ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့လည်း ပြောလို့ရပါတယ် ။ အသားအရေကို ဂရုစိုက်သလို ဆံပင်ကိုလည်း ဂရုစိုက်
သင့်ပါတယ် ။ ဆံပင်ကျွတ်တာ ၊ ပါးလာတာ ၊ ကြမ်းတာ ၊ ပျက်စီးတာတွေဟာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး ။ မိမိရဲ့ အမှား
တွေကြောင့် ဖြစ်လာရတာပါ ။ ဒီအမှားတွေကိုလည်း အများစုဟာ မသိဘဲ ပုံမှန်လုပ်ဆောင်နေရင်း ဆံပင်က တဖြေးဖြေးနဲ့ ပျက်စီး
လာရပါတယ် ။
၁။ခဏခဏခေါင်းဖြီးခြင်း
ဆံပင်ကို သပ်သပ်ရပ်ရပ်လေးဖြစ်ချင်လို့ ခဏခဏ ခေါင်းဖြီးတာကို နားလည်ပါတယ် ။ အချို့မိန်းကလေးတွေဆိုရင် ဘာမဆိုင်၊ညာမဆိုင် အားတိုင်းကို ဘီးဖြီးနေတတ်ပါတယ် ။ ဒီလို ဆံပင်ကို ခဏခဏ ခေါင်းဖြီးခြင်းက ဆံပင်ကို အားနည်းအောင် လုပ်နေသလိုပါပဲ။
၂။ခေါင်းခဏခဏလျှော်ခြင်း
ခဏခဏ ခေါင်းလျှော်တဲ့အခါ ဆံပင်အတွက် လိုအပ်တဲ့ဆီတွေ မရှိတော့ဘဲ နည်းပါးလာပါတယ် ။ တကယ်လို့ အဲ့လို လျှော်တတ်တဲ့ အကျင့်ကို မဖျောက်နိုင်ဘူးဆိုရင်တော့ ဗီတာမင်အီးလို ဆီလိမ်းပေးဖို့တော့ လိုပါမယ် ။ ကိုယ့်ရဲ့ ဦးရေပြား ၊ဆံပင်ပေါ် မူတည်ပြီး တစ်ပါတ်ကို ၃ကြိမ်အထိ ခေါင်းလျှော်လို့ ရပါတယ် ။
၃။ဆံပင်စိုနေချိန် ကြမ်းတမ်းစွာသုတ်ခြင်း ၊ ဖြီးခြင်း
ခေါင်းလျှော်ပြီး စိုနေတဲ့အချိန်မှာ သဘက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်း ၊ ခေါင်းဖြီးခြင်း ၊ အပူပြင်းပြင်းဖြင့် ခြောက်သွေ့အောင် လုပ်ခြင်းတွေကို ရှောင်ပါ ။ အနည်းငယ် ခြောက်သွားတော့မှ ခေါင်းဖြီးခြင်း ကို ပြုလုပ်သင့်ပါတယ် ။ ဆံပင်အစိုကြီးကို သဘက်ဖြင့် ဖုံးအုပ်ထားတာမျိုးတွေ မပြုလုပ်သင့်ပါဘူးနော်။
၄။Conditioner ကို Shampoo လို သုံးခြင်း
ပျော့ဆေး (conditioner) ကို ခေါင်းလျှော်ရည်လို အများကြီး သုံးစရာ လုံးဝမလိုပါဘူး ။ အများကြီး အသုံးပြုခြင်းက ကြာလာတဲ့အခါမှာ ဦးရေပြားကို အဆီပိုထွက်စေပါတယ် ။ conditioner ကို ခေါင်းတစ်ခုလုံးကို လိမ်းစရာမလိုဘဲ ဆံပင်အဖျားတွေကိုသာ လိမ်းပေးရမှာပါ ။
၅။Conditioner မသုံးခြင်း
အပေါ်မှာ ပြောခဲ့သလို အလွန်အကျွံသုံးစွဲခြင်းက မကောင်းသလို လုံးဝမသုံးဘဲလည်း မနေသင့်ပါဘူး ။ ဆံပင်ကို အစိုဓါတ်ဖြည့်ပေးခြင်းနဲ့ ပျက်စီးခြင်းတွေ မဖြစ်စေဖို့ ခေါင်းလျှော်ပြီးတိုင်း conditioner သုံးသင့်ပါတယ် ။
၆။ရေပူဖြင့်လျှော်ခြင်း
ရေပူဖြင့် ခေါင်းလျှော်ခြင်းက ဆံပင်မှာရှိတဲ့ အဆီတွေကို ခမ်းခြောက်သွားစေပြီး ဆံပင် ပျက်စီးစေနိုင်ပါတယ် ။ ဆံပင်သန်စွမ်းမှုနှင့် အရောင်အသွေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် ရေပူဖြင့် ခေါင်းလျှော်တတ်တဲ့သူတွေ သတိထားသင့်ပါတယ်နေ်ာ။
၇။သာရေကွင်းဖြင့်စီးခြင်း
ဆံပင်မခြောက်ခင် အချိန်မှာ သာရေကွင်းနဲ့ ခေါင်းစီးတာမျိုး လုံးဝ မလုပ်ပါနဲ့ ။ ဆံပင်ပုံစံကိုပါ ထိခိုက်ပျက်စီးလာနိုင်ပါတယ် ။ လိုအပ်ရင် ကလစ်ကိုသာ အသုံးပြုပေးပါ။
၈။အပူခံပစ္စည်းများ မသုံးခြင်း
ဆံပင်ဖြောင့်တာ ၊ ကောက်တာ ၊ dryer ခဏခဏ မှုတ်တတ်တဲ့သူတွေဆိုရင် အဲ့ဒါတွေ အကုန်လုံးမလုပ်ခင်မှာ အပူခံ စပရေးလို ပစ္စည်းလေးတွေကို အသုံးပြုသင့်ပါတယ် ။ အပူတွေက ဆံပင်ကို ဘယ်လောက်ပျက်စီးစေလဲဆိုတာ သိပြီးသား ဖြစ်မှာပါနော် ။ ဆံပင် ပျက်စီးမှု နည်းနိုင်သလောက် နည်းအောင် အပူနဲ့ထိတော့မယ့်အခါ အပူခံ စပရေးလေးတွေကို သုံးပေးဖို့တော့ လိုပါမယ်။
CHAN (ရွှေအင်းလေး)
Unicode
ဆံပင်နဲ့ပတ်သတ်ပြီး လုံးဝမပြုလုပ်သင့်သော၊ မမှားသင့်သော အချက်များ
ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့လည်း ပြောလို့ရပါတယ် ။ အသားအရေကို ဂရုစိုက်သလို ဆံပင်ကိုလည်း ဂရုစိုက်သင့်ပါတယ် ။ ဆံပင်ကျွတ်တာ ၊ ပါးလာတာ ၊ ကြမ်းတာ ၊ ပျက်စီးတာတွေဟာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး ။ မိမိရဲ့ အမှားတွေကြောင့် ဖြစ်လာရတာပါ ။ ဒီအမှားတွေကိုလည်း အများစုဟာ မသိဘဲ ပုံမှန်လုပ်ဆောင်နေရင်း ဆံပင်က တဖြေးဖြေးနဲ့ ပျက်စီးလာရပါတယ် ။