မြို့ခံတွေပြောပြလာတဲ့ စစ်တွေမြို့ရဲ့ မုန်တိုင်း လက်ရှိအခြေအနေ
စစ်တွေမြို့တွင် မိုးများရွာနေပြီဟု ဒေသခံများပြောဆိုလာကြပါတယ်။မိုခါ ဆိုင်ကလုန်းမုန်တိုင်း အဓိကဝင်ရောက်ဖြတ်ကျော်မည့် စစ်တွေမြို့တွင် လေများစတင်တိုက်ခတ်လာပြီး မိုးများရွာနေပြီဖြစ်ကြောင်း၊အချို့ကတော့ကမ်းနားတလျောက် ဆိုင်ကယ်နဲ့ပတ်ကြည့်နေကြကြောင်း စစ်တွေဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကျောက်ဖြူမြို့တွင်လည်း မိုးများရွာနေပြီး လေတိုက်ခတ်မှုတော့မရှိသေးကြောင်း အဆိုပါဒေသမှ သိရသည်။ငပလီတွင်လည်း လှိုင်းများ တဖြေးဖြေးကြီးလာပြီဟုဆိုသည်။
စစ်တွေ ဟိုတယ်များတွင် UN အဖွဲ့နှင့် သတင်းထောက်များလည်းရောက်ရှိနေကြောင်း ဒေသခံများကဆိုသည်။
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၁၁၅) မိုင်မှ (၁၂၅) မိုင်အထိရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာနက ထပ်မံအသိပေးထုတ်ပြန်ထားသည်။
Photos credit- ဘခက်
ၿမိဳ႕ခံေတြေျပာျပလာတဲ့ စစ္ေတြၿမိဳ႕ရဲ႕ မုန္တိုင္း လက္ရွိအေျခအေန
စစ္ေတြၿမိဳ႕တြင္ မိုးမ်ား႐ြာေနၿပီဟု ေဒသခံမ်ားေျပာဆိုလာၾကပါတယ္။မိုခါ ဆိုင္ကလုန္းမုန္တိုင္း အဓိကဝင္ေရာက္ျဖတ္ေက်ာ္မည့္ စစ္ေတြၿမိဳ႕တြင္ ေလမ်ားစတင္တိုက္ခတ္လာၿပီး မိုးမ်ား႐ြာေနၿပီျဖစ္ေၾကာင္း၊အခ်ိဳ႕ကေတာ့ကမ္းနားတေလ်ာက္ ဆိုင္ကယ္နဲ႔ပတ္ၾကည့္ေနၾကေၾကာင္း စစ္ေတြေဒသခံတစ္ဦးက ေပၚျပဴလာနယူးစ္သို႔ ေျပာသည္။
ေက်ာက္ျဖဴၿမိဳ႕တြင္လည္း မိုးမ်ား႐ြာေနၿပီး ေလတိုက္ခတ္မႈေတာ့မရွိေသးေၾကာင္း အဆိုပါေဒသမွ သိရသည္။ငပလီတြင္လည္း လႈိင္းမ်ား တေျဖးေျဖးႀကီးလာၿပီဟုဆိုသည္။
စစ္ေတြ ဟိုတယ္မ်ားတြင္ UN အဖြဲ႕ႏွင့္ သတင္းေထာက္မ်ားလည္းေရာက္ရွိေနေၾကာင္း ေဒသခံမ်ားကဆိုသည္။
ဘဂၤလားပင္လယ္ေအာ္ အလယ္ပိုင္းတြင္ ျဖစ္ေပၚေနသည့္ အားအလြန႔္အလြန္ေကာင္းသည့္ ဆိုင္ကလုန္းမုန္တိုင္းမိုခါ၏ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီကို (၁၁၅) မိုင္မွ (၁၂၅) မိုင္အထိရွိလာၿပီျဖစ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္းၾကားမႈဦးစီးဌာနက ထပ္မံအသိေပးထုတ္ျပန္ထားသည္။
Photos credit- ဘခက္