်ယ္ေစၿပီး ဆဲလ္ေသေတြျဖစ္ေပၚလာကာ သင့္အသားအေရကို အေရးေၾကာင္းေတြျဖစ္ေပၚလာေစပါတယ္။
၄။ အနားယူပါ တစ္ေန႕ကို အနည္းဆုံး ၇နာရီေလာက္ အိပ္ေပးသင့္ပါတယ္။
အိပ္ေရး၀၀အိပ္တာဟာ သင့္အသားအေရ အိုမင္းရင့္ေရာ္မႈကေန ကာကြယ္ေပးနိုင္သလို မ်က္ကြင္းညိုျခင္း၊ မ်က္အိတ္ျဖစ္ျခင္းကေနလည္း ကာကြယ္ေပးပါတယ္။ဒါ့ေၾကာင့္ ေကာင္းေကာင္းအိပ္စက္ပါ။
၅။ က်န္းမာေရးနဲ႕ ညီၫႊတ္မွ်တေအာင္စားပါ က်န္းမာေရးနဲ႕ ညီၫႊတ္မွ်တေအာင္စားတာဟာ သင့္ အသားအေရကို စိုေျပေစပါတယ္။ အသီးအ႐ြက္၊ ငါး၊ ႏွံစားသီးႏွံေတြစားပါ။
သဘာဝေပါင္းတင္နည္း ၾကက္ဥအကာ ၁ လုံးနဲ႕ အုတ္ဂ်ဳံနည္းနည္းေရာၿပီး ေသခ်ာေမႊကာ မ်က္ႏွာေပၚမွာ မိနစ္ ၂၀ ေလာက္လိမ္းထားေပးပါ။ၿပီးရင္ ေရႏြေးနဲ႕ေဆးခ်လိဳက္ပါ။ အဲဒီေနာက္ ခရင္မ္တမ်ိဳးမ်ိဳးလိမ္းေပးထားပါ။