Knowledge

ယခုခေတ်လူငယ်တွေ လုံးဝ ခံစားဖူးမှာ မဟုတ်တဲ့ တချိန်က ကာလသား သင်္ကြန်အကြောင်း

ယခုခေတ် လူငယ်တွေ လုံးဝ ခံစားဖူးမှာ မဟုတ်တဲ့ တချိန်က ကာလသား သင်္ကြန်အကြောင်း

ရေခွက်လေးနဲ့ တစိမ့်စိမ့်လောင်းပြီး တော်ကီပစ်ရတဲ့ အရသာကို ခုခေတ် ချာတိတ်တွေ ဘယ်သိလိမ့်မလဲ။

အေးစက်နေအောင် ရေခဲရေကို နှပ်ထားပြီး ပုံးသေးသေးလေးကိုင် ခွက်ကလေးနဲ့ အနားကိုကပ်၊

ဒါလေးကုန်အောင်တော့ လောင်းမယ်နော်လို့ အင်ထရိုလေးဝင်

(ဒီကောင် မကုန်အောင် စိမ်လောင်းပြီး လေကြောရှည်တော့မယ်ဆိုတာ သူကလဲသိတယ်။

သင်္ကြန် ဆိုတော့လဲ သိတယ်မဟုတ်လား၊ ခေါင်းလေးပဲ ငြိမ့်ပြတာပေါ့၊ မငြိမ့်ရင်လဲ ဒီမောင်တွေက ပေကပ်နေမှာလေ)

ခေါင်းကနေစပြီး ရေစက်ချသလို မျှဉ်းပြီးလောင်း ကျောထဲထိ စိမ့်နေအောင်လောင်း

အမလေး အမေကြီးရေ အေးပါတယ်တော့ ဆိုပြီး ပခုံးလေးကျုံ့သွား ထွက်မပြေးဘူးဆိုရင် တစ်ဝက်သေချာပြီ။

နာမည်လေးမေး၊ မနက်ဖြန် လာဦးမှာလားလို့မေး၊ အင်း တို့ ဘာတို့ အသံထွက်လာရင် နောက်တဆင့်တက်ပြီးတော့ ဖုန်းနံပါတ်

လေးတောင်း၊

လိပ်စာလေးတောင်း၊ ညဖက်ကျ ဖုန်းကလေးဆက် အဲဒီကနေ ဇာတ်လမ်းတွေ ဒီလို၊ ဒီလို။

အဖေတို့ခေတ်က ဖုန်းတွေရှားတော့ လိပ်စာအဓိကပေါ့လေ။ ကိုယ်တွေခေတ်ကျတော့ မရှားပေမဲ့ မပေါသေးဘူး။

လိုင်းဖုန်းပဲရှိတာ၊ တဆင့်ခေါ်ဖုန်းတွေများတယ်၊ လိပ်စာပဲ အားကိုးရတာပါပဲ။

ဒီလို သင်္ကြန်ဖီလင်တွေ မင်းတို့ကောင်တွေ ဘယ်သိတော့မလဲကွာ၊ ခံစားတတ်မယ်လဲ မထင်ပါဘူး။

ခုခေတ် သင်္ကြန်ဆိုတာ သိတဲ့အတိုင်း ရှော်တီကြီးတွေလဲ မှတ်မိမှာပါ၊ အဟေးဟေး။ UShwe

Zawgyi

ယခုေခတ္ လူငယ္ေတြ လုံးဝ ခံစားဖူးမွာ မဟုတ္တဲ့ တခ်ိန္က ကာလသား သၾကၤန္အေၾကာင္း

ေရခြက္ေလးနဲ႔ တစိမ့္စိမ့္ေလာင္းၿပီး ေတာ္ကီပစ္ရတဲ့ အရသာကို ခုေခတ္ ခ်ာတိတ္ေတြ ဘယ္သိလိမ့္မလဲ။

ေအးစက္ေနေအာင္ ေရခဲေရကို ႏွပ္ထားၿပီး ပုံးေသးေသးေလးကိုင္ ခြက္ကေလးနဲ႔ အနားကိုကပ္၊

ဒါေလးကုန္ေအာင္ေတာ့ ေလာင္းမယ္ေနာ္လို႔ အင္ထရိုေလးဝင္

(ဒီေကာင္ မကုန္ေအာင္ စိမ္ေလာင္းၿပီး ေလေၾကာရွည္ေတာ့မယ္ဆိုတာ သူကလဲသိတယ္။

သၾကၤန္ ဆိုေတာ့လဲ သိတယ္မဟုတ္လား၊ ေခါင္းေလးပဲ ၿငိမ့္ျပတာေပါ့၊ မၿငိမ့္ရင္လဲ ဒီေမာင္ေတြက ေပကပ္ေနမွာေလ)

ေခါင္းကေနစၿပီး ေရစက္ခ်သလို မၽွဥ္းၿပီးေလာင္း ေက်ာထဲထိ စိမ့္ေနေအာင္ေလာင္း

အမေလး အေမႀကီးေရ ေအးပါတယ္ေတာ့ ဆိုၿပီး ပခုံးေလးက်ဳံ႕သြား ထြက္မေျပးဘူးဆိုရင္ တစ္ဝက္ေသခ်ာၿပီ။

နာမည္ေလးေမး၊ မနက္ျဖန္ လာဦးမွာလားလို႔ေမး၊ အင္း တို႔ ဘာတို႔ အသံထြက္လာရင္ ေနာက္တဆင့္တက္ၿပီးေတာ့ ဖုန္းနံပါတ္ေ

လးေတာင္း၊

လိပ္စာေလးေတာင္း၊ ညဖက္က် ဖုန္းကေလးဆက္ အဲဒီကေန ဇာတ္လမ္းေတြ ဒီလို၊ ဒီလို။

အေဖတို႔ေခတ္က ဖုန္းေတြရွားေတာ့ လိပ္စာအဓိကေပါ့ေလ။ ကိုယ္ေတြေခတ္က်ေတာ့ မရွားေပမဲ့ မေပါေသးဘူး။

လိုင္းဖုန္းပဲရွိတာ၊ တဆင့္ေခၚဖုန္းေတြမ်ားတယ္၊ လိပ္စာပဲ အားကိုးရတာပါပဲ။

ဒီလို သၾကၤန္ဖီလင္ေတြ မင္းတို႔ေကာင္ေတြ ဘယ္သိေတာ့မလဲကြာ၊ ခံစားတတ္မယ္လဲ မထင္ပါဘူး။

ခုေခတ္ သၾကၤန္ဆိုတာ သိတဲ့အတိုင္း ေရွာ္တီႀကီးေတြလဲ မွတ္မိမွာပါ၊ အေဟးေဟး။ UShwe