News

အတန်တန်သတိပေးထားရဲ့နဲ့ကွာ ခုတော့ ကူကယ်ရာမဲ့နေကြပြီ အားလုံးဘေးကင်းကြပါစေ..

အတန်တန်သတိပေးထားရဲ့နဲ့ကွာ ခုတော့ ကူကယ်ရာမဲ့နေကြပြီ အားလုံးဘေးကင်းကြပါစေ..

စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အရှိန်ဖြင့် အလုံးအရင်း ဝင်လာ၊ ပြည်သူအများအပြား ပိတ်မိနေပြီး ဒဏ်ရာရသူများလည်းရှိနေကာ ကယ်ဆယ်ရေး လုပ်မည့်သူမရှိဖြစ်နေ

မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုခံနေရသော စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အလုံးအရင်းဖြင့် ဝင်လာနေပြီး ပိတ်မိသူများရှိနေကာ ကယ်ဆယ်ရေးလုပ်မည့်သူမရှိကြောင်း စစ်တွေမြို့ခံများက သတင်းပေးပို့သည်။

“ပင်လယ်ရေတွေ အလုံးအရင်းနဲ့ကို ဝင်လာတာ။ တချို့နေရာတွေမှာ ပိတ်မိနေလို့ ရေတွေ ဝင်လာလို့ အကူအညီတောင်းနေကြတယ်။ အခုမှ ဝင်လာတာ ရေတွေက အရှိန်နဲ့ဝင်လာတာ။ ကယ်ဆယ်ရေးမရှိဘူး။ ဘယ်သူမှလည်း ခေါ်လို့မရဘူး။ အိမ်ပိလို့ဒဏ်ရာရသူတွေလည်းရှိတယ်။ ကယ်ဆယ်ရေးမရှိဘူး” ဟု စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တွေဒေသခံတစ်ဦးက ပင်လယ်ရေများဝင်ရောက်လာချိန် ပိတ်မိနေ၍ တယ်လီဖုန်းနံပါတ်မှတစ်ဆင့် အကူအညီတောင်းလာသော်လည်း အကူအညီ မပေးနိုင်သည့်အခြေအနေဖြစ်နေသည်ဟု ဆိုသည်။

“ဖေ့ဘုတ်စ် Group ထဲကနေ အကူအညီတောင်းနေတယ်။ စစ်တွေ ရွှေပြားအလယ်လမ်း ဘိလိယက်ခုံဘေးက တထပ်အိမ်မှာ ပါပါ တယောက်တည်း ထပ်ခိုးမှာ ပိတ်နေလို့ပါ အောက်မှာ ရေမြုပ်နေလို့ပါ ကူပေးလို့ရမယ့်သူများ ကူးပီးပါ။ ပါပါဖုန်းနံပါတ်က 09253077680 ပါ” ဆိုပြီး အကူအညီတောင်းနေတယ်။ ကျနော်တို့လည်း ကူညီလို့မရဘူး။ ရေတွေက အရမ်းကိုဝင်လာတာ”ဟု စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တွေဒေသခံများ၏အဆိုအရ လက်ရှိ ရေတက်နေပြီး ကယ်ဆယ်ရေး လိုအပ်သည့်နေရာများမှာ စစ်တွေမြို့၊ မိစံရပ်ကွက် ၊ လမ်းမတော် တောင်၊ မြောက် ရပ်ကွက်များဖြစ်ကြောင်း၊ ရေများ ဆက်တိုက် ဝင်လာနေသဖြင့် မည်မျှအထိ ရေတက်လာမည်ကို မခန့်မှန်းနိုင်သဖြင့် ပြည်သူများ ထိတ်လန့် နေကြကြောင်း သိရှိရသည်။

zawgyi code

အတန္တန္သတိေပးထားရဲ႕နဲ႕ကြာ ခုေတာ့ ကူကယ္ရာမဲ့ေနၾကၿပီ အားလံုးေဘးကင္းၾကပါေစ..

စစ္ေတြၿမိဳ႕အတြင္းသို႔ ပင္လယ္ေရမ်ား အရွိန္ျဖင့္ အလုံးအရင္း ဝင္လာ၊ ျပည္သူအမ်ားအျပား ပိတ္မိေနၿပီး ဒဏ္ရာရသူမ်ားလည္းရွိေနကာ ကယ္ဆယ္ေရး လုပ္မည့္သူမရွိျဖစ္ေန

မိုခါ ဆိုင္ကလုန္းမုန္တိုင္းတိုက္ခတ္မႈခံေနရေသာ စစ္ေတြၿမိဳ႕အတြင္းသို႔ ပင္လယ္ေရမ်ား အလုံးအရင္းျဖင့္ ဝင္လာေနၿပီး ပိတ္မိသူမ်ားရွိေနကာ ကယ္ဆယ္ေရးလုပ္မည့္သူမရွိေၾကာင္း စစ္ေတြၿမိဳ႕ခံမ်ားက သတင္းေပးပို႔သည္။

“ပင္လယ္ေရေတြ အလုံးအရင္းနဲ႔ကို ဝင္လာတာ။ တခ်ိဳ႕ေနရာေတြမွာ ပိတ္မိေနလို႔ ေရေတြ ဝင္လာလို႔ အကူအညီေတာင္းေနၾကတယ္။ အခုမွ ဝင္လာတာ ေရေတြက အရွိန္နဲ႔ဝင္လာတာ။ ကယ္ဆယ္ေရးမရွိဘူး။ ဘယ္သူမွလည္း ေခၚလို႔မရဘူး။ အိမ္ပိလို႔ဒဏ္ရာရသူေတြလည္းရွိတယ္။ ကယ္ဆယ္ေရးမရွိဘူး” ဟု စစ္ေတြေဒသခံတစ္ဦးက ေျပာဆိုသည္။

စစ္ေတြေဒသခံတစ္ဦးက ပင္လယ္ေရမ်ားဝင္ေရာက္လာခ်ိန္ ပိတ္မိေန၍ တယ္လီဖုန္းနံပါတ္မွတစ္ဆင့္ အကူအညီေတာင္းလာေသာ္လည္း အကူအညီ မေပးႏိုင္သည့္အေျခအေနျဖစ္ေနသည္ဟု ဆိုသည္။

“ေဖ့ဘုတ္စ္ Group ထဲကေန အကူအညီေတာင္းေနတယ္။ စစ္ေတြ ေ႐ႊျပားအလယ္လမ္း ဘိလိယက္ခုံေဘးက တထပ္အိမ္မွာ ပါပါ တေယာက္တည္း ထပ္ခိုးမွာ ပိတ္ေနလို႔ပါ ေအာက္မွာ ေရျမဳပ္ေနလို႔ပါ ကူေပးလို႔ရမယ့္သူမ်ား ကူးပီးပါ။ ပါပါဖုန္းနံပါတ္က 09253077680 ပါ” ဆိုၿပီး အကူအညီေတာင္းေနတယ္။ က်ေနာ္တို႔လည္း ကူညီလို႔မရဘူး။ ေရေတြက အရမ္းကိုဝင္လာတာ”ဟု စစ္ေတြေဒသခံတစ္ဦးက ေျပာဆိုသည္။

စစ္ေတြေဒသခံမ်ား၏အဆိုအရ လက္ရွိ ေရတက္ေနၿပီး ကယ္ဆယ္ေရး လိုအပ္သည့္ေနရာမ်ားမွာ စစ္ေတြၿမိဳ႕၊ မိစံရပ္ကြက္ ၊ လမ္းမေတာ္ ေတာင္၊ ေျမာက္ ရပ္ကြက္မ်ားျဖစ္ေၾကာင္း၊ ေရမ်ား ဆက္တိုက္ ဝင္လာေနသျဖင့္ မည္မွ်အထိ ေရတက္လာမည္ကို မခန႔္မွန္းႏိုင္သျဖင့္ ျပည္သူမ်ား ထိတ္လန္႔ ေနၾကေၾကာင္း သိရွိရသည္။