ကဲ အားလုံးပြင်ဆင်ထားကြပါ … နောက်ထပ်မုန်တိုင်းတစ်လုံးလာမယ့်ရက်ကို ကြေညာလိုက်ပါပီ
မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲအချိန် UPDATE) မှာ လေဖိအားနည်းစတင် ဖြစ်နိုင်မဲ့အချိန်နေရာနဲ့ လမ်းကြောင်းသိသိသာသာ ပြောင်းလဲမှုမရှိပါ။
♦️ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်မဲ့နေရာတော့ မြောက်ဘက်ကို မိုင် ၂၀ ခန့်ရောက်သွားတာတွေ့ရပါတယ်။
♦️ ဇွန်လ ၉ ရက်၊ မနက် ၇ နာရီ – စစ်တွေမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၇၇ မိုင်ခန့်မှာ ရုတ်တရက်အားကောင်းလာပြီး(Rapid Intensification – “RI”) ညနေပိုင်းမှာ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ တွေ့ရပါတယ်။
♦️ “RI” ဖြစ်လာချိန်မှာ မုန်တိုင်းဗဟိုလေဖိအား ၉၇၃ ဟက်တိုပါစကယ် (973hPa)အထိ ကျဆင်းလာနိုင်ပြီး ဗဟိုချက်အနီးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ မှ မိုင် ၁၂၀ ခန့်ရှိတဲ့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်ကြောင်းလဲ တွေ့ရပါတယ်။
♦️ ကြိုတင်ခန့်မှန်းချက်များကို နေ့စဉ် ၆ နာရီ တစ်ကြိမ်ရရှိနေမှာဖြစ်တာကြောင့် ထူးခြားတဲ့ ကြိုတင်ခန့်မှန်းချက် အပြောင်းအလဲ ရှိလာတာကို တွေ့ရတိုင်းတင်ပေးသွားမှာဖြစ်ပါတယ်။
♦️ မုန်တိုင်းကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်မဲ့ ကြိုတင်ခန့်မှန်းလမ်းကြောင်းအနီးက ပြည်သူများအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြပြီး ပင်လယ်ကိုထွက်ကြရတဲ့ ရေလုပ်သားများအနေနဲ့ ဇွန် ၄ ရက်မတိုင်မီအချိန်မှ မုန်တိုင်းပြီးဆုံးချိန်အထိ ကမ်းကိုပြန်ဝင်ထားကြစေချင်ပါတယ်။
ကဲ အားလုံးျပင္ဆင္ထားၾကပါ … ေနာက္ထပ္မုန္တိုင္းတစ္လုံးလာမယ့္ရက္ကို ေၾကညာလိုက္ပါပီ
ျမန္မာစံေတာ္ခ်ိန္ မနက္ ၆ နာရီခြဲအခ်ိန္ UPDATE) မွာ ေလဖိအားနည္းစတင္ ျဖစ္ႏိုင္မဲ့အခ်ိန္ေနရာနဲ႔ လမ္းေၾကာင္းသိသိသာသာ ေျပာင္းလဲမႈမရွိပါ။
♦️ ရခိုင္ကမ္း႐ိုးတန္းေျမာက္ပိုင္း ကုန္းတြင္းကိုျဖတ္ေက်ာ္ဝင္ေရာက္မဲ့ေနရာေတာ့ ေျမာက္ဘက္ကို မိုင္ ၂၀ ခန႔္ေရာက္သြားတာေတြ႕ရပါတယ္။
♦️ ဇြန္လ ၉ ရက္၊ မနက္ ၇ နာရီ – စစ္ေတြၿမိဳ႕ရဲ႕ အေနာက္-အေနာက္ေတာင္ဘက္ ၇၇ မိုင္ခန႔္မွာ ႐ုတ္တရက္အားေကာင္းလာၿပီး(Rapid Intensification – “RI”) ညေနပိုင္းမွာ ကုန္းတြင္းကို ျဖတ္ေက်ာ္ဝင္ေရာက္မယ္လို႔ ေတြ႕ရပါတယ္။
♦️ “RI” ျဖစ္လာခ်ိန္မွာ မုန္တိုင္းဗဟိုေလဖိအား ၉၇၃ ဟက္တိုပါစကယ္ (973hPa)အထိ က်ဆင္းလာႏိုင္ၿပီး ဗဟိုခ်က္အနီးေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၁၁၀ မွ မိုင္ ၁၂၀ ခန႔္ရွိတဲ့ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအျဖစ္ကို ေရာက္ရွိလာႏိုင္ေၾကာင္းလဲ ေတြ႕ရပါတယ္။
♦️ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားကို ေန႔စဥ္ ၆ နာရီ တစ္ႀကိမ္ရရွိေနမွာျဖစ္တာေၾကာင့္ ထူးျခားတဲ့ ႀကိဳတင္ခန႔္မွန္းခ်က္ အေျပာင္းအလဲ ရွိလာတာကို ေတြ႕ရတိုင္းတင္ေပးသြားမွာျဖစ္ပါတယ္။
♦️ မုန္တိုင္းကုန္းတြင္းကိုျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္မဲ့ ႀကိဳတင္ခန႔္မွန္းလမ္းေၾကာင္းအနီးက ျပည္သူမ်ားအေနနဲ႔ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ထားၾကၿပီး ပင္လယ္ကိုထြက္ၾကရတဲ့ ေရလုပ္သားမ်ားအေနနဲ႔ ဇြန္ ၄ ရက္မတိုင္မီအခ်ိန္မွ မုန္တိုင္းၿပီးဆုံးခ်ိန္အထိ ကမ္းကိုျပန္ဝင္ထားၾကေစခ်င္ပါတယ္။