Weather

ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ နောက်ဆုံးရခြေနေသတင်းများ

ဆိုင်ကလုန်းမုန်တိုင်း မိုခါက ဒီနေ့နေ့လည် ၁ နာရီမှာ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း – Extremely Severe Cyclonic Storm(ESCS)အဆင့် (CAT-4) မှ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့် Very Severe Cyclonic Storm(VSCS) – (CAT-3) အဆင့်ကို လျော့ကျသွားမယ်လို့ အသစ်ထွက်လာတဲ့ နိုင်ငံတကာမုန်တိုင်းခန့်မှန်းရေးဌာနကြီးများရဲ့ခန့်မှန်းချက်များမှာ တပြေးညီ ထွက်လာပါပြီ။

CAT-5 အဆင့်အထိ ရောက်နိုင်ကြောင်းနိုင်ငံတကာ ထုတ်ပြန်ချက်များမှာမတွေ့ရပါ။လမ်းကြောင်းဦးတည်ရာကလဲ စစ်တွေမြို့အနီး “ကျောက်ပန္ဒူ” နဲ့ “မြင်းလွှတ်”ရွာကြားလောက်ကို ဖြတ်မယ်လို့ တွေ့ရပါတယ်။ ဒီနေရာက စစ်တွေမြို့ရဲ့ မြောက်ဘက် ၃၈ မိုင်ခန့်သာ ဝေးပါတယ်။ မုန်တိုင်းရဲ့ အတွင်းဗဟိုစက်ဝန်းရဲ့ အချင်းက မိုင် ၁၀၀ ကျော်၊ မုန်တိုင်းပြင်းအားအမြင့်ဆုံး အတွင်းစက်ဝန်းအရွယ်အစားက မိုင် ၂၀၀ ကျော်ဖြစ်တာကြောင့် စစ်တွေမြို့တင်မက ကျောက်ဖြူမြိုအလွန် တောင်ကုတ်၊ သံတွဲအထိ မုန်တိုင်းရဲ့ ပြင်းအားမြင့် အတွင်းစက်ဝန်းထဲက လေတိုက်ခတ်မှုကို ခံရမှာဖြစ်ပါတယ်။

ကုန်းတွင်းဝင်ကာနီးမှာ မြေပြင်နဲ့ ထိလာတဲ့ မုန်တိုင်းအပြင်ဘက် လေစီးကြောင်းများရဲ့ အားလျော့နည်းသွားတာကြောင့် မုန်တိုင်းကုန်းတွင်းဝင်မဲ့အချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ ကျော်ရှိတဲ့ VSCS – CAT-3 အဆင့်နဲ့ဝင်မှာကြောင့် အနည်းငယ်တော့ သက်သာရ ရနိုင်ပါမယ်။

မုန်တိုင်းပြင်းအားနဲ့ အရွယ်အစားတွေကြောင့် ဖြစ်လာနိုင်မဲ့ Storm Surge – မုန်တိုင်းဒီလှိုင်းရိုက်ခတ်နိုင်မှုအခြေအနေက စစ်တွေအနီးဝန်းကျင်မှာ ၂ မီတာခန့် နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေ၊ မွန်ပြည်နယ်ကမ်းရိုးတန်း(ရေးမြို့အထိ)မှာ ၀.၅ မီတာမှ ၁ မီတာခန့် Storm Surge ရှိနိုင်မယ်လို့ တွေ့ရပါတယ်။

မုန်တိုင်းကုန်တွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ ရခိုင်ရိုးမတောင်တန်းနဲ့ ချင်းတောင်တန်းတွေရဲ့ မြေမျက်နှာသွင်ပြင်ကြောင့် အလျင်အမြန်အားလျော့သွားနိုင်ပြီး ကုန်းတွင်းမုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းအဆင့်များနဲ့ ကချင်ပြည်နယ် မြစ်ကြီးမြို့ပေါ်အထိရောက်လာနိုင်ပြီး ကချင်ပြည်နယ်ပေါ်မှာ အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းချက်များ ရှိပါကြောင်းတင်ပြလိုက်ပါတယ်။

zawgyi code

ဆိုင္ကလုန္းမုန္တိုင္း မိုခါက ဒီေန႔ေန႔လည္ ၁ နာရီမွာ အလြန႔္အလြန္အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း – Extremely Severe Cyclonic Storm(ESCS)အဆင့္ (CAT-4) မွ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအဆင့္ Very Severe Cyclonic Storm(VSCS) – (CAT-3) အဆင့္ကို ေလ်ာ့က်သြားမယ္လို႔ အသစ္ထြက္လာတဲ့ ႏိုင္ငံတကာမုန္တိုင္းခန႔္မွန္းေရးဌာနႀကီးမ်ားရဲ႕ခန႔္မွန္းခ်က္မ်ားမွာ တေျပးညီ ထြက္လာပါၿပီ။

CAT-5 အဆင့္အထိ ေရာက္ႏိုင္ေၾကာင္းႏိုင္ငံတကာ ထုတ္ျပန္ခ်က္မ်ားမွာမေတြ႕ရပါ။လမ္းေၾကာင္းဦးတည္ရာကလဲ စစ္ေတြၿမိဳ႕အနီး “ေက်ာက္ပႏၵဴ” နဲ႔ “ျမင္းလႊတ္”႐ြာၾကားေလာက္ကို ျဖတ္မယ္လို႔ ေတြ႕ရပါတယ္။ ဒီေနရာက စစ္ေတြၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၃၈ မိုင္ခန႔္သာ ေဝးပါတယ္။ မုန္တိုင္းရဲ႕ အတြင္းဗဟိုစက္ဝန္းရဲ႕ အခ်င္းက မိုင္ ၁၀၀ ေက်ာ္၊ မုန္တိုင္းျပင္းအားအျမင့္ဆုံး အတြင္းစက္ဝန္းအ႐ြယ္အစားက မိုင္ ၂၀၀ ေက်ာ္ျဖစ္တာေၾကာင့္ စစ္ေတြၿမိဳ႕တင္မက ေက်ာက္ျဖဴၿမိဳအလြန္ ေတာင္ကုတ္၊ သံတြဲအထိ မုန္တိုင္းရဲ႕ ျပင္းအားျမင့္ အတြင္းစက္ဝန္းထဲက ေလတိုက္ခတ္မႈကို ခံရမွာျဖစ္ပါတယ္။

ကုန္းတြင္းဝင္ကာနီးမွာ ေျမျပင္နဲ႔ ထိလာတဲ့ မုန္တိုင္းအျပင္ဘက္ ေလစီးေၾကာင္းမ်ားရဲ႕ အားေလ်ာ့နည္းသြားတာေၾကာင့္ မုန္တိုင္းကုန္းတြင္းဝင္မဲ့အခ်ိန္မွာ ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၁၂၀ ေက်ာ္ရွိတဲ့ VSCS – CAT-3 အဆင့္နဲ႔ဝင္မွာေၾကာင့္ အနည္းငယ္ေတာ့ သက္သာရ ရႏိုင္ပါမယ္။

မုန္တိုင္းျပင္းအားနဲ႔ အ႐ြယ္အစားေတြေၾကာင့္ ျဖစ္လာႏိုင္မဲ့ Storm Surge – မုန္တိုင္းဒီလႈိင္း႐ိုက္ခတ္ႏိုင္မႈအေျခအေနက စစ္ေတြအနီးဝန္းက်င္မွာ ၂ မီတာခန႔္ နဲ႔ ျမစ္ဝကြၽန္းေပၚကမ္း႐ိုးတန္းေဒသေတြ၊ မြန္ျပည္နယ္ကမ္း႐ိုးတန္း(ေရးၿမိဳ႕အထိ)မွာ ၀.၅ မီတာမွ ၁ မီတာခန႔္ Storm Surge ရွိႏိုင္မယ္လို႔ ေတြ႕ရပါတယ္။

မုန္တိုင္းကုန္တြင္းပိုင္းကို ဝင္ေရာက္ခ်ိန္မွာေတာ့ ရခိုင္႐ိုးမေတာင္တန္းနဲ႔ ခ်င္းေတာင္တန္းေတြရဲ႕ ေျမမ်က္ႏွာသြင္ျပင္ေၾကာင့္ အလ်င္အျမန္အားေလ်ာ့သြားႏိုင္ၿပီး ကုန္းတြင္းမုန္တိုင္း၊ ေလဖိအားနည္းရပ္ဝန္းအဆင့္မ်ားနဲ႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးၿမိဳ႕ေပၚအထိေရာက္လာႏိုင္ၿပီး ကခ်င္ျပည္နယ္ေပၚမွာ အားေပ်ာ့ပ်က္ျပယ္သြားမယ္လို႔ ခန႔္မွန္းခ်က္မ်ား ရွိပါေၾကာင္းတင္ျပလိုက္ပါတယ္။