အသည်းအသန်ဖြစ်နေသည့် အဖိုးဖြစ်သူထံသွားရောက်ကာ စခန်းသို့ပြန်လာသည့် Zoland-PDF ရဲဘော်တစ်ဦးညအိပ်နေစဥ်ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ကွယ်လွန်သွားသူမှာ အသက် ၂၁ နှစ်အရွယ် ကိုခုပ်ငိုက်ခွာလ်(Tg Khup Ngaih Khual) ဖြစ်ပြီး စစ်ကောင်စီနှင့်ထိပ်တိုက် တိုက်ပွဲတိုင်း၌ ရွတ်ရွတ်ချွန်ချွန် ဆင်နွှဲသူတစ်ဦးဖြစ်ကြောင်း သိရသည်။
မကွယ်လွန်ခင်မှာ ၎င်းသိပ်ချစ်ရသော အဖိုးဖြစ်သူမှာ လူကြီးရောဂါဖြင့်အသည်းအသန်ဖြစ်နေသောကြောင့် သွားရောက်စောင့်ရှောက်ခဲ့ရာ အဖိုးဖြစ်သူဆုံးပါးသွားခဲ့ရသည်။ယင်းနောက် မိမိတပ်စခန်းသို့ ပြန်ရောက်လာကာ မေ ၂၇ ရက် ညအိပ်ပျော်နေစဥ် မနက်၌နိုးထမလာတော့သဖြင့် ရဲဘော်များကကြည့်ရှုရာ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
အခြားသတင်းရင်းမြစ်များအရ မကွယ်လွန်ခင် ဘော်ဒါတစ်ဦးထံ စိတ်ဓာတ်ကျဆင်းဝမ်းနည်းကြောင်း ရင်ဖွင့်ခဲ့သည်ဟု သိရပြီး အရက်အနည်းငယ်သောက်ပြီးနောက် နေမကောင်းဟုဆိုကာ အဖော်တွေထက်ဦးစွာအိပ်နှင့်နေခဲ့ကြောင်း ဆိုသည်။
ယင်းနောက် ထမင်းစားရန် ရဲဘော်များက သွားရောက်နိုးခဲ့ရာတွင် ကိုခုပ်ငိုက်ခွာလ်မှာ ကွယ်လွန်နေပြီဖြစ်ကြောင်း သိရသည်။
အသည္းအသန္ျဖစ္ေနသည့္ အဖိုးျဖစ္သူထံသြားေရာက္ကာ စခန္းသို႔ျပန္လာသည့္ Zoland-PDF ရဲေဘာ္တစ္ဦးညအိပ္ေနစဥ္ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။ကြယ္လြန္သြားသူမွာ အသက္ ၂၁ ႏွစ္အ႐ြယ္ ကိုခုပ္ငိုက္ခြာလ္(Tg Khup Ngaih Khual) ျဖစ္ၿပီး စစ္ေကာင္စီႏွင့္ထိပ္တိုက္ တိုက္ပြဲတိုင္း၌ ႐ြတ္႐ြတ္ခြၽန္ခြၽန္ ဆင္ႏႊဲသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။
မကြယ္လြန္ခင္မွာ ၎သိပ္ခ်စ္ရေသာ အဖိုးျဖစ္သူမွာ လူႀကီးေရာဂါျဖင့္အသည္းအသန္ျဖစ္ေနေသာေၾကာင့္ သြားေရာက္ေစာင့္ေရွာက္ခဲ့ရာ အဖိုးျဖစ္သူဆုံးပါးသြားခဲ့ရသည္။ယင္းေနာက္ မိမိတပ္စခန္းသို႔ ျပန္ေရာက္လာကာ ေမ ၂၇ ရက္ ညအိပ္ေပ်ာ္ေနစဥ္ မနက္၌ႏိုးထမလာေတာ့သျဖင့္ ရဲေဘာ္မ်ားကၾကည့္ရႈရာ ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
အျခားသတင္းရင္းျမစ္မ်ားအရ မကြယ္လြန္ခင္ ေဘာ္ဒါတစ္ဦးထံ စိတ္ဓာတ္က်ဆင္းဝမ္းနည္းေၾကာင္း ရင္ဖြင့္ခဲ့သည္ဟု သိရၿပီး အရက္အနည္းငယ္ေသာက္ၿပီးေနာက္ ေနမေကာင္းဟုဆိုကာ အေဖာ္ေတြထက္ဦးစြာအိပ္ႏွင့္ေနခဲ့ေၾကာင္း ဆိုသည္။
ယင္းေနာက္ ထမင္းစားရန္ ရဲေဘာ္မ်ားက သြားေရာက္ႏိုးခဲ့ရာတြင္ ကိုခုပ္ငိုက္ခြာလ္မွာ ကြယ္လြန္ေနၿပီျဖစ္ေၾကာင္း သိရသည္။