Health Care

သကြားတမျိုးတည်းနဲ့ မျက်နှာချေးချွတ်ပေါင်းတင်နည်း

သကြားတမျိုးတည်းနဲ့ မျက်နှာကို သန့်ရှင်းရေးဘယ်လိုလုပ်ရမလဲဆိုတာကို အဆင့်ဆင့်မျှဝေပေးသွားမယ်နော်။

၁။ အရင်ဆုံး မျက်နှာသစ်ဆပ်ပြာ၊ ရေနွေးနဲ့ မျက်နှာကို စင်အောင်သစ်လိုက်ပါ။

၂။ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို လက်ဖဝါးထဲ လောင်းထည့်လိုက်ပါ။

၃။ ပြီးနောက် လက်ချောင်းလေးတွေကို အသုံးပြုပြီး မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပါ။

၄။ ရေနွေးအနည်းငယ် ထည့်ပြီး ပွတ်လိမ်းနိုင်ပါတယ်။

၅။ရေနွေးအများကြီးမထည့ပါနှင့်သကြားအရည်ပျော်သွားတတ်လို့ပါ။

၆။ ပွတ်လိမ်းပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားရပါမယ်။

၇။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချပေးရပါမယ်။

၈။ ထို့နောက်တဘက်နဲ့ ခြောက်အောင် ဖွဖွလေးသုတ်ပေးပါ။

၉။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ Moisturizer တမျိုးမျိုး လိမ်းပေးထားရပါမယ်။

ဒီလိုလုပ်ပေးလိုက်ရင် မျက်နှာပေါ်က ဆဲလ်သေတွေ ဖယ်ရှားပေးပြီးအသားရေ ချက်ချင်းကြည်လင်လာမှာပါနော်။

ဒါပေမယ့် ခဏခဏလုပ်ရင် အသားအရေ ခြောက်သွားမှာဖြစ်လို့ ခဏခဏ မလုပ်ပေးသင့်ပါဘူး။

အများဆုံးတစ်လ လေးကြိမ်လောက်ပဲလုပ်ပေးပါ။ လုပ်မယ်ဆိုရင်လည်း ညအိပ်ယာမဝင်ခင် လုပ်ပေးတာပိုကောင်းပါတယ်။

ယခုကတော့ သကြားတစ်မျိုးတည်းကို အသုံးပြုပြီး မျက်နှာချေးချွတ်နည်းကို မျှဝေပေးခဲ့တာဖြစ်ပါတယ်နော်။

သကြားကို အလှပအတွက် အများကြီး အသုံးပြုလို့ ရပါသေးတယ်။ နောက်တစ်ခေါက်မှ ဆက်ပြီးမျှဝေပေးသွားပါမယ်။အားလုံးလိုက်လုပ်ကြည့်ပြီးထူးခြားတဲ့အလှပိုင်ရှင်လေးတွေဖြစ်ကြပါစေ။