အဖေဖြစ်သူကကျောင်းကို လာပါတယ် ။ကူလီသမားတစ်ယောက် မို့ အဖေအဝတ်စားတွေမှာမီးသွေးတွေ ပေကျံ့နေတာပေါ့ …
ဆရာမဖြစ်သူက ဟေမန်လေးကို ” သမီး ဟိုမှာ . . ကျောင်းမှာ ရှေ့မှာ မတ်တပ်ရောက်စောင့် နေတာ ။ သမီးရဲ့ အဖေမှတ်လား . . ”
ကြည့်လိုက်တဲ့ အခါ တကယ်ပဲ အဖေဖြစ်နေသည် …
” ဟုတ်ပါတယ် ဆရာမ သမီးအဖေပါ ”ဘေးနားက သူငယ်ချင်းတွေက ဝိုင်းပြီး ” ဟဲ့ ဟေမန် အဖေကလည်း ကြည့်ပါအုံး ညစ်ပတ်နေလိုက်တာ . . ”” အေးလေ ဟယ် ။ အကျင်္ ီမှာလည်း အသစ်ရွက်တွေပေကျံ့နေတယ် ။ ကြည့်ရတာ ကုန်ထမ်းပြီး ရောက်လာျတာထင်တယ် ။ ‘
” ဒါဆို ဟေမန်အဖေ က ကူလီသမားပေါ့နော် ” သူတို့တွေ တီးတိုးတီးတိုးပြောနေတဲ့ စကားသံကို ကြားရင် ရှက်လည်း ရှက်မိ သိမ်
လည်း သိမ်ငယ်မိသလိုခံစားရမိသည် …
အဲဒါ နဲ့ အပြင်ထွက်သွားခဲ့သည် ။ ဆယ်တန်းကျောင်းသူကျောင်းသားတွေ မုန့်စားဆင်းချိန်မှာ အဖေက ရောက်လာ တာကိုး . . .
သမီးလေး ထွက်လာတာ မြင်တော့ သမီးလေးမျက်နှာကြည််ပြီး ပြုံးနေမိသည် ။တစ်မနက်ပင်ပန်းနေထားသမျှကိုတောင် ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး ။
သမီးဖြစ်သူက ”အဖေ ဘာလို့ ကျောင်းရှေ့ရောက်လာတာလဲ ”” အော် သမီးကို မုန့်ဖိုးလာပေးတာပါ …
မနက်က ပိုက်ဆံမရှိလို့ သမီးကို မုန့်ဖိုးမပေးလိုက်ရဘူးလေ . . ရော့ရော့ဒီမှာ ပိုက်ဆံ ”အဖေဖြစ်သူက ကုန်ထမ်းရင်း ရလာခဲ့တဲ့ တစ်ထောင်တန်သုံးရွက်ထဲက တစ်ရွက်ကို ယူပြီး ပေးလိုက်သည် …
သမီးက တစ်ထောင်တန်ပြဲနေလို့ ” အဖေ သမီးကို ဒါလေး နှင့် လှဲပေးပါလား ။ ဒီတစ်ထောင်တန်က ပြဲနေတယ် ။တော်ကြာ ဝယ်စားလို့ မရမှာစိုးလို့ ”
အဖေဖြစ်သူကလည်း တစ်ထောင်တန် တိတ်ကပ်ထားတာလေးကို ပြန်ယူပြီး အသစ်ချွတ်ချွတ်လေးကို လက်ထဲထည့်ပေးလိုက်သည် ။
သူများတွေ ဝိုင်းကြည့်နေတာ ကြောက်တယ့် ကျွန်မ ။ အပျိုဖော်ဝင်ကာစ ဆိုတော့ ရှက်တတ်တယ်လေ ။အဖေက နောက်ပြီး အကျင်္ ီက ပြဲစုတ်နေတယ် ။
ပုဆိုးကလည်း ပြဲနေတယ် ။ အဖေနှင့် ကျွန်မကို လူတွေအမြင်မှာ တစ်မျိုးမြင်မှာ စိုးရိမ်တာနဲ့ ” အဖေ အမြန်ပြန်တော့နော် . . တော်ကြာ သမီးသူငယ်ချင်းတွေ သွားရင် သမီးကို လှောင်ပြောင်ပြီး စနေကြအုံးမယ်…
” အော်အေး အေး . .အဖေ နားလည်ပါပြီကွယ် . . ”
” သမီး အထဲဝင်တော့လေ . .အဖေ ဒီမှာ ခဏရပ်ပြီးရင်ပြန်ပါ့မယ် ”
” အဖေရယ် ပြန်လိုက်ပါတော့နော် . .ဒီမှာ အကြာကြီးဆက်ရပ်နေရင် မကောင်းဘူးနော် ” ရှက်လွန်းတဲ့ ကျွန်မ အဖေကို နှင်ထုတ်နေမိသည် ။
”အေးပါကွယ် . .အေးပါ ”အဖေ ကျောခိုင်းပြီး လှည့်ကာ ထွက်သွားသည် ။ အဖေက သီရိမင်္ဂလာစျေးမှာ ကုန်ထမ်းတာလေ
တစ်ခါတစ်လေ ၅ထောင်ရတဲ့ နေ့လည်း ရှိသလို ။ သုံးထောင် ရတဲ့ နေ့လည်းရှိတယ် ။ တစ်ခါတစ်လေ ၈ဝဝဝထောင်ရတာ ရှိပါတယ်။
သမီးတို့ အမေတို့ အိမ်မှာ ကျောင်းမှာနေတဲ့ အချိန်အဖေ က နေပူကြဲကြဲထဲမှာ ဆိုက်ကားပေါ်က ကုန်တွေကိုမ ရင်းထမ်းရင်း သယ်ပိုးနေတယ် ။
ချွေးတွေ တပြိုင်းပြိုင်းလည်း ကျ ပေါ့ရှင့် ။ ညရောက်တော့ သမီးက အမေ့ကို အဖေအားပြောခိုင်းတယ်…
သမီးဖြစ်သူ အိပ်သွားတော့ မိန်းမက ယောကျာ်းကို ပြောလေသည် ။ ” ယောကျာ်း ရှင်ညောင်းနေတာလား ”” အေးကွာ . .ဒီနေ့ နည်းနည်း အကြောတတ်နေတယ်။” ” ဒဏ်ကြေလိမ်းဆေး လိမ်းမလား။ ကျွန်မလိမ်းပေးမယ်လေ” ” အေးကောင်းတာပေါ့ကွာ . . ဒါမှ အကြောပြေမှာ ” ” ပြီးရော ”ေ ဆးလိမ်းပြီးရင်း ပြောလေသည် ။
ယောကျာ်း . . ” အေး ပြောလေ ” ” ရှင် မနက်က သမီးလေးဆီကို သွားတယ်ဆို ” ” အေးဟုတ်တယ်လေ ငါမုန့်ဖိုးသွားပေးတာ ” ” ဘာလို့ သွားရတာလဲရှင် ” ” အော် မင်းကလည်းကွာ . ငါ့သမီး ကျောင်းဘဲ ငါသွားတာ ဘာဖြစ်လို့လဲ ” ” ဘာဖြစ်ရမှာလဲ . .သမီးလေးက ကျွန်မကိုပြောတယ်။
ရှင်ကို ကျောင်းမလာခိုင်းနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ရှင့်ကို သူသူငယ်ချင်းတွေမြင်သွားရင် လှောင်ပြောင်မှာစိုးလို့တဲ့ ။ နောက်ပြီး ဆရာ . .ဆရာမတွေကပါ အထင်သေးသွားလိမ့်မယ် . .
ဒါကြောင့် မုန့်ဖိုးပေးစရာရှိရင် တစ်ခါတည်း ကျောင်းသွားတာနဲ့ ပေးလိုက် ။မဟုတ်ရင်လည်း ကျွန်မ သွားပေးပေးမယ် ။ ရှင်တော့ မသွားပါနဲ့နော် ”ေ ယာကျာ်းဖြစ်သူက ခဏတာ ငြိမ်သက်ကျသွားသည် ။ဘာဖြစ်မှန်း မသိ ။ မျက်ရည်တွေ ဝိုင်းလာပြီး ။ မကျမိအောင် ထိန်းကာ ။ ” အေးပါကွာ . . အေးပါ ။ ငါဆင်ခြင်ပါ့မယ် ။
” ဘာလဲ ရှင်စိတ်မကောင်းဖြစ်သွားတာလား ”
” မဖြစ်ပါဘူး ။ ငါရင်ထဲ နည်းနည်းမကောင်း ဖြစ်သွားတယ်။ ဒါပေမယ့် ငါနားလည်ပါတယ် ။ သမီးလေးလည်း ရှက်မှာပေါ့
သူလည်း ရှက်တတ်တဲ့ အရွယ်ရောက်နေပြီဘဲ ။ နောက်ပြီး ငါကလည်း ကူလီသမားကို ။ အေးပါကွာ နောက်တစ်ခါ မုန့်ဖိုးသွားပေးစရာရှိရငိ မင်းပဲ သွားပေးလိုက်ပါ
” အော် . . မိန်းမ ” ” အင်း ပြောလေ ငါစုနေကြ စုဗူးလေး သွားယူလာခဲ့ ” ” အင်း ” ပြောကာ ထသွားသည် ။ အတန်ငယ်ကြာတော့ ဖိုးဝရုပ် စုဗူးလေး ယူဆောင်လာသည် ။
ဒီစုဗူလေးက ယောကျာ်းဖြစ်သူ အမြဲတမ်း ထည့်ထည့်ပြီး စုနေတာ ။ ဘာစု ဗူးမှန်းလည်း မသိ ။ မေးတော့လည်း မိန်းမ ဖြစ်တဲ့ သူကိုယ်တောင် မပြောဘူး ။
သူက မေးတိုင်း ဘာပြောလဲဆိုတော့ အဲဒီစုဗူးဖောက်တဲ့ေ န့ကျရင် မင်းသိလိမ့်မယ် တဲ့ ။ ဒါပဲ ပြောတယ် ။ အခုလည်း မိန်းမကမေးပြန်တယ် ။
” ယောကျား် ရှင် ဒီစုဗူးထဲကို တစ်နေ့နေ့ ပိုက်ဆံတွေထည့်နေတယ်နော် . .’ ” အေးလေ အဲဒါ ဘာဖြစ်လို့လဲ ” ” ကျွန်မ နားမလည်လို့ တစ်ခုမေးမယ် ။
ရှင် အဲဒီစုဗူးထဲကို ပိုက်ဆံတွေ အကုန် ထည့်မယ်အစား တစ်နေ့နေ့ နည်းနည်းချင်းစီဘဲ ထည့်ပါလား ။ ပိုတဲ့ ပိုက်ဆံတွေကိုတော့ ရှင် . . .
အဝတ်စားဖြစ်ဖြစ် ဝယ်ဝတ်ပါလား ။ အဲဒါဆိုရင် အဲဒီအဝတ်စားသစ်နဲ့ ရှင်သမီးလေး ဆီသွားလို့ရတာပေါ့ မဟုတ်ဘူးလား ”
” မဟုတ်ဘူး ။ ငါ ဖယ်လည်းမဖယ်ဘူး ။ ဒီစုဗူးထဲကို ထည့်ရတာကလည်း အကြောင်းရှိတယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါဒီစုဗူးထဲထည့်ရတဲ့ ရည်ရွယ်ချက်ကို မင်းသိလိမ့်မယ် ”
” ရှင် က လျှို့ဝှက်လွန်းတယ် ။ ကျွန်မတောင် မပြောပြဘူးနော် ” ” ဒါကတော့ကွာ လူတစ်ယောက်ရဲ့ လျှိုဝှက်ချက်ဆ်ိုတာရှိရတယ်လေ ။ အဲဒီလျှိုဝှက်ချက်ကိုလည်း ဘယ်သူမှေ ပးမသိရဘူး ။ ဒါမှ လျှိုဝှက်ချက်ခေါ်တာ …
” ဟုတ်ပါပြီ ရှင် . . ဟုတ်ပါပြီ ”
အဖေက အမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။ အဖေ့ကို ကြည့်လိုက်ရင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ မရှိသလိုပဲ ။ နောက်ပြီး ထူးဆန်းတာက ဖေဖေဟာ ဘယ်တော့မှ နေထိုင်မကောင်းဘူးဆိုတာ မရှိသလိုဘဲ။
အမြဲတမ်း အလုပ်ပဲ လုပ်နေတယ် ။ နေပူကြဲကြဲထဲမှာ ။ မိုးရာသီ ဆိုရင်လည်း မိုးရေတွေထဲမှာ ။ ဆောင်းရာသီဆိုရင်လည်း အေအေးချမ်းချမ်း ခိုက်ခိုက်တုန်နေတဲ့ အချိန်မှာ အကျင်္ ီစွပ်ကျွယ် အဖြူ လက်ပြတ်နှင့်အမြဲ အလုပ်လုပ်နေတတ်တယ် ။
တစ်နေ့ ကျွန်မ အိမ်ပြန်လာရင်း လမ်းမှာစဉ်းစားမိသည်။ ” ငါတောင် ဆယ်တန်းစာမေးပွဲပြီးပြီဘဲ ။>အဖေနှင့် စကားမပြောရတာ ။ လျှောက်မသွားရတာ အတော်ကြာပြီ ။ အမေနှင့်ကတော့ တွှေုဖြစ်တယ် ။
စကားပြောဖြစ်တယ် ။ အဖေကတော့ ငါအိပ်မှ အိမ်ပြန်လာတယ် ။ ဒီနေ့ကစပြီး အဖေ့ကို ငါကောင်းကောင်းစကားပြောလို့ရပြီ ။ လျှောက်သွားမယ်။ လျှောက်လည်မယ် ” အတွေးဖြင့် အိမ်ရောက်လာတော့ အမေက င်ိုနေသည် ။ တရှိုက်ရှိုက်နဲ့ကို ။
” အမေ . . အမေ ဘာဖြစ်တာလဲ ။ အမေ ဘာလိုငိုနေတာလဲ ”
” သမီး . . ညဉ်း . .ညဉ်း အဖေ ကားတ်ိုက်ခံရပြီးဆုံးပြီ ။ ”
” ရှင် ! ” ကျွန်မနားထဲမှာ အဖေဆိုတာ ဆုံးပြီးစကားလုံးဝ မယုံနိုင်ဘူး ။ အဖေက ကားတိုက်ခံရတာ ။ မူးပြီးလှဲကျတာတဲ့ ။
လမ်းမမှာ မူးပြီးလှဲတုန်းက ကားတွေတက်ကြိတ်လို့ ။ အပိုင်းပိုင်း ဖြစ်သွားပြီတဲ့ ။ ကံဆိုးလိုက်တဲ့ ကျွန်မတို့ အဖေ။
ညရောက်တော့ အမေ က ပစ်တိုင်းထောင် ဖိုးဝရုပ် အရုပ်လေးကို ယူလာသည် ။ အမေကပြောတယ် ။
” သမီး နင့်အဖေက ဟော့ဒီ အရုပ်လေးကို ညတ်ိုင်းပိုက်ဆံလေးတွေ ထည့်ထည့်ပေးတယ် ။
အဲဒီအရုပ်လေးကို တယုတယ သူမြတ်နိုးတယ် ။ ဒီထဲမှာ ဘာရှိလဲဆိုတာတောင် သူကလွဲပြီး အမေကိုယ့်တောင် မပြောပြဘူး ။
အခု ဒီထဲမှာ ဘာရှိလဲဆိုတာ အမေတို့ တွေ ဖောက်ကြည့်ရအောင် ”
ခွမ်းခနဲ ခွဲပစ်လိုက်သည် ။ ကျွန်မက စိတ်ဝင်စားစွာကြည့်နေမိသည် ။ ပစ်တိုင်းထောင် အရုပ်လေးကွဲသွားတော့ အထဲထဲမှာ ပိုက်ဆံတွေ အများကြီးဘဲ . .နောက်ပြီး စာတစ်စောင်ပါတွှေုတယ် ။ စာတစ်စောင်ကို အမေက ကောက်ကာငင်ကာ ယူဖတ်လိုက်သည် ။
အိုစာဖတ်လိုက်တာနဲ့ မေမေ့ မျက်ဝန်းတွေ မဟားတအားစိုလာပြီး စာတောင်ဆက်မဖတ်နိုင်တော့ဘူး ။ ငိုကြီးချက်မဖြင့် ငိုချတော့သည် ။ အမေ့ကို ကြည့်ပြီး ကျွန်မလည်း လန့်ထိတ်ကာ လက်ထဲကစာကို ဆွဲယူပြီး ဖတ်လိုက်သည် ။
” သမီး . . အဖေ သမီးကို ချစ်တယ် ။ အရမ်းချစ်တယ်။အရမ်းချစ်လို့လည်း ငွေတွေစုထားတယ် ။ အဲဒီငွေတွေကဟော့ဒီက ငါ့သမီးလေး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်္ဂလာဆောင်မယ် ။ လက်ထပ်တဲ့ အချိန်ကျရင် သုံးဖို့ပါ ။
အဖေ့လို ကူလီသမားတစ်ယောက်ဟာဆိုရင် သမီးလေးအတွက် အရှက်ရစေမှာ အဖေသိပါတယ် ။ ဒါကြောင့်ဖေဖေ အဲဒီမင်္ဂလာပွဲကို မတက်ရောက်တော့ဘူးသမီး ။
မမြင်ကွယ်ရာ တစ်ထောင့်တစ်နေရာကဘဲ ဝမ်းသာပိီတိနဲ့ အဖေ လက်ခုပ်တီးနေမှာပါ ။ အဖေမျက်ရည်တွေဖြင့် ပြုံးပြီး ကျေနပ်နေမှာပါကွယ် ။ဖေဖေလို လူရာမဝင်တဲ့ အဖေ့ ဘယ်မှာလဲလို့ သားရှင် ဘက်က မေးလာရင် ။
ဖေဖေဟာ အစကကြီးတည်းက သေသွားခဲ့ပါပြီးလို့ ပြောလိုက်ပါကွယ် ။ ဖေဖေ နားလည်ပါတယ် ။ ဖေဖေဟာ ကူလီသမားတစ်ယောက် ပညာမတတ်။ စာမတတ် ။ ငါသမီးလေးလို ရုပ်ချော ပညာတတ် လေးရဲ့ အဖေဖြစ်ဖို့ မထိုက်တန်ဘူး ။
သမီးလေးကို လည်း အရှက်မရစေချင်ပါဘူး ။ ဖေဖေဟာဆိုရင်ဖြင့် အဖေလို့ မခေါ်ထိုက်တဲ့လူတစ်ယောက်ပါ ။ အဖေ့ကြောင့် ငါ့သမီးလေး အရှက်ရမှာ အဖေမလိုလားဘူး။ ဒါကြောင့် အဖေပိုက်ဆံတွေထားခဲ့မယ်နော် ။
နောက်ပြီး ဒီစုဗူးလေး ဖောက်တဲ့ အဲအချိန်ဟာ မင်္ဂလာပွဲကျင်းပ ဖို့ တစ်ရက်အလိုဆိုတာဖေဖေသိတယ် ။
အဖေလည်း ရှိမှာ မဟုတ်တော့ဘူး ။သမီးလေး မမြင်ကွယ်ရာတစ်နေရာသွားပြီး သွားရှောင်နေ မှာပါ ။ သမီးကို ချစ်ခြင်းများစွာဖြင့် ဖေဖေ ” စာဆုံးသွားတော့ မျက်ရည်တွေဟာ မဖိတ်ခေါ်ဘဲ >ပါးပေါ်သို့ စီးကျလာသည် ။ အဖေရဲ့မေတ္တာကို ခံစားရင်းအသံတောင် မထွက်နိုင်လောက်အောင် သမီးဖြစ်သူကတရှိုက်ရှိုက်ငိုနေမိသည် ။
ဖေဖေ့ကို ကျောင်းမလာခိုင်းတဲ့ ကျွန်မ ။ ကျောင်းလာရင်အရှက်ရပါတယ်တဲ့ ။ ပင်ပင်ပန်းပန်း နေပူကြဲထဲထီးမဆောင်း ဘာမဆောင်းဖြင့် တကူတကမုန့်ဖိုးလာပေးတဲ့ ဖေဖေ့က်ို မှ ကျွန်မ ဟာ အင်မတန်မှ မိုက်မဲလွန်းလှစွာဖြင့် နှင်ထုတ်ခဲ့မိတယ် ။
နောင်တရပါတယ် ။ အရမ်းကို နောင်တရပါတယ် ။တစ်ထောင်တန်က စုတ်နေလို့ စားလို့ မရမှာစိုးလို့ လဲခိုင်းခဲ့တဲ့ ကျွန်မ ။ အချိန်တိုင်း အားရင် အလုပ်ပတ်တကုတ်ကုတ်လုပ်နေရတာလဲ သိပြီ ။ ဘာလို့ နေမကောင်းရင် နေကောင်းပါတယ်ဆိုတာလည်း သိပြီ။
ရာသီတွေအလီလီပြောင်းသွားလည်း မပင်မပန်း အလုပ်တွေ လုပ်တာလည်း သိပြီ ။ တစ်နေ့လုံးညောင်းနေရတာ ဘာကြောင့်လဲ အခုသိပြီ ။ ဖေဖေ့မှာ ဝတ်စရာမရှိတာ အခုသိပြီ ။ အကျင်္ ီသစ်တစ်စုံတောင် မဝယ်ဘဲနေခဲ့တာ ရင်ထုနာလိုက်တာရှင် ။
ငါ့အတွက် ။ ငါ့အတွက်အရာအားလုံးကို သူ့သမီးဖြစ်တဲ့ ငါ့အတွက်ပေးဆပ်ခဲ့တာပါလား ။ ဖေဖေရယ် တောင်းပန်ပါတယ် ။ အစက အဲလိုမှန်း မသိလို့ ပြောမိတာပါ ။
ဖေဖေဟာ အဖေခေါ်ထိုက်တဲ့ ဖခင်ကောင်တစ်ယောက်ပါလောကမှာ ဖခင်တွေရဲ့မေတ္တာဟာ အပြင်ပန်းဝတ္ထုတွေထက်သာပါတယ်ဆိုတာ အခု သမီးကောင်းကောင်းသိလိုက်ရပါပြီ ။
သမီးလိုက်ရတဲ့ အချိန်ကလည်း အရမ်းနောက်ကျသွားပြီ ။ စောစောသိခဲ့ရင် ဖေဖေ ကျောင်းလာ တာလည်း မငြူစူတော့ဘူး ။ ဒါငါ့အဖေလို့လည်း အများမြင်မှာ အော်ပြောရမှာလည်း မရှက်တော့ဘူး ။
ဖေဖေကို နှင်းပေးဖို့ နှိပ်ပေးဖို့လည်း မဖြစ်နိုင်တော့ဘူး ။ဖေဖေ့ရဲ့ စုတ်ပြတ်သက်တဲ့ အကျင်္ ီလေးတွေ ရွှေထည်တွေထက် တန်ဖိုးကြီးတယ်ဆိုတာ သမီးသိလိုက်ရပြီ
ဖေဖေ ကို ပိုင်ဆိုင်ရတာဟာ လောကမှာ အကြီးမားဆုံးသော ဆုလာဘ်ကြီးတစ်ခုဆိုတာ သမီးကောင်းကောင်းသိလိုက်ပါပြီဆိုကာ ။
ငိုသံပါပါ လှိုက်လှိုက်ဝဲဝဲဖြင့် ” အဖေ ” လို့ အကျယ်အော်ခေါ်လိုက်မိပါတော့သည် ။
Message. . ဖခင်ဆိုတာ သားသမီးတွေကို ချစ်ပါ သည် ။ သို့သော် ထုတ်မချစ်ပြတတ်ဘူး တကယ်လိုအပ်လာပြီဆိုရင် အသက်တောင် ပေးဖို့ ဝန်မလေးဘူး။
မိန်းမတွေ သားသမီးတွေမထင်မှတ်ထားတာကို စဉ်းစားပြီး လုပ်ပေးထားတတ်ပါတယ်.