Knowledge

ဇနီးသည္ကို အပြစ်တင်တော့မယ်လို့ စဉ်းစားမိတိုင်း ဒီစာလေးကိုဖတ်ကြည့်ပါ

ဇနီးသည္ကို အပြစ်တင်တော့မယ်လို့ စဉ်းစားမိတိုင်း ဒီစာလေးကိုဖတ်ကြည့်ပါ ။

တစ်ချို့ကပြောတယ် မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာပြန်တောင်းဖို့အရမ်းခက်တယ်တဲ့

အကုန်မပေးပဲကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲသုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်။

ကျွန်တော် နေမကောင်းဖြစ်ချိန်နေ့ရက်များစွာဝင်ငွေမရှိလို့ဆေးခန်းပြဖို့ဝေလာဝေးဆန်ဝယ်ဖို့တောင်ငွေမရှိတဲ့အခါကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်

ပြီးကျွန်တော့်နဖူးကိုအသာစမ်း့ဆေးခန်းသွားမယ်ဆန်ဝယ်မယ် ဘာ မှစိတ်မပူနဲ့တဲ့ ကျွန်တော်လေ သူ့အပြုံးတွေကိုကြည့်ရင်းကျွန်တော့်အပြုအမူတွေကို

ပြန်သတိရသွားတော့ရင်ထဲမှာဆို့နင့်သွားခဲ့ရတယ်။

တစ်ချို့ကပြောတယ်မိန်းမဆိုတာ ကိုယ့်အပေါ် မီးသေနေရမယ်တဲ့ကိုယ်ပြောတာဘာမဆို လိုက်နာတဲ့သူမျိုး ဖြစ်ရမယ်ဆိုလို့

ဟိုအရင်တစ်ခါက အလုပ်ကအပြန်သူ့ကိုအိမ်မှာမတွေ့တော့စိတ်တိုပြီးစကားများကြရတဲ့အခါသူ့ကိုလက်နဲ့ ရွယ်လိုက်မိတာ သိပ်ကိုမှားသွားတယ်ကျွန်တော့

လက်ကိုသေချာကြည့်ပြီး သူ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။

အခုရွယ်လိုက်တဲ့လက်အတွက်သူလက်စွပ်လေးသွားလုပ်တာတဲ့။အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီးရင်ထဲမချိအောင် နာကျင်ခဲ့ရဖူးတာလဲရှိတယ်။

တစ်ချို့ကပြောတယ်ကိုယ့်မိဘလောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့ကိုယ့်မိဘကို အဓိကပြုစုစောင့်ရှောက်ရမယ်ဆိုလို့ဟိုအရင်တုန်းက

ကျွန်တော့်မိဘအတွက်ကိုပဲ အမြဲတမ်းဦးစားပေးပြီး သတိတရနဲ့ပေးကမ်းခဲ့တာကအိမ်ထောင်ရှင်ကျွန်တော့အတွက်တော့

သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမှန်းသိခဲ့ရတယ်။

ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုသက်သက်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာမိန်းမကပြောတယ်။

အခုဒီလခအထဲကနေ ယောင်္ကျားဆီမှာပိုက်ဆံနဲနဲလောက်မပိုဘူးလားတဲ့

ဟာ မိန်းမကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒီမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေ ဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့

မျက်နှာနဲနဲညိုးပြီး ဘာမှမဟုတ်တော့ပါဘူးယောင်္ကျားရယ်တဲ့ ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ မိန်းမရဲ့ဖုန်းဆီကို

ဖုန်းဝင်လာတော့မိန်းမကဖုန်းနားမှာမရှိဘူး ရေအိမ်ထဲသွားနေလို့ ကျွန်တော်ကောက်ကိုင်လိုက်တယ်။

ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ်။

သမီးလား အမေအခုအရေးကြီးနေလို့ သမီးဆီကို ထက်ပြီးဖုန်းခေါ်လိုက်ရတာ သမီးဆီကနေ အမေပိုက်ဆံပြောထားတာအဆင်ပြေနိုင်လား? သမီးလေး ။

ဒီမှာသမီးအဖေကလဲတော်တော်လေးနေမကောင်းဖြစ်နေတယ်။

ဒီနှစ်ကမိုးအရမ်းရွာလို့ သီးနှံတွေလဲရေနစ်တော့ အမေတို့ဆီမှာတော်တော်လေးအခတ်အခဲဖြစ်နေတယ်သမီးရယ်။သမီးအဆင်ပြေရင်

အမေ့ကိုပိုက်ဆံနဲနဲလောက်ကူပါအုံးနော်တဲ့။

နားထဲကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ဟာ ဆွံ့အသွားမိတယ်။တဖတ်က ဆက်ပြောတယ် Hello .. Hello သမီးလေး အမေပြောတာကြားလားတဲ့ !

” အော် အမေ့သမီးမဟုတ်ပါဘူးအမေ ကျွန်တော်ပါ အမေ့သမီးက နောက်ဖေးသွားနေလို့ ကျွန်တော်ဖုန်းကိုင်လိုက်တာပါ”

ဟယ်..အမေက သမီးထင်လို့ စကားတွေလောလောနဲ့ပြောလိုက်မိတာပါ အားနာလိုက်တာသားရယ်တဲ့

ကြည့်စမ်း.. ကျွန်တော်ကို ယောက်ခမလုပ်သူက အားနာလို့တဲ့လေ သူ့သမီးရဲ့လုပ်အားခမရှိတော့ သူပြောလိုက်တဲ့စကားအတွက်

ကျွန်တော့်ကိုအားနာသွားမှာပေါ့ ။ ကျွန်တော်ချက်ချင်းဘဲ စကားပြန်ပြောလိုက်ပါတယ် ။

ဟာ.. မဟုတ်တာဘဲအမေရယ် ကျွန်တော့်ကိုဘာအားနာစရာရှိလို့လဲ အမေတို့အခတ်အခဲကိုကျွန်တော်လဲအခုလိုသိမှဖြစ်မှာပေါ့။

ဘာမှစိတ်မပူနဲ့နော် ကျွန်တော်အမေ့သမီးနဲ့တိုင်ပင်ပြီး အမေတို့အခတ်အခဲကိုအဆင်ပြေအောင်လုပ်မှာပါ မပူနဲ့တော့နော် ။

ကျွန်တော့်ရဲ့စကားကြောင့် တစ်ဖတ်ကဖုန်းသံထဲမှာ တရှုံ့ရှုံ့နဲ့ငိုနေသံကိုကြားနေရတယ်ကျွန်တော်မကြားရက်လို့ ဖုန်းကိုပြန်ချလိုက်ပြီး

အနောက်ကိုလှည့်လိုက်တော့ သြော် မိန်းမလုပ်သူက

ကျွန်တော့်အနောက်နားမှာရောက်နေတာကိုးဖုန်းပြောနေတဲ့အသံတွေကိုသူကြားသွားပြီပဲမျက်ရည်တွေရစ်ဝဲနေတဲ့ မိန်းမရဲ့မျက်နှာကိုကြည့်ပြီး

ကျွန်တော်သူ့ကိုပြုံးပြလိုက်ပါတယ်။

အဲ့ဒီ့နောက် သူ့အနားကထွက်လာခဲ့ပြီး ကျွန်တော်သတိထားလိုက်မိတာကကျွန်တော့်မိန်းမဟာ သူ့မိဘကိုကျွေးချင်ပေးချင်တာလေးတွေရှိခဲ့ပေမယ့်

တစ်ချိန်လုံးကျွန်တော့်မျက်နှာကိုကြည့်ပြီး လင်မယားချင်းတောင် ပြောရမှာအားနာနေခဲ့တာတွေရှိလိမ့်မယ်ဆိုတာပါပဲ။

ဒီလိုမျိုးအဖြစ်တွေ သူခံစားခဲ့ရတာ ဘယ်လောက်တောင်များနေခဲ့မလဲလို့တွေးမိတော့ကျွန်တော့်စိတ်ထဲလုံးဝမကောင်းခဲ့ဘူး။

ကျွန်တော်ဟာ ကိုယ့်မိဘတစ်ဘက်တည်းကိုပဲ ဂရုစိုက်မိခဲ့တာမဟုတ်လား။

တကယ်ဆိုရင် သူ့မိဘဘက်ကိုလဲ ကျွန်တော်ဂရုစိုက်မိခဲ့ရမှာပေါ့၊အေးအတူပူအမျှဆိုတဲ့သဘောတရားမှာ သူ့မိဘအတွက်တော့

သူ့ကိုပူပင်စေခဲ့ပြီးကိုယ့်မိဘအတွက်တော့ ကိုယ်ကအေးမြစေခဲ့တယ်မဟုတ်လား။ကျွန်တော့်မိန်းမကိုကျွန်တော်ချစ်တယ်ဆိုတာ ဘာလဲလို့ကိုယ့်ကိုယ်ကို

အကြိမ်ကြိမ်ပြန်မေးနေမိခဲ့တယ်။အဲဒါကြောင့် ကျွန်တော်ပြောချင်တာကတော့လေ အိမ်ထောင်တစ်ခုမှာ ဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့အတူ

အခြားကိစ္စတွေမှာ ကျွန်တော်တို့ယောင်္ကျားတွေသတိမပြုမိတဲ့ အခွင့်အရေးတော်တော်များများဆုံးရှုံးနေခဲ့ရတာတွေ အများကြီးရှိလိမ့်မယ်ဆိုတာပါပဲ။

တကယ်တော့ ဘေးစကားတွေဟာအလကားပါဗျာ..ကိုယ့်ရဲ့အိမ်ထောင်ရေးဟာ ကိုယ်တိုင်အသိဆုံး ကိုတိုင်ကပဲ အကောင်းဆုံးတွေးခေါ်နိုင်ပြီး

အကောင်းဆုံးသာယာချမ်းမြေ့မူကိုတည်ဆောက်နိုင်ကြမှာပါ။မိသားစုအားလုံးနားလည်မှုအပြည့်နဲ့ သာယာချမ်းမြေ့နိုင်ကြပါစေ ။