အိန္ဒိယသူတွေအများစုဟာ ဆံပင်သန်စွမ်းမည်းနက်ပြီး ဆံသားကောင်းမွန်ခြင်းနဲ့ ပြည့်စုံတာကို ဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာ တွေ့မြင်ဖူးကြမှာပါ ပျိုမေတို့ရေ။
အခုပြောပြပေးချင်တာကတော့ အိန္ဒိယသူတွေ အသုံးပြုကြတဲ့ ဆံပင်အရှည်မြန်နည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။
(၁) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပပ်ဂျယ်လ်ဟာ အသားအရေ အလှအပနဲ့ ကျန်းမာရေးအတွက်သာမက ဆံကေသာ အလှအပအတွက်ပါ အသုံးဝင်တဲ့ သဘာဝပစ္စည်းတမျိုးပါ ပျိုမေတို့ရေ။
ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ ရှားစောင်းလက်ပပ်ပင်ကရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို ဆံကေသာအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီးမှ လျှော်ခြင်းက ဆံသားအရှည်မြန်ခြင်းကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) ကြက်ဥအနှစ်
ကြက်ဥအနှစ်ဟာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောငး်မွန်စေတဲ့အပြင် ဆံပင်အရှည်မြန်ခြင်းကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ခေါင်းမလျှော်ခင် ကြက်ဥအနှစ်နဲ့ ဆံသားကို ပေါင်းတင်ပေးသင့်ပါတယ်။
(၃) အုန်းဆီ
အုန်းဆီဟာဆိုရင်တော့ အိန္ဒိယရိုးရာတိုင်းရင်းဆေးတွေမှာသာမက အလှအပရေးရာတွေမှာပါ အသုံးပြုကြတဲ့ သဘာဝအဆီတမျိုးပါ။
အိန္ဒိယသူတွေ ဆံသားကောင်းမွန်ပြီး မည်းနက်သန်စွမ်းကြခြင်းရဲ့ အကြောင်းရင်းကတော့ အုန်းဆီကို ပုံမှန်လိုလို လိမ်းကျံကြလို့ပါ။
အုန်းဆီရဲ့ စေးကပ်တဲ့ အထိအတွေ့ကို မကြိုက်သူတွေအနေနဲ့တော့ ခေါင်းမလျှော်ခင် အုန်းဆီကို ခပ်ရွှဲရွှဲလိမ်းပြီးမှ လျှော်ပေးခြင်းက ဆံသားကို အရှည်မြန်စေမှာ ဖြစ်ပါတယ်။
(၄) ရေအေး
ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့ခေါင်းလျှော်ခြင်းထက် ရေအေးနဲ့ခေါင်းလျှော်ပေးခြင်းက ဦးရေပြား သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတဲ့အပြင် ဆံပင်အရှည်မြန်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
credit : Aunty may

credit : Aunty may


