Health Care

ဘယ်အချိန် ၊ ဘယ်နေရာပဲရောက်ရောက် မျက်နှာပေါင်းတင်ဖို့ အကောင်းဆုံး သစ်သီး ၇ မျိုး

ဘယ်အချိန်၊ ဘယ်နေရာပဲရောက်ရောက် မျက်နှာပေါင်းတင်ဖို့ အကောင်းဆုံး သစ်သီး ၇ မျိုး

အသားအရေကို ပုံမှန်ထိန်းသိမ်းမှုတွေပြုလုပ်ဖို့ လိုအပ်ရုံသာမက တစ်ခါတလေမှာ ပေါင်းတင်တာမျိုးလေးတွေပြုလုပ်ပြီး အားဖြည့်ပေးရပါတယ်။ ကြည်လင်ပြီး ပျိုမျစ်တဲ့ အသားအရေကို ရရှိပိုင်ဆိုင်ချင်ရင် အိမ်မှာတင် ပြုလုပ်လို့ရနေပါပြီ။ ခရီးသွားတဲ့အခါတွေပဲဖြစ်ဖြစ်၊ ပွဲတက်စရာရှိတဲ့အခါတွေမှာပဲဖြစ်ဖြစ် Mask ဝယ်ဖို့ အချိန်မရခဲ့ရင် ဒီသစ်သီးလေးတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။

သဘာဝ ပစ္စည်းလေးတွေဖြစ်တာကြောင့် မတည့်မှာတွေကို ဘာမှစိုးရိမ်စရာမရှိသလို၊ ပုံမှန်လေးအသုံးပြုပေးခြင်းဖြင့် ကျန်းမာစိုပြည်တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ (၁) သင်္ဘောသီး – သင်္ဘောသီးဟာ ဝက်ခြံကို တိုက်ထုတ်နိုင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဗီတာမင် အေ၊ စီ၊ အီး၊ hydroxy acid, papain, နဲ့ potassium တို့ဟာ မွဲခြောက်ခြောက်ဖြစ်နေတဲ့အသားအရေနဲ့ အိုမင်းရင့်ရော်မှုတွေကို ပျောက်ကင်းစေပါတယ်။ ဒါကြောင့် ကြည်လင်ဝင်းပပြီး ဖြူဝင်းလာစေမှာပါ။ အသုံးပြုပုံကတော့ သင်္ဘောသီးကို ကြိတ်ပြီးမျက်နှာပေါ်လိမ်းပေးကာ နာရီဝက်အကြာမှာ ရေဆေးပေးရုံပါပဲ။

(၂) ပန်းသီး – ပနး်သီးဟာ ဗီတာမင် အေ၊ စီ၊ ကော့ပါးတွေပါဝင်တာကြောင့် သင့်ရဲ့အသားအရေကို အများကြီးလှပစေမှာပါ။ ပျက်စီးသွားတဲ့အသားအရေတွေကို ပြန်လည်ပြုပြင်ပြီးအားဖြည့်ပေးနိုင်တာကြောင့် ခရီးကပြန်လာတဲ့အချိန်တွေ၊ တစ်နေကုန်အပြင်ထွက်ပြီး နေလောင်ထားသူတွေနဲ့၊ အသားအရေပျက်စီးနေတဲ့သူတွေ အသုံးပြုဖို့ အကောင်းဆုံး သစ်သီးဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ကြိတ်ထားတဲ့ပနး်သီးကို မျက်နှာမှာလိမး်ပြီး မိနစ် ၂၀ ခန့်အကြာမှာရေဆေးပေးလိုက်ရုံပါပဲ။

(၃) ထောပတ်သီး – ထောပတ်သီးဟာ Antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကို တားဆီးကာကွယ်ပေးပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ပျော့ပျောင်းနေစေပါတယ်။ (၄) ငှက်ပျောသီး – ငှက်ပျောသီးဟာ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ ဆေးစွမး်တစ်လက်ဖြစ်ပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ် ကြွယ်ဝစွာပါဝတာကြောင့် အသားအရေမှာလိုအပ်တဲ့ အာဟာရတွေကို ပေးစွမး်နိုင်ပါတယ်။ အသားအရေလှပချင်တဲ့သူတိုင်း အသုံးပြုပေးသင့်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ငှက်ပျောသီးကို ချေမွပြီး မျက်နှာမှာလိမ်းပေးကာ နာရီဝက်အကြာမှာ ရေဆေးပေးလိုက်ရုံပါပဲ။

(၅) သခွားသီး – သခွားသီးဟာ အသားအရေကို အေးမြစေတာ အားလုံးအသိဖြစ်မှာပါ။ နေလောင်တဲ့အသားအရေအတွက် အကောင်းဆုံးကတော့ သခွားသီးပဲဖြစ်ပါတယ်။ မျက်ကွင်းညိုတာတွေကိုလည်း သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးစွမး်ကောင်းတစ်လက်ဖြစ်ပါတယ်။

သခွားသီးကို ပါးပါးလှီးပြီးမျက်နှာမှာကပ်ထားပေးရုံပါပဲ။ (၆) မုန်လာဥနီ – မုန်လာဥနီဟာ ပုံမှန်အသားအရေနဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်တဲ့ သစ်သီးဖြစ်ပါတယ်။ ဗီတာမင် အေနဲ့ antioxidant ကြွယ်ဝပြီး အသားအရေကို တောက်ပစေတဲ့ ဗီတာမင်စီလည်းပါဝင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုလညး် ပြည့်ဝစွာ ဖြည့်တင်းပေးနိုင်ပါတယ်။

ကြိတ်ပြီး ရလာတဲ့အနှစ်ကိုလိမ်းကာ မိနစ် ၂ဝအကြာမှာ ရေဆေးလိုက်ရုံပါပဲ။ (၇) စတော်ဘယ်ရီ – စတော်ဘယ်ရီသီးဟာလည်း အသားအရေအတွက်အရမး်ကို ကောင်းမွန်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ အလှကုန်တွေနဲ့ဓာတ်မတည့်လို့ဖြစ်တဲ့ အသားအရေပြသနာတွေကိုလည်း ကုသပေးနိုင်စွမး်ရှိပါတယ်။

အဆီပြန်တဲ့အသားအရေနဲ့ ဝက်ခြံထွက်တဲ့အသားအရေတွေအတွက် အထူးသင့်လျော်ပါတယ်။ ကြိတ်ပြီး ရလာတဲ့အနှစ်ကိုလိမ်းကာ မိနစ် ၂၀ အကြာမှာရေဆေးပေးရုံပါပဲ။ဘယ်နေရာ ဘယ်ချိန်ရောက်ရောက် အလွယ်တကူရနိုင်တဲ့ သစ်သီး လေးတွေနဲ့ ကိုယ့်အသားအရည်လေးတွေကို ထိန်းသိမ်းကြရအောင်နော်…….။

credit ; orginal